လားရှိုးမြို့ရှိ မန်ဆူစေတီတော် ပရဝဏ်ကို ဒုတိယမြောက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ မန်ဆူစေတီတော် ပရဝဏ်ကို ဒုတိယမြောက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်


နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် သမိုင်းဝင် မန်ဆူဆုတောင်း ပြည့်စေတီတော်ပရဝဏ်အား ဒုတိယမြောက်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ပြီး ဆိုင်းဘုတ် တင်ခြင်းနှင့် စတစ်ကာ ဖြန့်ဝေခြင်းများကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.

လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အရပ်ဘက် မိတ်ဖက်အဖွဲ့အစည်းများ စုပေါင်းကာ အဆိုပါစေတီတော်မြတ်ကြီးပရဝဏ်အတွင်း ဆေးလိပ်ငွေ့ ကင်းစင်စေရန် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
''ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ဆောင်ရွက်တဲ့လုပ်ငန်းမှာ အားဖြည့်တဲ့အနေနဲ့ ဆိုင်းဘုတ်တွေ ထောင်ဖြစ်တာပါ။ ဒါက ဒုတိယနေရာ ဖြစ်ပါတယ်။ ဆေးလိပ်ရောင်းချခွင့်လည်း မပြုဘူး။ ဆေးလိပ်သောက်တာ တွေ့ရင်လည်း တိုင်ကြားလို့ရပါတယ်။ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။''ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ထွန်းလှဖြူက ပြောသည်။
.
မန်ဆူစေတီတော်အပြင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ ပရဝဏ်ကိုလည်း ဆေးလိပ်ငွေ့ ရာနှုန်းပြည့်ကင်းစင်နယ်မြေအဖြစ် ဧပြီလအတွင်းက သတ်မှတ်ခဲ့ကြောင်း သိရသည်။
.
''ကျွန်တော်တို့ကတော့ ကိုယ့် မြို့ကောင်းဖို့အတွက်လုပ်တာဖြစ်လို့ အတတ်နိုင်ဆုံး ပါဝင် ကူညီသွားမှာပါ။ ပထမ အကြိမ်မှာလည်း ပါဝင်ခဲ့ပါတယ်။''ဟု ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေး အသင်းမှ ဦးဆောင်သူ ဦးဆန်းဦးက ပြောသည်။
.


အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲနှင့်အတူ ပရဟိတအသင်းများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး အေတီတံတား လမ်းဘေးတွင်လည်း ချယ်ရီပင် ၃ဝ စိုက်ပျိုးခဲ့ပြီး စက်ဘီးစီးပြိုင်ပွဲလည်း ကျင်းပခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats