မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
လင်းခေးခရိုင်၊ မိုးနဲမြို့တွင် လူနေအိမ်များအတွင်းရှိ စေတီ၊ ပုထိုး၊ ဘုရားများအား
ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မသမာမှုများ မဖြစ်ပွားစေရေးအတွက် ခြံရှင်များအား ခံဝန်ကတိများရယူကာ
သဘာဝအရ ပျက်စီးလျှင်လည်း အချိန်နှင့်တပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန် မိုးနဲမြို့နယ်
သံဃနာယကအဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးရုံးနှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့က နိုဝင်ဘာ
၁၂ ရက်တွင်ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ဂေါပက အဖွဲ့များသို့အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း
သိရသည်။
.
.
“ထိန်းသိမ်းမှရတော့မယ်။
စော်ဘွားခေတ်အဆက်ဆက်ကတည်းက မိုးနဲမှာ သာသနာ့အဆောက်အအုံတွေပေါများ သလို လူနေအိမ်ခြေတွေနဲ့လဲ
ကင်းဝေတယ်။ နောက်တော့ ဖြတ်လေးဖြတ်ခေတ်နောက်ပိုင်း ရွာတွေကရောက်လာသူတွေကို နေရာချထားပေးခဲ့ရာ
ပုံစံ ၁၀၅ တွေ ဘာတွေ ပေါ်လာတယ်။ အခုခြံဝင်းးပိုင်ရှင်တွေမှာ ဘာသာခြားတွေပါလာတော့ သူတို့ကနားမလည်ဘူး၊
ပြိုပျက်မှုတွေ ဖြစ်လာမှအရေးယူတာထက် သာသနာ့အဆောက်အအုံတွေ သီးခြားရှိဖို့ သက်ဆိုင်ရာကို
အကူအညီတောင်းရတာပါ” ဟု မိုးနဲမြို့နယ်သံဃနာယက
ဥက္ကဌဆရာတော် ဘဒ္ဒန္တမာဃိန္ဒက ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
နိုဝင်ဘာလ
၉ ရက်က မိုးနဲမြို့ အိမ်ဝင်းတစ်ခုအတွင်းရှိ စေတီတစ်ဆူအား ခြံရှင်မှဖြိုဖျက်သည်ဟု သတင်းများထွက်
ပေါ်ပြီးနောက် ဓမ္မစက်၊ အာဏာစက်များဖြင့် သာသနိကအဆောက်အအုံများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်
အကြောင်း ကြားစာပေးပို့ရခြင်းဖြစ်ကြောင်း၊ မောင်ခိုင်မောင်နိုင်ဘုရားဝန်းကျင်ရှိ ရေထွက်များနှင့်နီးကပ်စွာ
လူနေအိမ်ခြေ၊ စိုက်ပျိုးမြေ များ တည်ရှိနေမှုနှင့် ပတ်သက်၍လည်း ဇာတိမြေအုပ်ချုပ်သူစော်ဘွားများမှ
သာသနိကအဆောက်အအုံများအနီးတွင် ဥယျဉ်များသတ်မှတ်ပေးခဲ့ခြင်းဖြင့် စောင့်ရှောက်နိုင်ခဲ့ကြောင်း၊
ယခုတွင်မူ ဇာတိမဟုတ်သည့် အုပ်ချုပ်ရေးအာဏာပိုင် များကြောင့် ရေတိုသာကြည့်၍ ယခုကိစ္စများ
ဖြစ်ပွားပေါ်ပေါက်ရခြင်းဖြစ်ကြောင်း ဆရာတော်မှ ရှင်းလင်းမိန့်ကြားသည်။
.
အဆိုပါကိစ္စနှင့်
ပတ်သက်၍ မိုးနဲမြို့နယ် သာသနာရေးဦးစီးဌာနမှူး ဦးပြည့်ဖြိုးကျော်က “ဌာနကတော့ သာသနာ
ကိုအထောက်အပံ့ပြုဖိုY လုပ်ဆောင်ပါတယ်/ လွဲနေရင်လည်းတည့်မတ်စေဖို့ ဆောင်ရွက် ပါတယ်။
ဆိုင်ရာဂေါပကများကို စုစည်းထားတဲ့ မြို့နယ်အဆင့်ဂေါပကအဖွဲ့ကိုလည်း အုပ်ချုပ်ရေးက အတည်ပြုထားပြီး
ဖြစ်လို့ သာသနာနဲ့ မသင့်မလျော် ဖြစ်ပေါ်ရတဲ့အကြောင်းများကို ညှိနှိုင်းပြီးဆောင်ရွက်နေပါတယ်”ဟု
ပြောသည်။
.
