မိုင်းပန်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းမီးလောင်ကျွမ်းရာ ကိုရင် ၂ ပါး မီးသင့်၍ ပျံလွန်ကာ ၂ ပါး ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းမီးလောင်ကျွမ်းရာ ကိုရင် ၂ ပါး မီးသင့်၍ ပျံလွန်ကာ ၂ ပါး ဒဏ်ရာရရှိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ ပန်ပိကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နိုဝင်ဘာလ ၇ ရက် ညက မီးသင့်လောင်ကျွမ်းရာ ကိုရင် ၂ ပါးမီးသင့်၍ ပျံလွန်ခဲ့ပြီး ၂ ပါးမှာ စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်းမိုင်းပန်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ထံမှ သိရှိရသည်။
.
 
.
“ကျောင်းအပေါ်ထပ်မီးလောင်ပြီး ကိုရင်နှစ်ပါး ပျံလွန်တော်မူတယ်။ မီးက ည ၁၁ နာရီခွဲကနေ ၁၂ နာရီခွဲလောက်အထိ လောင်တယ်။ ဒဏ်ရာရတဲ့ကိုရင်တွေ ရွာမှာပဲ ဆေးကုနေတယ်ပြောတယ်။ ဆေးရုံတော့ရောက်လာတာ မရှိပါဘူး။ အမှု ဖွင့်ဖို့တော့ လုပ်ဆောင်နေပါတယ်`ဟု မိုင်းပန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ မီးသင့်လောင်သည့် ဘုန်းတော်ကြီးကျောင်းမှာ ပေ ၄၀ ရှိပြီး သွပ်မိုး၊ ပျဉ်ကာ ပအိုဝ်းဘုန်းတော်ကြီးကျောင်း ဖြစ်ကာ ဘုရားမီးထွန်းသည့် ဖယောင်းတိုင်မှ မီးသင့်လောင်ကျွမ်းသည်ဟု သိရှိရကြောင်း မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့် ကဆိုသည်။
.
“နယ်ထိန်းကပြောတာတော့ ဖယောင်းတိုင်းမီးက လောင်တယ်ပြောတယ်။ ဆေးရုံတော့ရောက်လာတာမရှိပါဘူး။ ရှို့မီးလို့ ကြားပေမဲ့ အတည်ပြုချက်ကတော့ ဘယ်ကမှ မရပါဘူး`ဟု ၄င်းက ပြောသည်။
.
အဆိုပါမီးလောင်မှုနှင့်စပ်လျဉ်း၍ မိုင်းပန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဦးတင်ခိုင်က”သေချာသိအောင် သွားရောက်စုံစမ်းနေပါတယ်။ သက်သေခံဓာတ်ပုံတွေနဲ့ ရွာရဲ့ပြောကြားချက်တွေသိအောင်စုံစမ်းခဲ့ပါလို့ မှာလိုက်ပါတယ်။ ထူးခြားချက်အရ ရှို့မီးဖြစ်တယ်ဆိုရင် အကြောင်းကြားပေးပါ့မယ်`ဟု ပြောသည်။
.
အဆိုပါ ပန်ပိ ခေါ် မိုင်းပုတ် ရွာမှာ မိုင်းပန်မြို့၏တောင်ဘက် ၄၈ မိုင်ခန့်အကွာခန့်တွင် တည်ရှိပြီးနေ့ချင်းပြန် သွားရောက် နိုင်ခြင်းမရှိသည့် တောင်ပေါ်ရွာကြီးတစ်ရွာဖြစ်ကြောင်း ၄င်း ၏ ပြေပြချက်အရ သိရသည်။
.
အဆိုပါ ဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နောင်လေအုပ်ချုပ်ရေးပိုင်းမှ လူတစ်ဦး လက်နက်ကိုင်တစ်ဖွဲ့၏ ပစ်သတ်ခံခဲ့ရပြီး ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO တို့ အခြေပြုလှုပ်ရှားသည့် နယ်မြေ ဖြစ်ကာ PNO ပြည်သူ့စစ်အဖွဲ့၏ လှုပ်ရှားနယ်မြေလည်း ဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက RCSS နှင့်PNLO/PNO တို့အကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားမှု အချို့ရှိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats