တရုတ်ကုမ္ပဏီများနှင့် လားရှိုးမှကုမ္ပဏီတို့ ပူးပေါင်း၍ ရှမ်းမြောက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်ကုမ္ပဏီများနှင့် လားရှိုးမှကုမ္ပဏီတို့ ပူးပေါင်း၍ ရှမ်းမြောက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်မည်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံ၊ လားရှိုးမြို့မှ အဲဗား ရှိုင်း (လားရှိုး)ကုမ္ပဏီနှင့် တရုတ်နိုင်ငံ မှ ကျားဝေကုမ္ပဏီ၊ ထင်းဟုန်ကုမ္ပ ဏီတို့ ပူးပေါင်း၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်း များ အကျိုးတူလုပ်ကိုင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
.
 
.
အဆိုပါ ကုမ္ပဏီများသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ဘိန်း၊ မူး ယစ်ဆေးဝါးတားဆီးရေး သဘောတူညီချက်ကို ထောက်ခံသည့်အနေဖြင့် ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
''ရည်ရွယ်ချက်ကတော့ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘိန်းစိုက်ပျိုးမှု အမြစ်ပြတ် ဆောင်ရွက် ရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ကတော့ ဘိန်းအစား ထိုး စိုက်ပျိုးရေးလုပ်ငန်းတွေကို အား သွန်ခွန်စိုက်နဲ့ ဖော်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အခုလိုလာ ရောက်ပူး ပေါင်း ဆောင်ရွက်တာကိုကျေးဇူးတင် ပါတယ်။''ဟု အဲဗားရှိုင်း (လားရှိုး)ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလူရှီးက ပြောသည်။
.
ဘိန်းအစားထိုးအနေဖြင့် ကြံ၊ ပြောင်းများ စိုက်ပျိုးခြင်း သည် တောင်သူ လယ်သမားများ၏ အ ကျိုးကို ဆောင်ရန်အတွက် ဦး တည်ချက်အား ဦးထိပ်ပန်ဆင်ကာ တောင်သူများ ဝင်ငွေတိုးတက်ရေး၊ လူမှုဘဝတိုးတက်ရေးနှင့် လားရှိုးဒေ သ စီးပွားရေးတိုးတက်မှုအတွက်အကျိုးပြုရန် ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats