မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့နယ်၊ နမ့်မားကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု
ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
ကျောက်မဲမြို့နယ်၊
မန်ခေါက်အုပ်စု၊ ခုံငင်းရွာမှ အမျိုးသမီးများသည် အုပ်စုလိုက် ကျောက်မဲမြို့သို့ ဆင်းလာစဉ်
ကျောက်မဲမြို့မှ ၁၃ မိုင်ခန့်အကွာ၊ နမ့်မားရွာအနီး၊ ခုံငင်းလမ်းခွဲ၊ ထမင်းဆိုင်တန်းမရောက်မီ၊
နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာမှ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့
၂ ရက်ကပဲ ကွန်ကော်စစ်ရှောင် ၁၅ ဦးလောက်ရှိတဲ့ အဖွဲ့ကို လိုက်ပို့ရင်း အဲဒီနေရာရောက်ခဲ့သေးတယ်။
ဒီနေရာက နှစ်ဘက်အဖွဲ့ အပြန်အလှန်ရောက်ရှိတတ်တဲ့နေရာဖြစ်တယ်” ဟု ကျောက်မဲမြို့အခြေစိုက်
ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူ ဦးတင်မောင်သိန်းက ပြောသည်။
.
မိုင်းဒဏ်ရာရသူများအနက်
ဆိုင်ကယ်မောင်းနှင်သူ နန်းငွေခိုင်(၂၆နှစ်)မှာ ဝဲဘက်လည်ပင်း ၁)ချက်၊ ဝဲလက်မောင်း ၁
ချက်၊ ဝဲပေါင်ဖောက်ဝင် ဒဏ်ရာ ၁ ချက် မစိုးရိမ်ရဒဏ်ရာများရရှိကာ ဆိုင်ကယ်နောက်မှစီးသူ
မခမ်းရင် (၂၀နှစ်)မှာ ဝဲဘက် ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာလည်ပင်းဖောက်ဝင် ၁ ချက်၊
ဝဲဝမ်းဗိုက်ဖောက်ဝင် ၁ ချက် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြကြောင်းသိရသည်။
.
စိုးရိမ်ရဒဏ်ရာရသူ
မခမ်းရင် အား မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရေးပို့ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း
သိရှိရသည်။
.
.
.
#KBZTai
#Shan