ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက် အထိ
.
တနင်္ဂနွေ
.
စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ပေါက်လာမည်။ နှစ်ကာလကြာမြင့်စွာ ကွဲကွာနေသူ
ပြန်ဆုံတွေ့မည်။ ငွေကြေးအခက်အခဲ ရှိရာမှ ပြန်ပြေလည်လာမည်။ ကြီးသူအတွက် အပူသောကနည်းနည်းတွေ့ပါမည်။
သူတစ်ပါးကိစ္စကြားမဝင်ရ အခက်တွေ့တတ်သည်။ နေအိမ်အတွင်းသို့ မရဖူးသော ပစ္စည်းဝင်လာမည်။
ကုန်သည်များ အရောင်းအဝယ်အနည်းငယ် ကမောက်ကမဖြစ်လိမ့်မည်။ ဝန်ထမ်းများ အစားအသောက် ကောင်း
စားရမည်။ လက်ဆောင်ရမည်။ ပွဲစားများမှာ အိမ်အပေါင်တည့်လိမ့်မည်။ ငယ်သူများ အချစ် ရေးကိစ္စတွင်
ချစ်သူနဲ့ လမ်းခွဲရလိမ့်မည်။ သဘောကွဲမည်။ ကျန်းမာရေးကိစ္စများတွင် အစာအိမ်လေနာဖြစ် မည်။
ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို သင်္ကန်းလှူပါ။
တနင်္လာ
.
ကားရောင်းခြင်း၊ ကားဝယ်ခြင်း၊ ကြုံမည်။ ကားပြင်ရမည်။ အချို့မှာ
ဖုန်းဝင်မည်။ အလုပ်များပိနေ တတ်ပြီး မထင်မှတ်သော ခရီးသွားလာရမည်။ စီးပွားရေးအလုပ်အကိုင်များ
ခက်ခဲနေရာမှ အကွက်ကောင်း တွေ့ကာ မြတ်စွန်းပါမည်။ ရွှေလက်ဝတ်ရတနာဝင်မည်။ အဝတ်အစားသစ်ဝင်မည်။
စိတ်ပျော်ရွှင်ရတော့ မည်။ ကုန်သည်များမှာ အရောင်းနှေးနေမည်။ ပစ္စည်းတွင် ငွေမြုပ်နေမည်။
ဝန်ထမ်းများမှာ ငွေကြေးအ ထူးဝင်လာမည်။ ပွဲစားများမှာ ချေးငွေကိစ္စအောင်မြင်မည်။ ငယ်သူများမှာ
အချစ်ရေးတွင် ချစ်သူက မိမိ ကို ဂရုမစိုက်ဟု ထင်မြင်နေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင်
အအေးမိခြင်း၊ ဖျားနာခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ပေါင်မုန့်လှူပါ။
.
အင်္ဂါ
.
ခင်မင်ဖူးသော မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့လိမ့်မည်။ စိတ်ကျေနပ်စရာ
ကောင်းသောအဖြစ်များနဲ့ ကြုံတွေ့မည်။ စက်ပစ္စည်းအသစ်ဝင်မည်။ အိမ်တွင် လျှပ်စစ်မီးနဲ့
ပတ်သက်ပြီး ဆောင်ရွက်ရမည်။ စီးပွား ရေးအလုပ်များ တိုးချဲ့ရန်ပေါ်ပေါက်မည်။ ကြံစည်မည်။
မိတ်ဆွေကောင်းအကူအညီရမည်။ ထင်ရှားသော နေရာသွားရမည်။ ကုန်သည်များ အရောင်းအဝယ်ကောင်းမွန်နေမည်။
ဝန်ထမ်းများမှာ ခွင့်ယူခြင်း၊ အလုပ် နည်းခြင်းကြုံမည်။ ပွဲစားများမှာ အလုပ်ရပ်တန့်နေလိမ့်မည်။
ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် စိတ်ပျော်ရွှင်ရမည်။ ချစ်သူနဲ့ အတူ စားသောက်ဆိုင်သွားရလိမ့်မည်။
ကျန်းမာရေးကိစ္စတွင် ရေချိုး မှားမည်။ ရေသီးလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၃/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ပေါက်စီလှူပါ။
.
ဗုဒ္ဓဟူး
.
သူခိုးဘေး၊ လူလိမ်ဘေးကြုံမည်။ ဇာတိမြေသို့ အလည်သွားရမည်။ အဝေးမှ
ဧည့်သည်လာမည်။ လက်ဆောင်ကောင်းရမည်။ အိမ်တွင် ရေကိစ္စအပူတွေ့တတ်သည်။ ငယ်သူမင်္ဂလာပွဲကြုံမည်။
အချို့မင်္ဂ လာပွဲသွားရမည်။ စီးပွားရေးနည်းနည်းပြေလည်လာမည်။ ငွေနည်းနည်းမြတ်လာလိမ့်မည်။
အလုပ် ပိနေမည်။ ကုန်သည်များမှာ တပည့်အောက်လူ ဒုက္ခပေးလိမ့်မည်။ ဝန်ထမ်းများ ကြီးသူမစခံရလိမ့်မည်။
ပွဲစားများမှာ မြေအရောင်းတည့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့ ယာယီဝေးကွာခြင်း၊ ပူဆွေးရခြင်း၊
စိတ်မချခြင်း စသည်ကြုံမည်။ ကျန်းမာရေးတွင် လည်ပင်းအရိုးစူးမိလိမ့်မည်။ သတိထားပါ။ ကံကောင်းစေ
သောဂဏန်းမှာ (၂/၅/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ သြဇာညွှန့်လှူပါ။
.
