မူဆယ် ၁ဝ၅ မိုင်၌ ဖရဲသီးဈေးကွက် ကျဆင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ် ၁ဝ၅ မိုင်၌ ဖရဲသီးဈေးကွက် ကျဆင်းနေ


ရဲရင့်ဇွဲ

ရှမ်းပြည်နယ်၏ အဓိက ကုန်သွယ်ပေါက် တစ်ခုဖြစ်သော မူဆယ်မြို့ရှိ ၁ဝ၅ မိုင် ကုန်စည်ဒိုင်၌ ယခု ရက်ပိုင်းအတွင်း ဖရဲသီးဈေးများ တဖြည်းဖြည်း ကျဆင်းလာနေပြီး ဖရဲသီး တစ်တန်လျှင် ယွမ် ၃ဝဝ မှ ၆ဝဝ ကြား အထိ ကျဆင်းသွားခဲ့ကြောင်း ဖရဲသီး ရောင်းဝယ်သူများထံမှ သိရ သည်။
.

''အရင် တစ်ပတ်ကဆိုရင် တစ်တန်ကို ယွမ် ၈ဝဝ လောက်ကနေ ၃၃ဝဝ ကြားအထိ ဈေးရတယ်။ ဒီ တစ်ပတ် အတွင်းမှာ တစ်တန်ကို ယွမ် ၁၃ဝဝ လောက်ကနေ ၂၇ဝဝ ကြားပဲရှိတော့တယ်။ ဒီနှစ်မှာ ရှမ်းပြည်နယ်ထွက် ဖရဲသီးက ဈေးကောင်း ရမယ်လို့ အကုန်လုံးက ခန့် မှန်း ထားခဲ့ကြတာ။ အခုလို ဈေးကျတော့ ပွဲစားတွေသာမက တောင်သူတွေ အတွက်ပါ ထိခိုက်တာပေါ့'' ဟု မူဆယ် ၁ဝ၅ မိုင်ရှိ သစ်သီးရောင်းဝယ်သူတစ်ဦးက ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရောင်းတန်းဝင် အရည်အသွေးမြင့် ဖရဲသီး တစ်တန်လျှင် ယွမ် ၂၅ဝဝ မှ ၃၃ဝဝ အတွင်း၊ ဒုတိယတန်းစား ယွမ် ၁၃ဝဝ မှ ၂၂ဝဝ အထိ ဈေးကောင်းရခဲ့ပြီး ယခုအခါ ရောင်းတန်းဝင် အရည်အသွေးမြင့် ဖရဲသီး တစ်တန်လျှင် ယွမ် ၂၇ဝဝ၊ ဒုတိယတန်း ယွမ် ၂ဝဝဝ အထိသာ ဈေး ရရှိကြောင်း သိရသည်။
.
မူဆယ်သစ်သီးဈေးကွက်အတွင်း သို့ ဝင်ရောက်လာသော သစ်သီးများ အရည်အသွေးပိုင်း လျော့ကျခြင်းနှင့် ဈေးကွက်အတွင်း သစ်သီးဝလံများကို ထိန်းညှိနိုင်မှု အားနည်းခြင်းတို့ကြောင့် မူဆယ်သစ်သီး ဈေးကွက်၌ ဖရဲသီးဈေး ကျဆင်းနေသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးမျိုးစုံ တင်ပို့မှုသည် တစ်နှစ်လျှင် ပျှမ်းမျှတန်ချိန် ၇ဝဝဝဝဝ ခန့် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats