အေးသာယာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အေးသာယာစက်မှုဇုန်ရှိ ပြောင်းအခြောက်ခံစက်ရုံ တစ်ခုတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။
.
 
.
အေးသာယာစက်မှုဇုန်၊ နယ်မြေ (၂)၊ တက်ချောင်ပြောင်းအခြောက်ခံစက်ရုံရှိ ဆိုင်လိုစက်၊ အမြင့်ပေ ၁၀၀ တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းကာ ၁၅ မိနစ်ခန့်အကြာတွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ရသည့် အကြောင်းအရင်းကို လတ်တလောတွင် မသိရှိရ သေးချေ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats