စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတ
ယမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုဝင် ဘာ ၁၃ ရက်မှစတင်ကာ မျက်စိဝေဒ နာရှင်များအား အခမဲ့စမ်းသပ်
ခွဲစိပ် ကုသပေးခြင်းနှင့် မျက်မှန်များအခမဲ့ ပြုလုပ်ပေးလျက်ရှိကြောင်း သိရ သည်။
.
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန မျက်ခမ်းစပ်နှင့် မျက်မမြင်
ကာကွယ်ရေး အစီအစဉ်အနေဖြင့် ပင်းတယမြို့နယ်နှင့် ဒေသများမှ မျက်စိရောဂါဝေဒနာရှင်များကို
မျက် စိခွဲစိပ်ကုသခြင်း၊ မျက်စိစမ်းသပ်ခြင်း နှင့် မျက်မှန်များလာရောက် ပြုလုပ် ပေးခြင်းကို
နိုဝင်ဘာလ ၁၃ ရက်မှ ၁၆ ရက်အထိ အခမဲ့ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။
''မျက်ခမ်းစပ်နဲ့ မျက်မမြင်ဌာန က မျက်စိအထူးကုဆရာဝန်ကြီးတွေ က
လာပြီးတော့ကုသပေးနေတာ ဖြစ်ပါတယ်။ မျက်စိလည်းခွဲမယ်။ ပြီး တော့ မျက်စိနဲ့ပတ်သက်တဲ့ မျက်
စင်းဆေးတွေ၊ မျက်မှန်တွေလည်း အခမဲ့လုပ်ပေးမယ်။ တခြားမြို့နယ် တွေကလည်း လာပြီးတော့ ကုသလို့
ရပါတယ်။ လာပြီးတော့ကုသတဲ့ ဝေဒနာရှင်တွေကိုလည်း အစားအ သောက်တွေအခမဲ့ ကျွေးမွေးသွားပါ
မယ်။ မည်သူမဆို လာရောက်ကုသ လို့ရပါတယ်''ဟု ပင်းတယမြို့နယ် ဆေးရုံမှ ဆေးရုံအုပ်ကြီး
ဒေါက်တာ သန်းမင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မျက်စိဝေဒနာရှင်များ အား အခမဲ့ခွဲစိပ်စမ်းသပ် ကုသပေး ခြင်းနှင့်
မျက်မှန်များပြုလုပ်ရန်အ တွက် ပင်းတယမြို့နယ် ပြည်သူ့ဆေး ရုံကြီးနှင့် နီးစပ်ရာ ကျေးလက်ကျန်း
မာရေး ဌာနများတွင် လာရောက်စာ ရင်းပေးနိုင်ပြီး နီးစပ်ရာမြို့နယ်များမှ မျက်စိဝေဒနာရှင်များအနေဖြင့်လည်း
မိမိတို့၏ အစီအစဉ်ဖြင့် လာရောက်အ ခမဲ့စမ်းသပ် ခွဲစိပ်မှုများပြုလုပ်နိုင် ကြောင်း သိရသည်။
.
ခွဲစိပ်ကုသမှုအတွက် မျက်စိအ ထူးကု ဆရာဝန်များက ပြုလုပ်ပေး သွားမည်ဖြစ်ပြီး
အလှူရှင်များမှာ Fred Hollows Fundation (FHF)နှင့် ပင်းတယမြို့ ရွှေဥမင် ဘုရားဂေါပကအဖွဲ့ထံမှ
လှူဒါန်းထား သည့် အလှူငွေများဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan