လားရှိုးမြို့ရှိ စစ်ဘေးသင့်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာဝန်းအတွင်း၌ စာသင်ဆောင် ဆောက်လုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ စစ်ဘေးသင့်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာဝန်းအတွင်း၌ စာသင်ဆောင် ဆောက်လုပ်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တည်ဆောက်လျက်ရှိသော စစ်ဘေးသင့် မိဘမဲ့ ကလေးများ ပြု စုပျိုးထောင်ရေး ဂေဟာဝန်း အတွင်း၌ စာသင်ဆောင် ဆောက်လုပ်ရန် အ တွက် နိုဝင်ဘာလ ၁၅ ရက်က ပန္နက်တင်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
.
လားရှိုး၊ ရပ်ကွက် (၁) ၊ ထင်းရူး တောင်အနီး ပြည်သူတစ်ဦးက လှူဒါန်းပေးထားသော မြေနေရာ တွင် လာရောက်ခိုလှုံမည့် ကလေး သူငယ်များ စာသင်ကြားနိုင်ရေး စာသင်ဆောင် ဆောက်လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
''လုပ်ဖြစ်တာကတော့ ရှမ်းပြည် က စစ်ဘေးသင့်ကလေးတွေ အနာ ဂတ်အတွက် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ စကားတစ်ခွန်း ကြားခဲ့ရတယ်။ အဲဒီလိုနဲ့ ဒီဂေဟာကို ပူးပေါင်းပြီးလုပ် ဖြစ်ခဲ့တာပါ။''ဟု ဂေဟာတည်ထောင် Western Villa မှ ဦးထင်လင်းဦး က အမှာစကားတွင် ထည့်သွင်းပြော ဆိုသည်။
.
အဆိုပါ ဂေဟာအား ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည် ထောင်ခဲ့ပြီး လက်ရှိတွင် အဝီစိရေ တွင်းနှင့် အဆောက်အဦး တစ်ခု တည် ဆောက်ပြီးဖြစ်ကြောင်း သိရ သည်။
.
'' ဆရာ ထင်လင်းဦးက ကျွန် တော့်ကို အများကြီး ပြောပြတယ်။ ဒါနဲ့ ကျွန်တော်ကလည်း အစ်ကို အများကြီး ပြောပြမနေနဲ့ ဘာဖြစ် ချင်တာလဲ၊ ဘာဖြစ်နေတာလဲ ပြော ဆိုတော့ အဆောက်အဦ ဆောက် လုပ်ဖို့အတွက် အလှူငွေ လိုအပ်နေတယ်ပြောလို့ ကျွန်တော့် အနေနဲ့ ကျပ်သိန်း ၅ဝဝ လှူပေးခဲ့ တာပါ။''ဟု အဆောက်အဦ အလှူရှင် စိုး လျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဌ ဦး ကျော်မျိုးထွန်းက ပြောသည်။
.
အဆောက်အဦမှာ ပေ ၃ဝ x ၆ဝ ကျယ်ဝန်းသည့် ၂ ထပ် အဆောက်အဦဖြစ်ပြီး စာသင်ခန်း ၆ ခန်း ပါဝင်မည် ဖြစ် ကာ ကျောင်း သားပေါင်း ၁ဝဝ ခန့်ကို စာသင် ကြားပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ပန္နက်တင်ပွဲသို့ လားရှိုး မြို့မိမြို့ဖများ၊ အလှူရှင်များ၊လုပ်ငန်း ရှင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လားရှိုး)မှ ပါတီဝင်များ၊ လူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats