ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ အမှတ် ၁ရပ်ကွက်ရှိ
တွဲဘက် ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ရုံးဝင်း၏ ရှေ့မျက်နှာစာနှင့် ယာဘက် ဘေးတွင်
ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများကြောင့် ရုံးဌာန ဥပ စာ ကွယ်ပျောက်နေပြီး ရုံးဖွင့်ချိန်၊
ကျောင်းဖွင့်ချိန်နှင့် ဈေးသွား/ဈေးပြန် ယာဉ်များပြားချိန်များတွင် လမ်းပိတ် ဆို့မှု
မကြာခဏ ဖြစ်ပေါ်နေသည်ဟု ဒေသနေ ပြည်သူများက ပြောဆို လျက်ရှိသည်။
.
.
အဆိုပါရုံး၏ ဥပစာတွင် ဈေး ဆိုင်ခန်း ၁၁ ခန်းအား အခိုင်အမာ ဆောက်လုပ်၍
ဈေးရောင်းချနေ လျက်ရှိပြီး တွဲဘက်ပြည်နယ် စားသုံး သူရေးရာ ဦးစီးဌာနရုံး၏ အရှေ့ဝင်
ပေါက်မှာ ၁ဝ ပေခန့်သာရှိသဖြင့် ရုံး သို့လာရောက်သည့် ပြည်သူနှင့် စီး ပွားရေးလုပ်ငန်းရှင်အချို့မှာ
ရုံးသို့ဝင် ရောက်ရန် ခက်ခဲနေပြီး ရုံးနေရာသိ ရှိသူ နည်းပါးနေကြာင်းသိရသည်။
''ဈေးဆိုင်ခန်းတွေကို ၂ဝ၁၃ ခု နှစ်မှာ ဝန်ထမ်းသက်သာဆိုပြီး တစ်
လ ၇ဝဝဝ ကနေ ၁ဝဝဝဝ ကျပ်အထိ ကောက်ခံတယ်လို့ သိရပါတယ်။ ကျွန်တော်တာဝန် ထမ်းဆောင်တဲ့ ၂ဝ၁၇
ခုနှစ် မေလလောက်ကစပြီး ဆိုင်ခန်းခတွေကို လက်မခံတော့ပါဘူး ရုံးချုပ်ကို ဒီဈေးဆိုင်ခန်းတွေနဲ့
ပတ် သက်တဲ့ အခြေအနေမှန်ကို အစီရင် ခံ တင်ပြထားပါတယ်'' ဟု ကျိုင်းတုံ မြို့ရှိ တွဲဘက်ပြည်နယ်
စားသုံးသူ ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးလှစိုးက ကမ္ဘောဇ တိုင်းသို့
ပြောသည်။
.
ဈေးဆိုင်ခန်းများအား ရုံးဥပစာနေရာ၌ ဆောက်လုပ်၍ ဈေးရောင်း ချနေမှုနှင့်
ပတ်သက်၍ စားသုံးသူရေး ရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦး အောင်သွင်ဦးက ၂ဝ၁၆ ခုနှစ်
ဇူလိုင် လ ၂၆ ရက်တွင် ဌာနဆိုင်ရာလုပ် ငန်းများဆောင်ရွက်ရာ၌ အများပြည် သူယုံကြည်မှုရှိစေရန်၊
ရုံးများသန့် ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်မှုရှိ စေရန် လိုအပ်သဖြင့် ရှေ့မျက်နှာစာ
ရှိ စားသောက်ဆိုင်၊ ဈေးဆိုင်အခိုင် အမာ ဆောက်လုပ်ငှားရမ်းခြင်း ခွင့် မပြုရန်နှင့်
ငှားရမ်းထားပါကလည်း သက်တမ်းကုန်ဆုံးချိန်တွင် ရှင်းလင်း သွားရန် စာထုတ် ညွှန်ကြားထား
ကြောင်း သိရသည်။
.
''မိသားစု စားဝတ်နေရေးအတွက် ပြန်ငဲ့ကြည့်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
အခြေအနေအရ ထိုက်သင့်တဲ့ဆိုင်ခန်းလစာ တိုးယူ ပေးတာမျိုးလောက်တော့ ညှိနှိုင်းအ ဆင်ပြေစေချင်ပါတယ်''ဟု
အဆိုပါ နေရာတွင် ဈေးရောင်းချနေသူ တစ် ဦးက ¤င်း၏သဘောထားကို ကမ္ဘော ဇတိုင်းသို့ပြောသည်။
.
၂ဝ၁၇ ခုနှစ်တွင် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်ဖြင့် အစိုး ရဝန်ကြီးဌာနပိုင်
မြေဧရိယာများပေါ် တွင် ကျူးကျော်အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ ထွန်ယက် စိုက်ပျိုးထားခြင်းများ
မရှိစေရေးအ တွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ မှ တာဝန်ယူဖယ်ရှားရှင်းလင်းရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း
သိရသည်။
.
.
.
#KBZTai #Shan