မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ၂၀၁၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်းစာရင်းအရ
မိုင်းတုံမြို့နယ် အစီရင်ခံစာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဝင်ဘာလ ၁၉ ရက်မှ
၂၀ ရက်အထိ ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
.
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို
ပြည်သူ့အင်အားဆိုင်ရာရုံး၊ နေပြည်တော်၊ မိုင်းဆတ်ခရိုင်လဝကဦးစီးမှူး၊ လူမှုရှေ့ဆောင်
လူမှုဖွံ့ဖြိုးရေးအဖွဲ့ (Capacity Building Initiative-CBI)တို့ ပူးပါင်းပြုလုပ်ခြင်းဖြစ်ကြောင်း
သိရသည်။
အလုပ်ရုံဆွေးနွေးပွဲ
ဖွင့်ပွဲတွင် မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့် မိုင်းဆတ်ခရိုင် လဝက ဦးစီးမှူး ဦးမာကု တို့က သန်းခေါင်စာရင်း သမိုင်းကြောင်းနှင့် လုပ်ငန်းစဉ်အကျဉ်းချုပ်တို့ကို
ရှင်းလင်းပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ပြည်ထောင်စုနဲ့
ရှမ်းပြည်နယ်တစ်ခုလုံး မြို့အဆင့်အထိ သက်ဆိုင်ရာအစီရင်ခံစာတွေ ထုတ်ပြန်နိုင်ခဲ့ပါပြီ။
အခု မိုင်းတုံကို လိုက်လံရှင်းလင်းတဲ့ အနေနဲ့ရော တစ်နိုင်ငံလုံးအတွက်ပါ နောက်ဆုံးအစီရင်ခံစာ
အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း ဖြစ်ပါတယ်”ဟု ပြည်သူ့အင်အားဦးစီးဌာန၊ နေပြည်တော်မှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာက ပြောသည်။
.
၂၀၁၄ ခုနှစ်
သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နိုင်ငံတကာအကူအညီနှင့်အတူ လုပ်ဆောင်ရခဲ့ပုံများကို
ရှင်းလင်း ပြောကြား ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မြို့များအထိ စုစုပေါင်း ၄၀၉ ခုကို သက်ဆိုင်ရာအစီရင်ခံစာများ
ထုတ်ပြန်ခဲ့ပြီး ယခုအခါ မြို့နယ်ပေါင်း ၂၉၃ မြို့နယ်အထိ ကွင်းဆင်း၍ အလုပ်ရုံဆွေးနွေးပွဲများ
ပြုလုပ်ကာ ရှင်းလင်းအသိပညာပေး နိုင်ခဲ့ပြီး ပြည်ထောင်စု အစီရင်ခံစာများအား ပြည်တွင်းရှိ
ဌာနဆိုင်ရာအဖွဲ့အစည်းများသာမက နိုင်ငံခြားသံရုံး၊ NGOs၊ INGOs၊ များအထိ ဖြန့်ဝေ ပေးခဲ့ကြောင်း၊
အဆိုပါအစီရင်ခံစာများကို လိုအပ်သူများရှိပါက ဖြန့်ဝေပေးလျက်ရှိကြောင်း ၎င်းမှ ရှင်းလင်းပြောကြားခဲ့သည်။
.
“လူမှုရေးအဖွဲ့တစ်ဖွဲ့အနေနဲ့
လိုအပ်တဲ့အဖွဲ့အစည်းတွေအတွက် သင်တန်းတွေကို လုပ်ဆောင်ပေးနေပါတယ်။ ဒီမှာလဲ အစီရင်ခံစာတွေနဲ့
စပ်လျဉ်းပြီး ဒေသခံတွေ သိရှိသဘောပေါက်နားလည်စေဖို့ ပူးပေါင်းကူညီဆောင်ရွက်ပေးတာဖြစ်
ပါတယ်”ဟု CBI အဖွဲ့မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးစောရေမွန်က ပြောကြားခဲ့သည်။
.
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်
ဆွေးနွေးသူတစ်ဦးမှ ၂၀၁၄ သန်းခေါင်စာရင်းအရ ကောက်ယူရရှိသည့်လူဦးရေ ၅၁၄၈၆၂၅၃ နှင့်
၂၀၀၈ ခုနှစ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်၏ ကြေညာချက်အမှတ် (၁၀/၂၀၀၈)
ပါ လူဦးရေ ၅၇၅၄၃၆၈ ကွာဟမှုမှာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်များတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းပိရိမစ်ပုံဖြင့်
မွေးဖွားမှုနှုန်း လျော့ကျလာသည့် ၂၀၀၀ ခုနှစ် ဝန်းကျင် အပေါ် အခြေခံတွက်ချက်ခြင်းကြောင့်ဖြစ်သည်ဟု
၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။
.
အဆိုပါ လူမှုရှေ့ဆောင်လူမှုဖွံ့ဖြိုးရေးအဖွဲ့(Capacity
Building Initiative-CBI) အဖွဲ့သည် ၂၀၁၄ ခုနှစ်၌ ရန်ကုန်မြို့ တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ
ရန်ကုန်၊ တောင်ကြီး၊ လားရှိုး၊ လွိုင်ကော်၊ မော်လမြိုင်မြို့တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ
မြန်မာနိုင်ငံဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသားများနှင့် အဖွဲ့အစည်းများကို
အရည်အသွေး ပြည့်ဝသော သင်တန်းများ၊ ကူညီပံ့ပိုးမှုများနှင့် အတိုင်ပင်ခံဝန်ဆောင်မှုများ
ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့
မိုင်းတုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ
တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan