မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့အ၀င်ဂိတ်တွင် တရားမ၀င် ပိတောက်သစ်များ တင်ဆောင်လာသည့်တွဲ၏ကား ၁ စီး အား
သယ်ဆောင်မောင်းနှင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲသစ်တောဦးစီးဌာနမှ သတင်းရရှိ
သည်။
.
.
“သစ်တွေက
တိုင်းတာနေဆဲပါ၊ ခန့်မှန်း ၂၈ တန်ရှိနိုင်ပါတယ်။ မနက်ဖန်သေချာတိုင်းပြီးမှ သိနိုင်ပါမယ်။
အခုကရိန်းကား ငှားပြီးချဖို့ လုပ်ဆောင်နေပါတယ်”ဟု ကျောက်မဲသစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးသူရကျော်က ပြောသည်။
နိုဝင်ဘာလ
၅ ရက် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျောက်မဲတာဝန်ကျ စရဖ မှ သတင်းရရှိသဖြင့် မြို့နယ်
သစ်တောဦးစီးအရာရှိ ဦးသူရကျော်နှင့်သစ်တောဝန်ထမ်းများ၊ကျောက်မဲ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုရဲအုပ်ဝင်းဖေဦးစီး ရဲတပ်ဖွဲ့ဝင်များမှ ကျောက်မဲမြို့၊ မန္တလေးဘက်မှအ၀င် တိုးလ်ဂိတ်တွင်
မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေစ်စစ်ဆေး နေစဉ် ရပ် ကွက်(၃)၊ သိန္နီမြို့နေ ညီညီ(ခ)အိုက်နောင့်(၃၆)နှစ်မောင်းနှင်လာသည့်
တွဲကားအး ရှာဖွေရာမှ တ ရားမ၀င် ပိတောက်သစ်များ တင်ဆောင်လာသည်ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
.
တရားမ၀င်သစ်များတင်ဆောင်လာသူ၏
ပြောကြားချက်အရ အဆိုပါသစ်များကို ရန်ကုန်-မန္တလေးလမ်းမကြီးတစ်နေရာမှ တင်ဆောင်လာခြင်း
ဖြစ်ကြောင်း သိရှိရပြီး မူဆယ် ၁၀၅ မိုင် ရှိ မော်တောင်း သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း
သိရကာ သစ်များ တင်ဆောင်လာသည့် ယာဉ်မောင်းအား အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan