ကျော်လင်းဦး (ရှမ်းပြည်)
.
သြဂုတ်လ ၂၂ ရက်နေ့က ပြည်သူ့လွှတ် တော်မှာ ထူးခြားသည့် ဥပဒေကြမ်းတစ်ခုကို
တင်သွင်းခဲ့သည်။ ၂ဝ၁၈ ခုနှစ် လောင်းကစား ဥပဒေကြမ်းဟု နာမည်ပေးထားသည်။ ခေတ်မမီတော့သည့်
၁၉၈၆ ခုနှစ် လောင်းကစားဥပဒေ ကို အစားထိုးရန် ရည်ရွယ်သည်ဟု ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ရေးရာ
စီမံခန့်ခွဲမှုကော်မတီဝင် ဒေါက်တာ လင်းလင်းကျော်က ဆိုသည်။ ထူးခြားချက်မှာ ဤဥပဒေကို အတည်ပြုပြီးသည့်
နောက် နိုင်ငံခြားသားများသာ ဝင်ရောက် လောင်းကစားခွင့် ရှိသည်။ ကာဆီနိုရုံများကို တရားဝင်
ဖွင့်လှစ်တည်ထောင်ခွင့်များကို ရရှိလာမည့် သဘောဖြစ်သည်။ ဤသို့ လုပ် ဆောင်ခွင့် ရရှိလာပါက
နိုင်ငံသားများနှင့် တိုင်းပြည်ကို မထိခိုက်စေဘဲ အခွန် အကောက်ဝင်ငွေများ အများအပြား
ရရှိနိုင်သည်ဟု ဥပဒေကြမ်း တင်သွင်းသူများဘက်က ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကာစီနိုလောင်းကစားရုံများ
မရှိသေးဘူးလော။ ရှိခဲ့သည်ဆိုပါက ယင်းကာဆီနို လောင်း ကစားရုံများ မည်သို့ လည်ပတ်နေကြသနည်း။
စသည့်မေးခွန်းများ တစ်သီတစ်သန်းကြီးထွက် ပေါ်လာသည်။ ဤဥပဒေကြမ်း အတည်ဖြစ်ခဲ့ပါ က တိုင်းပြည်နှင့်
နိုင်ငံအတွက် အခွန်အကောက် များ ထင်မြင်ယူဆထားသလို အများအပြား ရရှိလာမည်မှာ အမှန်တကယ်
ဟုတ်မဟုတ်ဆို သည်ကိုလည်း စနစ်တကျ သုံးသပ်ဝေဖန်သင့် ပါသည်။ ထို ကက်ဆီနိုရုံများမဆိုထားနှင့်
ငါးမန်းဂိမ်း လောင်းကစားရုံများအား ပြည်သူများက လက်မခံကြောင်းကို သတင်းများတွင် ဖော်ပြနေကြသည်။
သတင်းတစ်ပုဒ် အဆိုအရ ''အဲဒီလောင်းကစား ဂိမ်းဆိုင်ကြောင့် ပတ်ဝန်းကျင် က လူငယ်တွေ အိမ်ထောင်သည်တွေ
အကျင့်စာရိတ္တပျက်ပြားပြီး ဆိုင်ကယ်၊ ဖုန်း၊ အိမ်တွင်း ပစ္စည်းတွေ မကြာခဏ ပျောက်ဆုံးနေတာကို
အမြန်ပိတ်သိမ်းဖို့ ရပ်ကွက်က သတိပေးထားခဲ့ပြီး ခံဝန်ကတိထိုးထားတာပါ။ ဒါကို အမြန်ဆုံး
ပိတ်သိမ်းခဲ့အတွက် ရပ်ကွက်က လူစုပြီး ဖျက်ဆီးပေးလိုက်တယ်လို့ သိရတယ်။ ဒီလောင်းက စားဂိမ်းကြောင့်
လူငယ်တွေ ပျက်စီးတာတော် တော်များနေပါပြီ။ အခုတော့ မိဘတွေကိုယ် တိုင်က သည်းမခံနိုင်လို့
ထလုပ်ကြ တာပါ''ဟု ဆိုသည်။ ဤသည်ကား ရှမ်းပြည်နယ် မြောက် ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊
ရပ်ကွက် (၈)၊ ခိုလုံ ကျေးရွာ၊ ကောင်းခါ လမ်းခွဲတွင် ဖွင့်လှစ်ထား သည်။ ငါးမန်းဂိမ်း
လောင်းကစားရုံအား ကွတ်ခိုင်မြို့နေ ရပ်ကွက်သူ ရပ်ကွက်သားများမှ ဝိုင်း ဝန်းဖျက်ဆီးပြီးနောက်
ရင်ဖွင့်စကား ဆိုခဲ့ခြင်း ဖြစ်သည်။ ဖျက်ဆီးခံရသည့် ငါးမန်းခုံ (၅)ခုရှိ ကြောင်း သိရသည်။
လောင်းကစား ကျွမ်းကျင်သူများ၏ အဆို အရ ကာဆီနိုကစားဝိုင်းသည် ငါးမန်းဂိမ်းကို
အဆင့်မြှင့်တင်ထားခြင်း မျှသာ ဖြစ်သည်ဟုဆို သည်။ ငါးမန်းဂိမ်းဖြစ်စေ၊ လေးကောင်ဂျင်က
စားဝိုင်း ဖြစ်စေ၊ အခြားသော မည်သည့်လောင်း ကစားနည်း ဖြစ်စေ၊ အားလုံး၏ တူညီသောအချက်မှာ
မတော်လောဘကို အခြေခံပြီး အနိုင် ရအောင် ကစားရခြင်း သာဖြစ်သည်။ ဤသို့ ဖြစ်နိုင်သည့်
လူ့စိတ်သဘာဝကို ဇာတ်သတ် ပေးသည်မှာ တရားဥပဒေသာ ရှိသည်။ သို့သော်လည်း လောင်းကစားခြင်း
အမှုကို တကယ် မကြုံသည့်အခြေအနေအထိသာစောင့်ထိန်းနိုင် ကြသည်။ လူ့လောဘ ဖြစ်သည်ဟု ဆိုကြသည်။
၁၉၈၉ ခုနှစ်တွင် မြန်မာပြည် ကွန်မြူနစ်ပါတီ၏ ကံကြမ္မာ အပြောင်းအလဲဖြစ် ခဲ့သည်။ တပ်တွင်း
ပုန်ကန်မှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံနယ်စပ်တွင် အခြေစိုက်သည့်အင် အားကြီး ဗမာပြည်
ကွန်မြူနစ်ပါတီ ပြိုကွဲသွား သည်။ ဗကပ ပြိုကွဲသွားပြီးနောက် တသီးတ ခြားစီ ဖြစ်သွားသည်။
''ဝ''တပ်ဖွဲ့၊ ကိုးကန့်တပ် ဖွဲ့နှင့် MDA ကချင်လက်နက်ကိုင်တပ်ဖွဲ့နှင့် မိုင်း လားတပ်ဖွဲ့များ
ပေါ်ပေါက်လာသည်။ ထိုနှစ်ပိုင်း များတွင်တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ခဲ့သည်။
စစ်ပွဲမရှိဘဲ တည်ငြိမ်သွားသည့် ထိုတပ်ဖွဲ့များ အခြေစိုက်သည့် ဒေသများသည် တရုတ်မြန်မာနယ်စပ်များ
ဖြစ်သည်။ နယ်စပ် ဒေသ ကုန်သွယ်ကူးသန်းရေးကို လုပ်ဆောင်ကြသည်။ အဓိကအားဖြင့် သစ်၊ကျောက်မျက်ရ
တနာများကတော့ မရှိဆင်းရဲသားများ ဖြစ်နေ သည်ဟု ဆိုရပေမည်။ သူဌေးများ သုံးနိုင်ဖြုန်းနိုင်သည့်
သူများကို ရည်ရွယ်ပြီး တည်ထောင် ဖွင့်လှစ်ထားသည် ဆိုပေမယ့် လူနေအလွန်ထူ ထပ်သည့် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအ
များဆုံး နေထိုင်သည့် မြဝတီဧရိယာအတွင်း အများအပြား ဖွင့်လှစ်ထားသည်။ ယင်းကြောင့်ပင်
ထိုလောင်းကစားဝိုင်းများသို့ မြန်မာနိုင်ငံသားများသာ အများဆုံး သွားလာကြ၊ ကစား ကြသည့်
အခြေအနေသို့ ဆိုက်ရောက်စေပါ သည်။ ဤကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦး
မှတ်ချက် (၂၁)လို့ နယ်စပ်ဒေသများရှိ လောင်းကစားဒိုင်များ ကြောင့် မြန်မာပြည် အတွက်လည်း
အခွန်မ ရ၊လောင်းကစားကြောင့် ဘဝတွေပျက်ရသလို နောက်ဆက်တွဲ မူးယစ်ဆေးဝါး ပြဿနာ၊ ဒုစရိုက်မှု
ပြဿနာတွေ ဖြစ်ပွားရသည်ဟု မှတ် ချက်စကားသည် အမှန်ဖြစ်သည်။
.
အမှန်တကယ် အားဖြင့်လည်း ဆင်းရဲသည့် မြန်မာနိုင်ငံသားများအတွက် လောင်းကစားရုံများမှာ
လုံးဝမလိုအပ် ပါ၊ သို့သော်လည်း အိမ်နီးချင်း ထိုင်းနှင့် တ ရုတ်နိုင်ငံများတွင်လည်း
ကာဆီနိုလောင်းကစား ရုံများကို ဥပဒေဖြင့် ခွင့်ပြုထားခြင်း မရှိသည် ကို တွေ့ရသည်။ အာဆီယံ
အဖွဲ့ဝင် ကမ္ဘော ဒီးယားနိုင်ငံ၏ နမူနာယူပြီး ထိုအချက်ဖြင့် ကမ္ဘာ လှည့်ခရီးသည်များ ဝင်ရောက်လာစေရန်တိုင်း
ပြည်အခွန် ဘဏ္ဍာရရန် ဆောင်ရွက်မည်ဆိုလျှင် အဆင်ပြေ နိုင်ပါသည်။ နယ်စပ်မြို့မဟုတ်သော နိုင်ငံခြားသား
ခရီးသွားများ လာရောက်လေ့ရှိ သည့် မြို့များတွင် သီးသန့်ဇုန်များ တည်ဆောက်ပြီး အကောင်အထည်ဖော်မည်
ဆိုလျှင်လည်း ဖြစ်နိုင်သည်။ ယင်းသို့ အကောင် အထည်ဖော်ခြင်းကြောင့် ကာဆီနိုရုံများမှ
အ မျိုးမျိုးသော အခွန်ဘဏ္ဍာများ ရနိုင်သလို ဆက် စပ်လုပ်ငန်းများမှ အခွန်၊ ဝင်ငွေများရနိုင်ပါသည်။
ထို ဆက်စပ်လုပ်ငန်းငယ်များတွင် ဝင်ရောက်လုပ်ကိုင်မည့် အလုပ်သမားများ၊ လုပ် ငန်းရှင်ငယ်လေးများအတွက်လည်း
အလုပ်အကိုင် အခွင့်အလမ်းတို့ ရရှိနိုင်ပါသည်။
.
အရေးကြီးသည်မှာ ထိုလောင်းကစားရုံများ သည် ဥပဒေနှင့်အညီ ဖြစ်စေရန်
လိုပါသည်။ လက်ရှိ လက်နက်ကိုင်များ ကြီးစိုးထားရာနယ် စပ်ဒေသရှိ လောင်းကစားရုံများတွင်
ဖြစ်ပျက် နေသည့် လောင်းကစားရုံအတွင်းပိုင်းရှိ ဥပဒေ ချိုးဖောက်မှုများ မဖြစ်ပေါ်လာစေရန်
အရေး ကြီးသည်။ နောင်ပေါ်ပေါက်လာမည့် လောင်း ကစားရုံများတွင် လုပ်ကိုင်ကြမည့် အလုပ်သမားများ
ဖြစ်စေ၊ ဝန်ထမ်းများ ဖြစ်စေ၊ လာရောက်အပန်းဖြေကြသည့် လောင်းကစားသည့် နိုင်ငံခြားသားဖြစ်စေ
ဥပဒေ၏ အကာအကွယ်ကို ရယူပိုင်ခွင့်ရအောင် စီမံရပေမည်။ သို့မှသာ နိုင်ငံ၏ ပုံရိပ်ကို မထိခိုက်သော၊နိုင်ငံသား
များကို မထိခိုက်သော၊ တိုင်းပြည်အတွက် ဝင် ငွေနှင့် ဘဏ္ဍာများ ရရှိလာမည့် လုပ်ငန်းမျိုးအ
ဖြစ် ပေါ်ပေါက်လာမည်ဟု ယူဆပါသည်။ လော ဘကို အခြေခံပြီး စီးပွားရှာရာတွင်လည်းတရား မျှတမှု
ရှိစေရန် လိုအပ်ပါသည်။ လောင်းကစား ခြင်းကြောင့် မည်သူကိုမျှ မနစ်နာစေလိုသော် လည်း တစ်ဖက်ကတော့
ထိခိုက်နစ်နာမှုရှိစမြဲ ပင်၊ အကောင်းဆုံးက ရှောင်ကြဉ်နိုင်ခြင်းသာ ဖြစ်သည်ဟု တင်ပြအပ်ပါသည်။
.
လောင်းကစားခြင်း ရေးသားနေရာမှ အရပ်ထဲတွင် ပွဲလမ်းသဘင်များကို အကြောင်း
ပြုပြီး လုပ်လေ့လုပ်ထရှိသည်။ လောင်းစကား ပွဲများအကြောင်းကို စဉ်းစားမိသည်။ ထိုပွဲလမ်း
များသည် လောင်းကစားပွဲများကို ခွင့်ပြုသည့် ဓလေ့ထုံးစံများ မရှိတော့ဟု ဆိုရပေမည်။ သို့
သော် ၃၆ ကောင်ထီလိုမျိုးမှ အစလစ်ရင် လစ် သလို ဝင်လာသည်။ လေးကောင်ဂျင်ဝိုင်းမျာလည်း
လုံးလုံးကြီး ကင်းစင်ပျောက်ကွယ်သွား ပြီဟု ရဲရဲမဆိုနိုင်သေးသည့် အခြေအနေဖြစ် သည်။ နိုင်ငံတစ်ဝန်းမှ
ဧည့်သည်အပေါင်းတို့ စိတ်ပါဝင်စားသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ပြိုင်ပွဲတွင်
ထိုသို့သာ လေးကောင် ဂျင်ဝိုင်း၊ အခြားသော လောင်းကစားဝိုင်းများက လည်း နေရာယူတတ်ကြသည်ကို
သတိထားမိ ရန် လိုသည်။ မြန်မာလူမျိုးသည် စကားအား ဖြင့် ''လောင်းမလား'' ဟူသောစကားကို
ပြော တတ်ကြသော်လည်း တကယ်တမ်းလောင်းက စားခွင့် ကြုံသော်လည်း ရှောင်နိုင်သည်ကို သ တိပြုမိသည်။
မတော်လောဘ၏ တိုက်တွန်းမှု ဖြင့် လောင်းကစားခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် မိမိနှင့်
မိမိပတ်သက်နေရသည့် မိသားစုကို စိတ်ချမ်းမြေ့စေပါသည်။
.
.
.
#KBZTai #Shan