တော်ဝင်ရွှေနန်း စိန်တိုက်သစ်ကို တောင်ကြီးမြို့တွင် ပထမဆုံး ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တော်ဝင်ရွှေနန်း စိန်တိုက်သစ်ကို တောင်ကြီးမြို့တွင် ပထမဆုံး ဖွင့်လှစ်


စိုင်းရာဇာ
.
တော်ဝင်ရွှေနန်း စိန်တိုက်သစ်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ ဈေးပိုင်းရပ်ကွက်၊ မြို့ မဈေးကြီး မြောက်ဖက် မီးပွိုင့်အနီးရှိ ရွှေဝတ်မှုံအိမ်ယာ၊ အမှတ် (၁၆၅)တွင် ပထမဆုံး အနေဖြင့် ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.

အဆိုပါ တော်ဝင်ရွှေနန်း စိန်တိုက်သစ် ဖွင့်ပွဲတွင် ပထမဆုံး ဝယ်ယူသူ ၁၀ ဦးအား ငွေကျပ် ၅ သိန်းတန် စိန်ပွင့် တစ်ပွင့်စီကို မေတ္တာလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်မည်ဖြစ်ပြီး ထပ်မံ ဝယ်ယူသူများကိုလည်း ဗလာမပါ ကံစမ်းမဲများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

" ဆိုင်သစ်ဖွင့်ပွဲ အနေနဲ့ ပထမဆုံး ဝယ်ယူသူ ၁၀ ဦးကို စိန်ပွင့် ၁၀ ပွင့်ကို လက်ဆောင်အဖြစ် ပြန်လည် ပေးသွားမှာပါ။ နောက်ပြီး ဗလာမပါ ကံစမ်းမဲ အခု ၅၀ ကိုလည်း မဲဖောက်ပေးသွားမှာပါ။ ဆိုင်မှာတော့ ငွေ ၅ သိန်းတန်ကနေ သိန်းထောင်တန်ထိ ရှိပါတယ်။ စိန်ရဲ့ အရည်အသွေးပေါ် မူတည်ပြီးတော့ ဈေးအမျိုးအစား အများကြီး ရှိပါတယ်။ လာဝယ်တဲ့ ဝယ်ယူသူတွေကိုလည်း VIP ကတ် မေတ္တာလက်ဆောင် ပေးသွားမှာပါ။ VIP ကတ် ရရှိထားတဲ့သူတွေ အနေနဲ့ လာရောက် ဝယ်ယူတဲ့အခါမှာ အလဲဆိုရင် သုည ရာခိုင်နှုန်းနဲ့ အရှုံးမရှိ လဲလှယ်နိုင်ပါတယ်။ ပြန်လည် ရောင်းချတယ်ဆိုရင်တော့ ၁၀ ရာခိုင်နှုန်းနဲ့ ပြန်လည် လက်ခံပေးမှာ ဖြစ်ပါတယ်။ ဆိုင်မှာ ရောင်းချတဲ့ စိန်တွေကို ဝယ်ယူသူတွေအနေနဲ့ စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။ အာမခံပါတယ်"  ဟု တော်ဝင်ရွှေနန်း စိန်တိုက်ပိုင်ရှင် ဦးစိုင်းထွန်းထွန်းလင်းက ပြောသည်။
.

အောင်သီရိ စိန်တိုက် အမည်ဖြင့် မန္တလေးနှင့် ရန်ကုန်မြို့ များတွင် ဖွင့်လှစ်ထားရှိပြီး တောင်ကြီးမြို့ တွင် တော်ဝင်ရွှေနန်း စိန်တိုက် အမည်ဖြင့် ဆိုင်ခွဲသစ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats