တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿာန်သွားလမ်း ပြိုကျနေမှုကြောင့် နာရေး ပို့ဆောင်သူများ အခက်အခဲ ဖြစ်ပေါ်လာနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿာန်သွားလမ်း ပြိုကျနေမှုကြောင့် နာရေး ပို့ဆောင်သူများ အခက်အခဲ ဖြစ်ပေါ်လာနိုင်


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈)ရှိ တိုင်းရင်းသားပေါင်းစုံ သုဿာန် သွားလမ်း၊ ရက္ခသာဒီ ဘုန်း တော်ကြီးကျောင်းအနီးရှိ ကတ္တ လမ်းသည် ရေတိုက်စား၍ လမ်းမြေပြို မှု ဖြစ်ပွားလျက်ရှိသဖြင့် နာရေးပို့ ဆောင်သူ များအတွက်အခက်အခဲ ဖြစ်ပေါ်လာနိုင်သည်ဟု ဒေသခံ ပြည် သူများ ထံမှ သိရသည်။
.
.
''လမ်းမြေပြိုတာကတော့ နောက်ဆုံးအကြိမ် မိုးရွာပြီးက တည်းက ဖြစ်တာပါ။ မိုးကပြတ်သွား တဲ့အတွက် ကံကောင်းသွားတယ်။ မိုးထပ်ရွာရင် ဆက်ပြိုအုံးမှာ။ အခု တောင် အက်ကြောင်းတွေက အကြီး ကြီးဖြစ်နေတယ်။ ရပ်ကွက်အုပ်ချုပ် ရေးမှူးကိုတော့ အကြောင်းကြား ထားပါတယ်။ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာကို သွားပြောထားတယ် လို့ပြောပါတယ်။ ပြင်မယ်ဆိုရင် ကျောက်ရိုးအမာခံ လုပ်မှရမယ်။ ယာ ယီလေး လာပြင်လို့ကတော့ ပြန်ပြို မှာပဲ။ အခုက တော်တော်လေး ပြိုနေ တော့ ထပ်ပြိုမယ်ဆိုရင် နာရေးပို့တဲ့ ကားတွေ ဖြတ်လို့ရတော့မှာ မဟုတ် ဘူး။ အခက်အခဲဖြစ်သွားနိုင်တယ်'' ဟု ရခိုင်သာရေးနာရေးအသင်းမှ ဦးဇော်ခင်က ကမ္ဘောဇတိုင်းသို့ပြော ကြားခဲ့သည်။
.
အဆိုပါလမ်းသည် မြေပြိုမှုဖြစ်ပွားနေသည်မှာ ၄ နှစ်ခန့်ရှိနေပြီး ဖြစ်ပြီး သက်ဆိုင်ရာမှ လာရောက်ပြု ပြင်ပေးသော်လည်း ကျောက်ရိုးအမာ ခံမဟုတ်ဘဲ ယာယီသာပြုပြင်ပေး သကဲ့သို့ ဖြစ်နေသဖြင့် မိုးရွာသွန်း ပြီး ရေတိုက်စားသည့်ခါ လမ်းထပ် မံပြိုကျမှုများ ဖြစ်ပွားနေရခြင်းဖြစ် သည်ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။
.
အလားတူ တောင်ကြီးမြို့နေ ဒေသခံတစ်ဦးမှလည်း ''ဒီလမ်းက နှစ်တိုင်းလိုလို ပျက်နေတာ။ မိုးထပ်ရွာ မယ် ဆိုရင်တော့ လုံးဝသွားလို့ရ တော့မှာမဟုတ်ပါဘူး။ တိုင်းရင်း သားပေါင်းစုံသုဿာန်ကို နာရေးပို့ တဲ့သူတွေက နေ့တိုင်း လိုလိုရှိနေ တယ်။ အဲဒါကြောင့် သက်ဆိုင်ရာက အမြန်ဆုံးလာရောက် ပြုပြင်ပေးစေ လိုပါတယ်။ ပြုပြင်မယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ ပစ္စည်း တွေနဲ့ စနစ်တကျခိုင်ခံ့အောင်ပြုပြင် သင့်တယ်''ဟု ¤င်း၏အမြင်ကို ပြော သည်။
.
အဆိုပါ လမ်းမှ ဖြတ်သန်း၍ တိုင်းရင်းသား ပေါင်းစုံသုသာန်သို့ နာရေးပို့ဆောင်မှုများ  တစ်ရက်လျှင် အနည်းဆုံး ၇ လောင်းခန့်ရှိနေသည့် အတွက် လမ်းထပ်မံပြိုကျပါက ဖြတ် သန်းသွားလာ၍ မရတော့မည်ကို နာရေးအသင်းအဖွဲ့များက စိုးရိမ် လျက်ရှိသည်။
.
အလားတူ တောင်ကြီးမြို့ပေါ် ရပ်ကွက်တွင်းရှိ လမ်းများအနက်အ များစုမှာလည်း မိုးများသည်းထန် စွာရွာသွန်းမှုကြောင့် ရေပြည့်ရေလျှံ မှု ဖြစ်ပွားနေခြင်း၊ ချိုင့်ခွက်ဖြစ်ပေါ် ကာ ပြည်သူအများ လမ်းခရီး အန္တရာယ် ဖြစ်ပွားနေရခြင်းတို့ ကြောင့် ရပ်ကွက်တွင်းရှိပျက်စီးနေ သော လမ်းများအားပြုပြင်ပေးစေလိုကြောင်း ဒေသခံပြည်သူများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats