တာချီလိတ်၌ ၈ နှစ်အတွင်း တရားမဝင် မြန်မာအလုပ်သမား ၁၃၀၀၀၀ ကျော် လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ၈ နှစ်အတွင်း တရားမဝင် မြန်မာအလုပ်သမား ၁၃၀၀၀၀ ကျော် လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
တာချီလိတ်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ၈ နှစ်အတွင်း တရားမဝင် မြန်မာအလုပ်သမား ၁၃၉၃၁ ဦး လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တာချီလိတ်မြို့ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ သိရသည်။
.
 
.
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုအရ အဆိုပါ အလုပ် သမား ၄ ဦးသည် ထိုင်းနိုင်ငံသို့ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ရက်သတ္တ တစ်ပါတ်တာ တံတားကူးလက်မှတ်ဖြင့် ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှောင်တခင် စစ်ဆေးစဉ် ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ(တာချီလိတ်)နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၁)မှ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစီအစဉ်ဖြင့် ၄င်းတို့၏ မိဘဆွေးမျိုးများထံ ခံဝန်ဖြင့် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
.
တာချီလိတ်တွင် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့ထိ ၈ နှစ်တာ ကာလအတွင်း ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ်ခဲ့သည့် တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၉၉၈၂ ဦး၊ အမျိုးသမီး ၃၉၄၉ ဦး၊ စုစုပေါင်း ၁၃၉၃၁ ဦးရှိကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။ဒ .
.
.
#KBZTai #Shan

Journal Download

Photo of three cats