မိုးနဲမြို့နယ်၊
ပေါ့မိုင်းရပ်ကွက်တွင် ညဏ်တော် ၄၅ ပေ၊ အောက်ခြေ ပေ၂၀ ×၂၀၊ခန့်ရှိရှေးဟောင်းတစ်ဆူသည်
နိုဝင်ဘာလ ၈ ရက် နံနက် ၇ နာရီခွဲအချိန်ခန့်က ကြံ့ခိုင်မှုအားနည်း၍ပြိုကျသည့်အပေါ် ကောလာဟလသတင်းများ
ထွက်ပ်ါခဲ့သည့်အတွက် နောင်အလားတူဖြစ်စဉ်မျိုးမဖြစ်ပွားစေရေးအတွက် နိုဝင်ဘာ ၉ ရက်က၊ ၀ိဇ္ဇာထိုရ်ဘုန်းတော်
ကြီးကျောင်းတွင်ပြုလုပ်သည့် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ
ခြံဝင်းအတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နှင့် ဘုရားစေတီပုထိုးများအား မည်သူတစ်ဦးတစ်ယောက်မျှ
ခွင့်ပြုချက်မရရှိဘဲ၊ ပြုပြင်ခြင်း၊ ပျက်စီးစေခြင်း၊ ပျက်စီးစေရန်အားထုတ်ခြင်း၊မပြုလုပ်စေရေး
ကျယ်ပြန့်စွာ အသိပေးရှင်းလင်းသွားရန်နှင့်
ခြံရှင်၏ ခံဝန် ကတိပြုလက်မှတ်ရယူထားရန်၊ သဘာဝပျက်စီးမှုမျာအား အချိန်နှင့်တစ်ပြေးညီတင်ပြရန်နှင့်
နေအိမ်ခြံဝင်းအတွင်းရှိ စေတီပုထိုးများအား စနစ်တကျ စာရင်းကောက်ယူသွားရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား
နိုဝင်ဘာလ ၁၂ ရက်တွင် အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင်
မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ နမ့်ဟူးရေထွက်၊ မောင်ခိုင်မောင်နိုင်ဘုရားအနီးဧရိယ၀န်းကျင်၊
ကားလမ်းမနှင့် ရေထွက် ဧရိယာဝန်းကျင်တွင် စိုက်ပျိုးမြေအဖြစ်အသုံးပြုရန်မှအပ အဆောက်အအုံဆောက်လုပ်ခြင်း၊
သစ်ပင်ကြီးများခုတ်ထွင်ခြင်းမပြုရန်၊ ရေထွက်ပေါက်များကို ဗဟြို့ပု၍ ပေ ၁၀၀ ပတ်လည်အား
ကျူးကျော်အသုံးမပြု စေရေးအတွက် အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် ခြံပိုင်ရှင်များဖြစ်သည့်
ဒေါ်တင်တင်ဝင်း၊ ဦးအောင်နိုင်၊ ဦးအောင်မြတ်စိုး၊ ဦးအားချန်တို့ ၄ ဦးအား ခြံမြေများနှင့်ပတ်သက်၍
လူနေထိုင်ရန်အဆောက်အဦး ဆောက်လုပ် ခြင်းမရှိစေရေး တားမြစ်ရန် ပထမအကြိမ်နှိုးဆော်ကြောင်း
သိရသည်။
.
“အမှန်တော့
စိုက်ပျိုးမြေဆိုပြီးယူထားသူတွေက တောင်သူတွေလည်းမဟုတ်ဘူး၊ ပုံစံ (၁၀၅) လည်း ၂ ယောက် ပဲရှိပြီး ကျန်တဲ့ ၂ ယောက်ကမရှိဘူး။
ပြီးတော့ ပေ ၁၀၀ ပတ်လည်လို့ ဒေသန္တရအမိန့်ထုတ်တာလည်း နီးလွန်းတယ်။ အရင် က ၂ မိုင်၊ နောက်ပိုင်း
ကိုက် ၂၀၀ ကနေ အခု ပေ ၁၀၀ ရောက်လာတာ၊ ဒေသန္တရအမိန့်က ဒေသကိုကာကွယ်ဖို့ လုံလောက်မှု ရှိရပါမယ်။
ဒီဒေသန္တရ ပေ ၁၀၀ ကို ပယ်ဖျက်ပြီး လုံလောက်တဲ့အကွာအဝေးပြန်လည်သတ်မှတ်ပေးဖို့ ၀န်ကြီးချုပ်ကို
ဖုန်းနဲ့တင်ပြထားတာ လာမယ့်အပါတ်ထဲတွေ့ပါ့မယ်” ဟု မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးမွမ်းလိန်က ပြောသည်။
.
ယင်းသို့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် လိုအပ်သည့်အချက်များပြုစုနေပြီး
တွေ့ဆုံမည့်အဖွဲ့ အား ရွေးချယ်ဖွဲ့စည်းနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
.
မိုးနဲမြို့သည်
ဘီစီ ၅၀၀ ခန့်က စတင်တည်ထောင်ခဲ့ပြီး ပြည်မရှိ ပုဂံနှင့်ခေတ်ပြိုင်ဖြစ်သည်။ ရှမ်းပုဂံအဖြစ်တင်စား
ခေါ်ဝေါ်နေကြကာ ပြည်တွင်းပြည်ပ လေ့လာသူများလာရောက်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့တင်ပြတား
ပြီး ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှလည်း လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိသည့် မြို့ဖြစ်ကြောင်း
သိရှိရသည်။
.
.
.
#KBZTai
#Shan