တန့်ယန်းမြို့နှင့် အလှမ်းဝေးသော ကျေးရွာများနှင့် ဘာသာရေးကျောင်းများတွင် မီးအသိပညာပေးဟောပြောပွဲများ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ယန်းမြို့နှင့် အလှမ်းဝေးသော ကျေးရွာများနှင့် ဘာသာရေးကျောင်းများတွင် မီးအသိပညာပေးဟောပြောပွဲများ ပြုလုပ်မည်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့် ယန်းမြို့နှင့် အလှမ်းဝေးသော ကျေးရွာများနှင့် ဘာသာရေးကျောင်းများ တွင် မီးအသိပညာပေးနှင့် ဟော ပြောပွဲများ ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှ သိရှိရသည်။
.
.
တန့်ယန်းမြို့နယ်တွင် ၂ဝ၁၈ ခု နှစ်အတွင်း ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် တန့်ယန်းမြို့နှင့် အလှမ်းဝေး သော ကျေရွာများနှင့် ဘာသာရေး ကျောင်းများတွင် မီးအသိ ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
''မနေ့က တန့်ယန်းမြို့နယ်၊ ကုံးမုံးကျေးရွာအုပ်စု၊ မန်ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့တယ်။ ပြီးခဲ့တဲ့လထဲမှာလည်း တန့်ယန်းမြို့နယ်အတွင်းက ဘုန်း တော်ကြီးကျောင်းတစ်ကျောင်း မီး လောင်ခဲ့သေးတယ်။ ရှေ့ဆက်မဖြစ် အောင်စစ်ဆေးမှုတွေ၊ ပညာပေးတာ တွေ လုပ်သွားဖို့ရှိပါတယ်။''ဟု တန့် ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ခွဲ မှူး ဦးစိုးမိုးနိုင်က ပြောသည်။
.
မန်ဆိုင်းကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာ တော်သီတင်းသုံးနေထိုင်သော အ လျား ၂၇ ပေ၊ အနံ ၄ဝ ပေရှိ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးအဆောင်လောင် ကျွမ်းသွားခဲ့ပြီး ကျပ် ၇၈ သိန်းဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
''လျှပ်စစ်မီးမရတော့ ဘထ္ထရီ အိုးနဲ့ ဆိုလာပြားနဲ့သုံးတယ်။ ညပိုင်း ကို ကျောင်းဆောင်မှာ အင်ဗာတာ တစ်ညလုံး သုံးပြီးတော့ မီးထွန်းထား တာ။ အဲဒီမှာ အင်ဗာတာပူပြီးတော့ မီးလောင်သွားတာပါ၊ ထိခိုက်မှုမရှိ ပါဘူး။''ဟု ဦးစိုးမိုးနိုင်ကပြောသည်။
.
အဆိုပါ ၂ဝ၁၈ ခုနှစ်အတွင်း မီး ၂ ကြိမ်လောင်ကျွမ်းခြင်းကြောင့် တန့်ယန်းမီးသတ်ဦးစီးဌာနက ကျေး ရွာများ၊ ဘုန်းတော်ကြီးကျောင်းများ အား မီးအသိပညာပေးခြင်းများ၊ ဟောပြောပွဲများ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats