စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူသည့် အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ၁၇၁ တွင် ရပ်တည်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူသည့် အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ၁၇၁ တွင် ရပ်တည်နေ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ကမ္ဘာပေါ်ရှိ နိုင်ငံများအား၂ဝ၁၈ ခုနှစ်အတွက် စီးပွားရေး လုပ်ကိုင် ရန် လွယ်ကူသည့် အဆင့် သတ်မှတ် ချက်ကို ကမ္ဘာ့ဘဏ်မှ စစ်တမ်း ကောက်ယူရာတွင် မြန်မာနိုင်ငံ အ နေဖြင့် ယခင် ၂ဝ၁၇ ခုနှစ်က အ တိုင်း ကမ္ဘာ့အဆင့် ၁၇၁ တွင် အီရတ်နိုင်ငံနှင့်အတူ ရပ်တည်နေ ကြောင်း DOING BUSINESS (Measuring Business Regula tions) ၏ ထုတ်ပြန်ချက် အရ သိရ သည်။
.
 
.
အဆိုပါ အဆင့်သတ်မှတ်ချက် အနက် အများဆုံးအဆင့်မှာ ၁၉ဝ ဖြစ်ပြီး အဆင့်တစ် နေရာတွင် နယူးဇီလန်နိုင်ငံ၊ အဆင့် ၂ နေရာ တွင် စင်္ကာပူနိုင်ငံ၊ အဆင့် ၃ နေ ရာတွင် ဒိန်းမတ်နိုင်ငံ၊ အဆင့် ၄ နေရာတွင် ဟောင်ကောင်တို့က ရပ် တည်နေကြောင်း ဖော်ပြပါရှိသည်။
.
အဆိုပါ စစ်တမ်းကို လုပ်ငန်း စတင်နိုင်မှု၊ တည်ဆောက်မှု ခွင့်ပြု ချက် ရရှိမှု၊ လျှပ်စစ်ရရှိမှုနှင့် လုံ လောက်မှု၊ အခွန် ပေးဆောင်ရမှု၊ နယ်စပ်ကုန်သွယ်မှု၊ ကန်ထရိုက် လုပ်ငန်းများ တွန်းအားပေးနိုင်မှု၊ ပြဿနာများ ဖြေရှင်းနိုင်စွမ်း ရှိမှု၊ ပိုင်ဆိုင်မှုအတွက် မှတ်တမ်းဝင်မှု၊ ဘဏ်ချေးငွေ၊ ရင်းနှီးမြုပ်နှံသူ လူ နည်းစုသို့ ကာကွယ်ပေးမှု စသည့် အချက်များအပေါ် မူတည်ကာ အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
.
''အရင်နှစ်က ဖြေတဲ့ပြည်သူ တွေက ကမ္ဘာ့ဘဏ်က မေးတဲ့ မေး ခွန်းတွေကို နားမလည်လို့ ဆိုပြီး ပြောပေမယ့် ဒီနှစ်မှာတော့ ဒီအတိုင်းပဲ ဖြစ်နေတာဟာ ကြိုးနီစနစ်တွေ၊ အ စိုးရဌာနဆိုင်ရာတွေမှာ ပြင်ဆင် ဖြေ လျော့တာတွေ မလုပ်ဘဲ မေးခွန်း နားမလည်လို့ပါဆိုတဲ့ ဆင်ခြေနဲ့ ဆိုရင်တော့ အဆင့်တက်ဖို့က အ လှမ်းဝေးနေမှာပါ'' ဟု့ င်္ဃြဃှု ၏ အမှုဆောင်တစ်ဦး ဖြစ်သူ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင် များအသင်း  ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။
.
စီးပွားရေး လုပ်ကိုင်ရန် လွယ် ကူသည့် အချိုးအစားများ၊ သက် ဆိုင်သည့် လူဦးရေ အချိုးအစားနှင့် ယာဉ်အချိုးအစားများ စာရင်းများအရ တရုတ်နိုင်ငံလူဦးရေ သန်း ၁၄ဝဝ တွင် ၃၂၄ သန်းကျော်၊ ဗီယက် နမ်နိုင်ငံ လူဦးရေ ၉၃ သန်းကျော် တွင် ကားအစီးရေ ၃ သန်း နီး ပါး၊ ထိုင်းနိုင်ငံရှိ လူဦးရေ သန်း ၇ဝ နီးပါးတွင် ကားအစီးရေ ၁၇ သန်းကျော်၊ စင်္ကာပူ လူဦးရေ ၆ သန်းတွင် ကားအစီးရေ တစ်သန်း နီးပါး ရှိနေပြီး မြန်မာပြည်လူဦးရေ သန်း ၅ဝ ကျော်တွင် စင်္ကာပူထက် နည်းပါး နေကာ စီမံခန့်ခွဲမှုနှင့် စည်း ကမ်းလိုက်နာမှု၊ လမ်းအဆင့်အတန်း စသည့် အချက်အလက်များ ကြောင့် ကုန်စည် စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်ရသည့်အပြင် မြန်မာနိုင်ငံရှိ လူ ၁ဝဝဝ လျှင် ကားပိုင်ဆိုင်မှု ၁၄ ဦးသာ ရှိသဖြင့် မြန်မာနိုင်ငံအတွင်း ရန်ကုန်မှအပ ကျန်ဒေသများတွင် မော်တော်ယာဉ် လိုအပ်ချက် များ ပြားစွာ ဖြစ်ပေါ်နေကာ ယခုချိန်အထိ အခက်အခဲ ဖြစ်နေကြောင်းကို အ ဆိုပါ နှိုင်းယှဉ်နိုင်ငံများစာရင်းတွင် ဖော်ပြထားသည်။
.
နိုင်ငံ၏ စီးပွားရေးနှင့် ပတ် သက်၍ စီမံခန့်ခွဲမှု အပိုင်းများတွင် ပြန်လည် သုံးသပ်၍ မှန်ကန်သည့် လုပ်ငန်းများ၊ အခြေအနေများ၊ အရင်းအမြစ်များကို တည်ဆောက် နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း စီး ပွားရေး လုပ်ငန်းရှင်များကလည်း သုံးသပ်ပြောဆိုလျက်ရှိကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats