မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၌
ဟွေ့ဖြန်း သုဿန်တွင် မီးသင်္ဂြိုဟ်စက် အသစ်တည်ဆောက်ရေးအတွက် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက
အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
အလှူငွေပေးအပ်ပွဲတွင် ဆရာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး
အလှူရှင် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး(မထသ) ဥက္ကဌ ဦးဟန်သင်း က ဟွေ့ဖြန်းသုဿန်တွင်
မီးသင်္ဂြိုဟ်စက် အသစ်တည်ဆောက်ရေးအတွက် အလှူငွေ ငွေကျပ်သိန်း ၁ဝဝ အား ပေးအပ်ခဲ့ရာ ဟွေ့ဖြန်းသုဿန်
မီးသင်္ဂြိုဟ်စက် အသစ်တည် ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးသိန်းထိုက်မှ လက်ခံရယူခဲ့ပြီး
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်ပွဲသို့ သီလဓမ္မ ကုန်းသာတောရကျောင်းတိုက်မှ
ဝစီပိတ်ဆရာတော် ဘဒ္ဒန္ဘ ကောဝိဒနှင့် သံဃာတော်များ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် ခင်လှိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မထသ ဥက္ကဌ ဦးဟန်သင်းနှင့်
အဖွဲ့ဝင်များ၊ ဟွေ့ဖြန်းသုဿန် မီးသင်္ဂြိုလ်စက် အသစ်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဌ
ဦးသိန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan