မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံအတွင်း ပတ်စ်ပို့ကိုင်ဆောင်၍ ဗီဇာအတုများနှင့်အတူတွေ့ရှိသည့်
မြန်မာရွေ့ပြောင်းအလုပ်သမား များကို ဖမ်းဆီးခြင်းမပြုဘဲ ပညာပေးကာ မြန်မာနိုင်ငံသို့
ပြန်လည်လွှဲပြောင်းပေးပြီး ထုတ်ပေးသည့် ပွဲစားများကို နှစ်နိုင်ငံပူးပေါင်းဖော်ထုတ်မည်ဟု
နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နှစ်နိုင်ငံ နယ်စပ်
လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာဆက်ဆံရေး အစည်းအဝေးမှ သိရသည်။
.
.
''ပတ်စ်ပို့ကိုင်ဆောင်ပြီး ဗီဇာအတုများကိုင်ဆောင်တာ မြန်မာနိုင်ငံဘက်၊
မြဝတီ၊ ထိုင်းမှာတော့ မဲဆောက် ဘက်မှာ အများဆုံးတွေ့ရတယ်။ မယ်ဆိုင်-ချင်းရိုင် မြို့နယ်အတွင်းမှာတော့
တစ်ဦးတည်းပဲ ဖမ်းမိတာရှိပါတယ်။ ဒါတွေက ပွဲစားတွေကြောင့် ဘာမှမသိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ
ခံရတာများပါတယ်။ နောက်ပိုင်းတွေ့ရှိရင် ဖမ်းဆီးခြင်းမပြုဘဲ ပညာပေးပြီး မြန်မာနိုင်ငံသို့
ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံ၊ မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ
ရဲမှူးကြီး Acecal botster Dinn က ပြောသည်။
အဆိုပါအစည်းအဝေးတွင် တာချီလိတ်-ချင်းရိုင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့
ကိုယ်စားလှယ် များက နှစ်နိုင်ငံနယ်စပ်ဒေသတွင်း မြန်မာ ရွေ့ပြောင်းလုပ်သားများ ကိုင်ဆောင်နေသည့်
ပတ်စ်ပို့၌ ဗီဇာ အတုများ တွေ့ရှိပါက နိုင်ငံတာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရန်၊
ဗီဇာအတုများ ကိုင်ဆောင် သည့် မြန်မာရွေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်းမပြုဘဲ
ပညာပေးမှု ပြုလုပ်ပြီး ပြန်လည်လွှဲပြောင်း ပေးသွားရန်၊ မြန်မာရွေ့ပြောင်းလုပ်သားများနှင့်
ပတ်သက်၍ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့် ညွှန်ကြားချက်များကို မြန်မာ-ထိုင်း နှစ်ဘာသာဖြင့်
ရေးသားဖြန့်ဝေသွားရန်နှင့် ပညာပေးမှုကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်၊ ရွေ့ပြောင်းလုပ်သားများ
အကူအညီလိုအပ်သည့်အခါ နှစ်နိုင်ငံဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များဖြန့်ဝေပေးသွားရန်၊
လူကုန်ကူးခံရသူများ လွှဲပြောင်းသည့်အခါ စစ်ဆေးတွေ့ရှိချက် နှင့် ထူးခြားမှုများကို သတင်းဖလှယ်သွားရန်၊
လူကုန်ကူးမှု အသိပညာပေးဆောင်ရွက်မှုများကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ
စာသင်ကျောင်း များတွင် အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံအတွင်းမှ
အမှုဖြင့် အလိုရှိသော တရားခံများ တာချီလိတ်မြို့နယ် အတွင်း ရောက်ရှိနေပါက ပူးပေါင်းရှာ
ဖွေ ဖမ်းဆီးပေးရန်နှင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့်
ဒေသန္တရအမိန့်ထုတ်ပြန်ပါက ချိတ်ဆက်ပေးပို့သွားရန်နှင့် စီမံချက်အရ စစ်ဆေးဆောင် ရွက်စဉ်
တရားမဝင် အလုပ်သမားတွေ့ရှိပါက အမြန်ဆုံးလွှဲပြောင်းပေးရန်စသည့် ကိစ္စရပ်များကို အပြန်အလှန်
ဆွေးနွေးခဲ့ကြသည်။
.
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံနယ်စပ်လူကုန်ကူးမှု
ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး
ပေါ်ထွန်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၅ ဦး၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ
ရဲမှူးကြီး Acecal botster Dinn ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ် ၂၈ ဦး၊ စုစုပေါင်း
၄၃ ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan