ပြည်ပမှ အဝယ်လိုက်နေသဖြင့် ချင်း(ဂျင်း) စိုက်တောင်သူများ ဈေးကောင်းရနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ပမှ အဝယ်လိုက်နေသဖြင့် ချင်း(ဂျင်း) စိုက်တောင်သူများ ဈေးကောင်းရနေ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင် ပန်း၊ ဟဲဟိုး၊ ဘော်နင်းဒေသများမှ ချင်းအဓိကစိုက်ပျိုးသည့် တောင်သူ များအနေဖြင့် ယခု ချင်းထွက်ရာသီ တွင် ဈေးကောင်းရရှိ၍ ချင်းစိုက် တောင်သူများ အရောင်းအဝယ် ကောင်းနေကြောင်း အောင်ပန်းမြို့ ကုန်စည်ဒိုင်အဖွဲ့ဝင် မုံရွာပွဲရုံပိုင်ရှင် ဦးဝင်းနိုင်ထံက သိရသည်။ 
.
 
.
''ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက် နေတာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိပြီ။ အခု အခြေအနေအရ ပြောရရင် ပိဿာ ချိန် ၅ သိန်းလောက်တော့ အဝယ်ရှိ မယ်လို့ ခန့်မှန်းထားပါတယ်''ဟု ဦး ဝင်းနိုင်က ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ချင်းမှာ ယခုမှ စတင်ထွက်ရှိ ခြင်းဖြစ်ပြီး ရင့်ရန်တစ်လခန့်လိုနေ သေးပြီး ပြည်တွင်းဒေသဈေး ၈ဝဝ ကျပ်ခန့်ရှိကာ ဘင်္ဂလားဒေ့ရှ်သို့ပို့ဈေး ကျပ် ၁၈ဝဝ ခန့်ရှိနေကြောင်းနှင့် သြအ့နမွငညါနမ ချင်းမြစ်မထွက်ရှိ မှု ပိဿာချိန် သိန်း ၁ဝဝ ကျော်ခန့် ရှိနေသဖြင့် မြစ်မဖယ်ပြီး ၃ လက်မ ချင်းတက် ၅ ဆထွက်ရှိပါက ပိဿာ ချိန် သိန်း ၅ဝဝ ခန့်ထွက်ရှိမည်ဖြစ် သည့်အတွက် ထွက်အားကောင်းကာ တစ်ဧကလျှင် ပုံမှန်မျိုး ပိဿာ ၇ဝဝ ခန့် စိုက်ပျိုးပါက ပိဿာချိန် ၃၅ဝဝ ခန့်ထိ ထွက်ရှိကြောင်း ဦးဝင်းနိုင်ထံမှ သိရသည်။
.
ယခုထွက်သည့် ချင်းမှာ ပြီးခဲ့ သည့် မတ်လက စိုက်ပျိုးသော မျိုး များဖြစ်ပြီး ဇူလိုင်လ၊ သြဂုတ်လများ တွင် မြစ်မ ဖော်ကာ ယင်းမြစ်မများ ကိုဖယ်ပြီး ချင်းတက်များရယူခြင်း ဖြစ်ကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ထွက် ချင်းများကို ပြည်တွင်းဖြစ်သည့် မန္တလေး၊ မုံရွာ၊ ရေဦး၊ ရွှေဘိုမြို့များ ဘက်သို့ နှစ်စဉ်ပိဿာချိန် သိန်း ၅ဝ ခန့် ပို့ဆောင်ရပြီး ပြည်ပနိုင်ငံဖြစ် သည့် ဘင်္ဂလားဒေ့ရှ်မှ ဈေးကောင်း ပေးသည်မှာ ၂ နှစ်ရှိပြီဖြစ်ကာ အိန္ဒိ ယမှ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်က များပြားစွာ ဝယ်ယူခဲ့သော်လည်း ယ ခုနှစ်တွင်မူ ဝယ်ယူမှု နည်းပါးနေ သေးကြောင်းနှင့် ချင်းစိုက်တောင်သူ များအနေဖြင့် တွက်ချေကိုက်သည့်အ တွက် စီးပွားရေးအဆင်ပြေ လာနိုင် ကြောင်းလည်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats