စိုင်း Red
.
.
အရင်နှစ်တွေ တွေ့ကြုံရတဲ့ သတိပြုစရာ အချက်တွေကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်
မီးပုံး ပျံအဖွဲ့တွေအတွက် နည်းနည်းသတိပြုမိအောင် ပြောပြချင်ပါတယ်။ မီးပုံးပျံမှာ စက္ကူဟာ
အဓိ က ဆိုတာ ပြိုင်ပွဲဝင်တွေသိကြသလို မီးစာဟာ လည်း အဓိကကျနေပြန်တယ်။ မီးစာမကောင်း လို့
ပြန်ခေါက်သိမ်းရတာတွေလည်း နှစ်စဉ်ရှိနေ တယ်။ မီးစာမှာ ရေနံချေး မမှားရအောင် အထူး ဂရုစိုက်ဖို့လိုနေတယ်။
မီးစာအရမ်းကောင်းသွား ပြန်ရင်လည်း မီးတောက်အားကောင်းလွန်းသွား ပြီး လုံးပြည့်ပန်ချီဆွဲထားတဲ့
ကိုယ်ထည်နဲ့မီးပုံး ပျံတွေမှာ သွားဟပ်ပြီး အသေးကနေ အကြီးထိ ပေါက်ပြဲမီးစလောင်တတ်ပြီး
တစ်လုံးလုံးလောင် သွားတဲ့အထိ ဖြစ်တတ်တယ်ဆိုတာ သတိထား ရပါမယ်။ ဒါကြောင့် အဖွဲ့တွေအားလုံး
ပြောချင် တာ တစ်ခုချင်းဆီကို ပြိုင်ပွဲမဝင်ခင်မှာ အထပ် ထပ်ပြန်စစ်ပါ၊ သေချာပြီဆိုမှ
ခေါက်ပြီးသယ် ဆောင်ဖို့ ပြုလုပ်ပါ။ အထူးဂရုစိုက်ပါ။
နောက်တစ်ခုက မီးစာပါပဲ။ သူဟာ ပိဿာ ၁၈/၂ဝ အောက်ရှိနေတော့ အတင်အချဂရုစိုက်
ဖို့ လိုပါတယ်။ လေးဖက်လေးလံညီအောင် တင် ချပါ။ မညီရင် ၉ဝ ဒီဂရီ မတ်နေတဲ့ဟာက ၈ဝ ဒီဂရီ
လောက်အပေါ်မှာ နည်းနည်းတိမ်းစောင်း သွားရင် မီးညွှန့်အတက်က စောင်းသွားပါမယ်။ အဲဒီအခါ
ဘေးကို ဟပ်နိုင်ပါတယ်။ ညီညီညာ ညာနဲ့ အတင်အချ ဂရုပြုပါ။ ဒါက ညမီးကြီး တွေအတွက်ပါ။ အားလုံး
အသေးစိတ်က အစ ပြုလို့ အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်။
.
နေ့အရုပ်တွေကတော့ သိပ်ထူးထူးခြားခြား မှာစရာမလိုပါဘူး။ နှစ်စဉ်
ရိုးရာမပျက် လာ ရောက်ယှဉ်ပြိုင်ကြတဲ့ နေ့ရုပ်တွေကြောင့်လည်း နေ့ဘက်တွေ ပျော်စရာ ရက်ကလေးတွေ၊
ရီ မောစရာလေးတွေနဲ့ ဘဝအမောတွေ ခဏတာ ပြေနိုင်လို့ နေ့အရုပ်လေးတွေ ကြိုးစားပြီး လာ ရောက်ယှဉ်ပြိုင်ကြတဲ့အဖွဲ့အားလုံးကို
ကျေး ဇူးပါ။ နှစ်စဉ်လည်း ယှဉ်ပြိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
.
နောက် စိန်နားပန်ပါ။ စိန်နားပန် မီးပုံးပျံ တွေမှာ မီးပုံးလေးတွေချိတ်တဲ့အခါ
တချို့တွေ က ချိတ်နေကျပါသလို တစ်ခါမှ မချိတ်ဖူးတဲ့ သူတွေလည်း အဖွဲ့နဲ့လိုက်ပါလာမယ့်သူတွေ
ထဲ ပါနိုင်ပါတယ်။ သူတို့ကို ချိတ်နည်းအရင် ပြောပြသင်ကြားထားသင့်ပါတယ်။ မီးပုံးပျံတ
ကယ်ပြိုင်မှ မချိတ်ခိုင်းပါနဲ့။ မချိတ်တတ်ချိတ် တတ်နဲ့ချိတ်ရင် ချိတ်ကလေးတွေ ကွေးပြီး
မီး ပုံးငယ်လေးစောင်းသွားပြီး မီးပုံးပျံတလုံးလုံး လောင်တာ အရင်နှစ်က မြင်ခဲ့ပြီးလို့
ပြောပြရ ခြင်းဖြစ်ပါတယ်။ အဲဒီဟာကလည်း ချိတ်တဲ့လူ မကျွမ်းကျင်လို့ ဖြစ်ရတာပါ။ လူသစ်တွေအ
တွက် ပြောရတာပါ။ လူဟောင်း၊ အဖွဲ့ဟောင်း တွေကတော့ ကျွမ်းကျင်ပြီးသားပါ။ လိုက်ကြည့် ဖို့တစ်ဦးတာဝန်ပေးထားရင်
ပိုအဆင်ပြေမှာပါ။ သူက မီးပုံးပျံ၊ မီးပုံးချိတ်နေတုန်း တစ်ပတ်ချင်း လှည့်ကြည့်၊ ပုံမမှန်ရင်
ပြောနိုင်တဲ့သူဖြစ်ရပါ မယ်။ ပြိုင်ပွဲဝင်မယ့် မီးပုံးပျံအဖွဲ့သားများအား လုံး လှလှပပနဲ့
လုပ်ထားကြတဲ့ ကိုယ့်ရဲ့မီးပုံးပျံ အလှပသာဒတွေကို ကြည့်ရှုရင်းနဲ့ ၂ဝ၁၈ တန် ဆောင်တိုင်ပွဲတော်မှာ
တောင်ကြီးသားတို့ ထုံး စံအတိုင်း ချစ်ကြည်ရင်းနှီးစွာနဲ့ တောင်ကြီးသား ဆိုတာ ဒီလိုဟေ့လို့
တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာ လုံးက သိရှိပြီးဖြစ်တဲ့အတိုင်း ယဉ်ကျေးသိမ်မွေ့ စွာနဲ့ မြို့ဂုဏ်ဆောင်လို့
ပျော်ရွှင်နိုင်ကြပြီး ကိုယ် ကြိုးစားတည်ဆောက်ထားတဲ့ မီးပုံးပျံကို ဂုဏ်ယူဝံြ့<ွကားစွာနဲ့
လွှတ်တင်ရင်း ပျော်ရွှင်စရာ တန်ဆောင်တိုင်ကာလလေးကို ပျော်ရွှင်ကြည် နူးစွာ ဖြတ်သန်းနိုင်ကြပါစေလို့
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။
.
မင်္ဂလာပါ တန်ဆောင်တိုင်၊ တောင်ကြီး တန်ဆောင်တိုင်၊
.
ရိုးရာမပျက်တဲ့ တို့တောင်ကြီးတန်ဆောင် တိုင်သို့။ ။
.
.
.
#KBZTai #Shan