မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနရွာတွင် နိုဝင်ဘာလ ၈
ရက် ညပိုင်းက လျှပ်စစ်ထမင်းပေါင်းအိုးမှ အပူလွန်ကဲသဖြင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း
မိုင်းဆတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
.
.
“လျှပ်စစ်ထမင်းအိုးကို
ဒီအတိုင်းထားတော့ အပူလွန်ကဲပြီးမီလောင်တာပါ။ ခရိုင်မီးသတ်ဦးစီးမှူးအပါအ၀င် တပ်ဖွဲ့ဝင်တွေ
မီးငြှိမ်းနိုင်ခဲ့လို့ တခြားအိမ်တွေမီးကူးစက်ခြင်းမရှိပါဘူး”ဟု မိုင်းဆတ်မြို့နယ်မီးသတ်ဦးစီးမှူး
ဦးကျော်ကိုကိုကပြောသည်။
မိုင်းဆတ်မြို့မှတောင်ဘက်
၂ မိုင်ခန့် အကွာရှိ ကာနကျေးရွာနေ မခင်မျိုးအေး(၄၁)၏ နေအိမ်တွင် အောက်တိုဘာလ ၈ ရက်၊
ည ၈ နာရီခွဲခန့်က လျှပ်စစ်ထမင်းပေါင်းအိုးမှ အပူလွန်ကဲကာ မီးလောင်ကျွမ်းသဖြင့် ၄င်း၏ယာယီဆောက်လုပ်
ထားသော သွပ်မိုး၊ သွပ်ကာ၊ အလျားပေ၂၀၊ အနံပေ၂၀ မြေစိုက်နေအိမ်မှာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ရွာလူထုများ အင်အား ၆၀ခန့်မှ မီးသတ်ယာဉ်
၂ စီးနှင့်အတူ မီးငြှိမ်းသတ်ခဲ့သဖြင့် ည ၈နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း
သိရသည်။
.
သို့ဖြစ်၍
မီးပေါ့ဆစွာသုံးစွဲသူ မခင်မျိုးအေးအား မိုင်းဆတ်မျြို့မရဲစခန်းမှ (ပ)၁၁၃/၂၀၁၈ ရာဇသတ်ကြီး
ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မိုင်းဆတ်မြို့မရဲစခန်းမှ
သိရှိရသည်။
.
.
.
#KBZTai #Shan