ကြာသပတေး
.
ကားမောင်းသင်ရမည်။ အချို့မှာ ကားပြင်ရမည်။ ကားအလှဆင်ရမည်။ စီးပွားရေးအတွက်
နောက် ထပ်လုပ်ငန်းအသစ်တစ်ခု စဉ်းစားရလိမ့်မည်။ ငွေကြေးအထူးဝင်လာမည့် ကံလည်းရှိသည်။
ထင်ရှားသော သူများနဲ့ မိတ်ဆွေဖြစ်ရလိမ့်မည်။ တောင်ပေါ်တက်ရခြင်း၊ ရေတံခွန်လို နေရာရောက်ခြင်း၊
ကမ်းခြေ ရောက်ခြင်းကြုံမည်။ ကုန်သည်များမှာ အဆောက်အဦး ပြောင်းလဲခြင်း၊ ပြုပြင်ခြင်းလုပ်ရလိမ့်မည်။
ဝန် ထမ်းများမှာ အောက်လူကြောင့် ဖြေရှင်းရလိမ့်မည်။ ပွဲစားများမှာ ဘာမှအလုပ်မဖြစ်ဘဲ
တန့်နေမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူပေးသော ဝမ်းသာမှုရမည်။ အဆက်အသွယ်ရမည်။
ကျန်းမာ ရေးကိစ္စများတွင် ဝမ်းပျက်မည်။ အစားမှားမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၂/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ နှင်းဆီအနီ
၅ ပွင့်လှူပါ။
.
သောကြာ
.
ခရီးကျန်သေးသည်။ ငွေများများဝင်လာကိန်းရှိသည်။ အလိုရှိသော ပစ္စည်းများဝင်လာလိမ့်မည်။
အ ကြံအစည်ကောင်းပေါ်ပေါက်ပါမည်။ သူတစ်ပါး အပ်နှံသည့် ပစ္စည်းအရမ်းလက်မခံရ အမှုသင့်တတ်သည်။
မြေကိစ္စ၊ အမွေကိစ္စပြောဆို ဖြေရှင်းရလိမ့်မည်။ အဝတ်အထည်ကောင်းဝင်မည်။ ခရီးပျော်ရွှင်ရမည်။
ယာဉ်အသစ်လဲလှယ်ရမည်။ ကုန်သည်များ ဆုံးရှုံးနစ်နာနေသော ပစ္စည်းများ ပြန်လည်အရောင်းထွက်
လိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်တာဝန်ပြောင်းလဲရလိမ့်မည်။ ပွဲစားများ ချေးငွေမှ ပွဲခရလိမ့်မည်။
ငယ် သူများ အချစ်ရေးတွင် စန်းပွင့်သောကြောင့် ကမ်းလှမ်းသူများနေပြီး ဗျာများရလိမ့်မည်။
ကျန်းမာရေးကိစ္စ များတွင် ချောင်းဆိုးမည်၊ ရင်ကြပ်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၅/၄)ဖြစ်သည်။
ယတြာ။ ဘုရားတွင် တံခွန်လုံးတစ်ခုလှူပါ။
.
စနေ
.
ကိစ္စဟောင်းပြောဆိုရမည်။ ရွှေလည်းဝင်လာမည့်ကံရှိသည်။ ကားမောင်းသင်ရလိမ့်မည်။
သားသမီး ကြောင့်စိတ်ပျော်ရွှင်ရမည်။ အမြတ်များများရမည့် အလုပ်ပေါ်လာမည်။ ထူးခြားသော သတင်းစကား
ကြားသိရမည်။ အိမ်မြေများ အပေါင်ထားသော ကိစ္စဆောင်ရွက်ရမည်။ ငယ်သူမိတ်ဆွေ ဆက်စပ်ပြီး
အကျိုးရှိမည်။ အလုပ်ကောင်းပေါ်မည်။ ကုန်သည်များမှာ အလုပ်ပြောင်းရမည်။ ရောင်းကုန်ပစ္စည်းပြောင်း
လဲရလိမ့်မည်။ ဝန်ထမ်းများမှာ အပိုဝင်ငွေရလိမ့်မည်။ ပွဲစားများ အိမ်အရောင်းတည့်မည်။
ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူတွေ့မည်။ မပြတ်သားသော ကိစ္စပြတ်သားလာလိမ့်မည်။ ကျန်းမာရေးကိစ္စတွင်
ခါးနာမည်။ အကြောနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ဖျော်ရည်လှူပါ။
.
.
.
#KBZTai #Shan