စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား
အသက် (၂၁) နှစ်အောက် အမျိုး သားဘောလုံးပြိုင်ပွဲကို တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းအတွင်း
နို ဝင်ဘာလ ၈ ရက်မှ စတင်၍ ကျင်း ပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၁၃ ခရိုင်အနက်
ခရိုင် ၁၁ ခု ရှိ ဘောလုံးအသင်း ၁၁ သင်းမှ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ ဘောလုံးပြိုင်ပွဲ၊ ဖွင့်ပွဲကို နိုဝင်ဘာလ ၈ ရက်၊ မွန်းလွဲပိုင်းက
ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အားကစားဟူသည်မှာ အင်အားနှင့်
ဥာဏ် ရည်ကို အသုံးချပြီးယှဉ်ပြိုင်ကစား ရခြင်း ဖြစ်ကြောင်း၊ ကိုယ်ကာယ စွမ်း ရည် တိုးတက်မြင့်မားရေးဆိုသော်
လည်း အနိုင်မခံအရှုံးမပေးသော ဇွဲ စိတ်ဓါတ်ရှိမှု၊ အားကစားစည်းမျဉ်း စည်းကမ်း ဥပဒေများကို
လေးစား လိုက်နာရသည့် စည်းကမ်းသေဝပ်မှု၊ တရားသော ယှဉ်ပြိုင်မှုကို ကျင့် သုံးသော ဖြူစင်သည့်
စိတ်ဓါတ်၊ ဥာဏစွမ်းရည်၊ အသင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်မှု စသည့် ကာ ယ၊ ဥာဏ၊
စာရိတ္တနှင့် မိတ္တစွမ်း ရည်များကို ဘက်စုံတိုးတက်စေ ကြောင်း၊ အားကစားသမားများအ နေဖြင့်
ပြည်နယ်အဆင့်မှ နိုင်ငံ့လက် ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားပြီး အားသွန်ခွန်
စိုက် ယှဉ်ပြိုင်ကစားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်မှ ၂ဝ ရက်အထိ ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး
နိုဝင်ဘာလ ၂ဝ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် အုပ်စု ၃ စုခွဲထား
ပြီး အုပ်စု(က)တွင် ကျိုင်းတုံ၊ လားရှိုး၊ မိုင်းဆတ်၊ မိုးမိတ်၊ အုပ်စု(ခ)တွင် မူဆယ်၊
တာချီလိတ်၊ လင်းခေး၊ ကျောက်မဲနှင့် အုပ်စု(ဂ)တွင် ဟိုပန်၊ လွိုင်လင်၊ တောင်ကြီးအသင်းတို့
ပါ ဝင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan