ဆည်းဆာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော
ရိုးရာမီးကြာစံ လှည့်လည်ပွဲနှင့် မီးရှော်တိုင် ပွဲတော်ကို ၁၆ ကြိမ်မြောက်အဖြစ် မောမြေဦးပန်းခြံအနီးရှိ
မီးရှော်တိင်ကွင်းတွင် နိုဝင်ဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ညတိုင်တိုင် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း
သိရသည်။
.
.
မီးရှော်တိုင်ပွဲတော်တွင် စုစုပေါင်း မီးရှော်တိုင် ၃၇ တိုင်ကို
ပြိုင်ပွဲဝင်အဖွဲ့များမှ ညစဉ် ပူဇော် ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။ ထို့အပြင်
မီးကြာစံ လှည့်လည်ပူဇော်ပြိုင်ပွဲဝင်ရာတွင် ကလောမြို့ရှိ ဒေသခံ တိုင်းရင်းသားများဖြစ်ကြသော
ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး၊ ဓနုတို့အပြင် ဗမာ၊ ကရင် စသည့် တိုင်းရင်းသား များမှ
ရိုးရာအက၊ အလှများ၊ ယဉ်ကျေးမှုနှင့် လျော်ညီစွာ ဆန်းသစ်တီထွင်ထားသည့် ဘုရား၊ စေတီများ၊
အရုပ်များ စုံလင်စွာဖြင့် ပုံဖော်ပြသအလှဆင်ထားရာ ဒေသတွင်းသာမက မြန်မာနိုင်ငံအရပ်ရပ်မှ
လာရောက်ကြသော ခရီးသွားပြည်သူများ၊ နိုင်ငံခြားဧည့်သည်တော်မျာလည်း လာရောက်ကြည့်ရှုကြလေ့ရှိကြောင်း
သိရသည်။
နှစ်စဉ်ကျင်းပလျက်ရှိသော ရိုးရာပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကား
သိုက်မြိုက်စေရေးအတွက် ကလောမြို့နေ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း
သိရသည်။ ထို့အပြင် ပွဲတော်အတွင်းရှိ ဈေးဆိုင်ခန်းများတွင် အရက်သေစာ ရောင်းချခြင်းများကိုလည်း
ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan