ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ အထင်ကရစေတီတော် တစ်ဆူဖြစ် သော စူဠာမုနိစေတီတော်မြတ်ကြီး၏
ရင်ပြင်တော်ပေါ်ရှိ ဈေးဆိုင်ခန်းများ တည်ရှိရာနေရာ၊ ကား၊ ဆိုင်ကယ်တို့ ရပ်နားသည့်နေရာ၊
ဘုရားအတက် လမ်းနှင့် အဆင်းလမ်းတို့အား အများ
ပြည်သူ လှူဒါန်းထားသောအလှူငွေ (ဘုရားရန်ပုံငွေ)ကျပ်သိန်း ၁၄ဝဝ ခန့် အကုန်အကျခံ၍ နိုင်လွန်ကတ္တ ရာ ခင်းခဲ့ကြောင်း သိရသည်။
.
.
''ကျွန်တော်တို့ ရည်ရွယ်တာ ကတော့ ဘုရားကိုလာဖူးတဲ့ ပြည်သူ တွေအတွက်
ကုသိုလ်လည်း ယူရ မယ်။ အပန်းလည်းပြေရမယ့်နေရာ တစ်ခု ဖြစ်အောင်ပေါ့။ ကားပါကင် ပေါ်မှာက
အမြင်မသင့်တော်တဲ့ အ ဆောက်အဦတွေကလည်း အများ ကြီး၊ အဲဒါတွေ အကုန်ဖယ်ရှားပြီး ကားရပ်တဲ့နေရာ
ကျယ်ဝန်းအောင်၊ ရှုခင်းတွေ ပိုပြီးတော့ လှပလာအောင်၊ ဘုရားသပ္ပါယ်မှု ပိုမိုလာအောင်နဲ့
ဘုရားဖူးလာတဲ့ ပြည်သူတွေ ယာဉ် ရပ်နားရတာ လွယ်ကူအောင်ပေါ့။ အဲ ဒါတွေအတွက် ရည်ရွယ်ပြီးခင်းတာ
ပါ။ ကားပါကင်ရော အတက်လမ်း အဆင်းလမ်းတွေရောခင်းတာပါ။ ခင်းတဲ့အမျိုး အစားကတော့ နိုင်
လွန်ကတ္တရာပါ''ဟု စူဠာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦး တူးငယ်က ကမ္ဘောဇတိုင်းသို့
ပြော ကြားခဲ့သည်။
အဆိုပါ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းအား အောက်တိုဘာလ ၂၈ ရက်တွင်
စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အကျယ်အဝန်း ပေ ၆ဝဝဝဝ ခန့်အား နိုင်လွန်ကတ္တရာခင်းခြင်း
ဖြစ်ကာ ကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၁၄ဝဝ ခန့်ရှိကြောင်း သိရ သည်။
.
'အခုလို ခင်းပေးတာကောင်းတာ ပေါ့၊ အရင်က အဲဒီနေရာက ကွန်က ရစ် ပါးပါးလေး
ခင်းထားပါ။အ ပေါက်အပြဲတွေဖြစ်နေပြီ။ ဘုရား လာတဲ့သူတွေ လှူတဲ့ငွေနဲ့ ဘုရားမှာ ခင်းပေးတာဆိုတော့
တော်တော်လေး ကောင်းပါတယ်။ ဒီဘုရားမှာဆိုရင် အဆင်မြင့်သန့်စင်ခန်းကိုလည်း ဆောက်လုပ်ပေးထားပြီး
အခမဲ့ အသုံးပြုခွင့်ပေးထားတော့ ဘုရား လာတဲ့ ပြည်သူတွေအတွက် တော် တော်လေး အဆင်ပြေပါတယ်''
ဟု ဘုရားဖူးဧည့်သည် တစ်ဦးဖြစ်သူ ဒေါ်နန်းဥမ္မာကြည်က ကမ္ဘောဇတိုင်း သို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့၏ အထင်ကရ ဖြစ်သော စူဠာမုနိစေတီ၌ နိုင်လွန် ကတ္တရာခင်းခြင်း
လုပ်ငန်းများအပြင် အဆင့်မြင့် သန့်စင်ခန်း၊ ဘုရားဖူး ဧည့် သည်များအတွက်နားနေဆောင်၊
ပန်း ခြံနှင့် ရေပန်းများစသည်တို့အား ပြု လုပ်ပေးထားပြီး ဘုရားဖူးလာပြည် သူများအတွက်
ကုသိုလ်ယူရမည့် နေ ရာအပြင် အပန်းပြေသည့်နေရာတစ် ခုဖြစ်လာစေရန် ဂေါပကအဖွဲ့မှ ကြိုး ပမ်းဆောင်ရွက်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယခုနှစ်အတွင်း၌ စေ တီတော်အား ပိုမိုသပ္ပာယ်လာစေရန် အတွက်
စေတီတော်တစ်ခုလုံးရှိ မီး ကြိုးနှင့် မီးစနစ်များကို ပြုပြင်ပြောင်း လဲ၍ တပ်ဆင်သွားမည်ဖြစ်ပြီးအ
ဆင့်မြင့် ဈေးဆိုင်ခန်းများကို ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan