မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာလ ၃၁ ရက်
တစ်ရက်အတွင်း ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွားကာ ၂ ဦး သေးဆုံးပြီး ထိုင်းနိုင်ငံသာ ၁
ဦး ဒဏ်ရာပြင်းထန်စွာ ရရှခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့စု မှ သိရသည်။
.
.
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရွာနှင့် မယ်ခေါင်ရပ်ကွက်သွား
ကွန်ကရစ်တံတားအနီး လမ်း မပေါ်တွင် အောက်တိုဘာ ၃၁ ရက် နံနက် ၁ နာရီခန့်တွင် တော်ကော့(တွင်း)ရွာဘက်မှ
ရွှေမြေသာယာဈေးဘက်သို့ အိုက်လုံမောင်းနှင်လာသော နံပါတ်မပါ Wave-S ဆိုင်ကယ်မှာ အခင်းဖြစ်နေရာ
အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သဖြင့်
ဆိုင်ကယ်မောင်းနှင်သူ အိုက်လုံမှာ ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ဆေးစာနှင့်အတူ တာချီလိတ်ဆေးရုံကြီးသို့
ပို့ဆောင်စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
သို့ဖြစ်၍ ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်တိမ်းမှောက် သေဆုံးခြင်းနှင့်
ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်း တွင် ယာဉ်(ပ)၄ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
အလားတူ ယင်းနေ့ နံနက် ၁ နာရီ ၅ဝ မိနစ်အချိန်တွင် တာချီလိတ်မြို့၊
ဆန်ဆိုင်း(က)ရပ်ကွက်၊ နှင်းဆီးရွှေဆိုင် အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆန်ဆိုင်း(၄)လမ်းသွယ်အတွင်းမှ
ဗိုလ်ချုပ်လမ်းမပေါ်သို့ ချိုးကွေ့ပြီး ပုံလို့လမ်း ဘက်သို့ အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)မောင်းနှင်လာသော
မော်တော်ယာဉ်မှ အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ပုံလို့လမ်းဆုံဘက်မှ
အားကစားရုံမီးပွိုင့်ဘက်သို့ စိုင်းဆွမ်ဆိုင်း မောင်းနှင်ပြီး နောက်တွင် ထိုင်းနိုင်ငံသား
Mr.Chanakan Saentar လိုက်ပါ စီးနင်လာသော နံပါတ်မပါ CBR ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး
မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရဥည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ စိုင်းဆွမ်ဆိုင်း(၂၁
နှစ်)၊ မယ်ယန်းရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နေသူ သေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသား
Mr.Chanakan Saentar (၂၅ နှစ်)၊ မယ်ဆိုင်မြို့၊ ထိုင်းနိုင် ငံနေသူသည် သတိလစ်လျက် ဒဏ်ရာများ
ရရှိသဖြင့် အတွင်းလူနာအဖြစ် တာချီလိတ်ပြည်သူ့ဆေးရုံ၌ ကုသလျက်ရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ မော်တော်ယာဉ်အား အရှိန်ပြင်စွာ မောင်းနှင်၍ ဆိုင်ကယ်အား
တိုက်မိပြီး အခြားသူများကို ဒဏ်ရာရရှိသေဆုံးအောင် မောင်းနှင်ထွက်ပြေးသွားသူကို တာချီလိတ်မြို့မရဲစခန်းတွင်
ယာဉ်(ပ)၄၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃ဝ၄-က/၂ဝ၂ ဖြင့် အမှုဖွင့်အရေးယူ ထားပြီး တရားခံ
ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan