အရှေ့တောင်အာရှ သတင်းဆရာများ မဟာမိတ်အဖွဲ့က မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ ၂ ခုအား တင်းပြည့်အဖွဲ့ဝင် အဖြစ် အတည်ပြု လက်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အရှေ့တောင်အာရှ သတင်းဆရာများ မဟာမိတ်အဖွဲ့က မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ ၂ ခုအား တင်းပြည့်အဖွဲ့ဝင် အဖြစ် အတည်ပြု လက်ခံ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အောက်တိုဘာလ ၃၁ ရက်က ကျင်း ပပြုလုပ်သည့် အရှေ့တောင်အာရှ သတင်းစာ ဆရာများ မဟာမိတ် အဖွဲ့(Southeast Asian Press Alliance - SEAPA) ၏ အထွေ ထွေ ညီလာခံမှ မြန်မာနိုင်ငံက မီ ဒီယာ အဖွဲ့အစည်း ၂ ခု ဖြစ်ကြ သည့် Burma News Interna tional-BNI နှင့် Myanma Jour nalists Network – MJN တို့ကို တင်းပြည့်အဖွဲ့ဝင် (Full Member) အဖြစ် အတည်ပြု လက်ခံလိုက် ကြောင်း အဆိုပါ အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
'' SEAPA က ၁၉၉၈ ခုနှစ် မှာ သတင်း လွတ်လပ်ခွင့်အပေါ် ရည်ရွယ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ ထိုင်း ၃ နိုင်ငံက စတင် ဖွဲ့စည်း ခဲ့တာပါ။ မြန်မာကတော့ ၂ဝ၁၄ မှာ အဆိုပြု အဖွဲ့ဝင်အဖြစ် လက် ခံပြီး အခု အစည်းအဝေးမှာတော့ တင်းပြည့်အဖွဲ့ဝင် အဖြစ်နဲ့ သတ် မှတ် လိုက်တာပါ။ တင်းပြည့် ဖြစ် သွားပြီဆိုတော့ မဲပေးခွင့်၊ ဒါရိုက်တာ အဖွဲ့ဝင်များ အဖြစ် ဝင် ရောက် အရွေးခံခွင့်တွေ အပြင် သတင်း လွတ်လပ်ခွင့် အပိုင်းတွေ မှာ ပိုမိုကျယ်ပြန့်စွာ ပါဝင် ဆောင် ရွက်နိုင်တော့မှာ ဖြစ်ပါတယ်'' ဟု MJN ၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ နိုဝင်ဘာလ ၂ ရက်တွင် ပြောကြား ခဲ့သည်။
.
အရှေ့တောင်အာရှ သတင်းစာ ဆရာများ မဟာမိတ် အဖွဲ့တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့မှ မီဒီယာအဖွဲ့ ၁၆ ဖွဲ့ ပါဝင်နေကာ ဗီယက်နမ်၊ စင်္ကာပူ၊ ဘရူနိုင်း၊ လာအို စသည့်နိုင်ငံများ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
.
Burma News International-BNI ကို ၂ဝဝ၃ ခုနှစ်တွင် အဖွဲ့ ၄ ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ် ပြီး ယခုအခါတွင် အဖွဲ့ဝင် ၁၄ ဖွဲ့ ရှိနေကြောင်း သိရသည်။ ထို့ အတူ Myanmar Journalist Network - MJN ကို ၂ဝ၁၂ ခုနှစ်က တရား ဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ စာရင်းများအရ  သတင်းမီဒီယာ အဖွဲ့ဝင် ၅ဝဝ ကျော် အထိ ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ SEAPA  က တင်း ပြည့်အဖွဲ့ဝင် အဖြစ် အသိအမှတ် ပြုခံရသည့် အဖွဲ့မှာ မြန်မာနိုင်ငံမှ  မီဒီယာအဖွဲ့ ၂ ဖွဲ့ အပြင် ဗီယက် နမ်နိုင်ငံမှ MUJC အဖွဲ့လည်း ပါ ဝင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats