ဇော်ရှိန်း (ပန်းချီ)
.
.
လေနုအေးများ လာရောက်ပွေ့ဖက်ကြ သော်လည်း ဝမ်းမသာနိုင်၊ ဝိုင်းစက်သော
လမင်းကြီးက ပြုံးပြနေတာတောင် ကျေးဇူးတင် စကား ပြောချိန်မရှိ၊ ကြယ်ကလေးများ ဝှေ့ယမ်း
နှုတ်ဆက်နေမှန်းသိလျက် အဖော်မလုပ်နိုင်၊ လေရူးနှင့်အတူ ပျော်မြူးကခုန်လာကြသော ပန်းရနံ့များကိုပင်
မရှုရှိုက်ဖြစ်၊ စင်စစ် တ လောကလုံးသည်ပင် အိပ်မော ကျချိန်တွင် ကျွန်တော်သည် တစ်ယောက်တည်း
အတွေး များဖြင့် နပန်းလုံးနေရသည်။ လူ့ဘဝဟူသည် ကမ္ဘာအနှံ့အပြားသို့ အလွယ်တကူ လက်လှမ်း
မှီ ဆက်သွယ်နိုင်သည်။ လူ့ဘဝက ကုသိုလ်ပြု၍ လူ့စည်းစိမ် ချမ်းသာကိုလည်း ပြန်ရနိုင်သည်။
နတ်စည်းစိမ်ချမ်းသာ၊ ဗြဟ္မာစည်းစိမ်ချမ်းသာ ကိုလည်း ရရှိခံစားနိုင်သည်။ ကျွန်တော်တို့သည်
အသွင်မတူတဲ့ ရက်စွဲတွေနဲ့ မိမိဘဝရှင်သန်ရပ် တည်နိုင်ရေးအတွက် မှားမှန်ကိုဝေဖန်ပိုင်းခြား
မှုအား နည်းစွာ လက်ထဲတွင်သာ ဆုပ်ကိုင်မှုအား ပြုကာ ဖြတ်သန်းနေကြရသူတွေ ဖြစ်သည်နှင့် အညီ
အမှားတောမှာ ပျော်နေကြသည်။ ယင်း အမှားများကြောင့် ကိုယ့်ကိုယ်ကို အများကြည် ညိုအောင်
ကြိုးစားအားထုတ်မှုမပြုဘဲ သူများ ကိုကြံဖန်ပြီးတော့ ကြည်ညိုနေခြင်းကြောင့်ပင် မိမိရဲ့
ပင်ကိုငယ်စွမ်းရည်များ ရော့ရဲကာ တ ဖြည်းဖြည်းပျောက်ကွယ်တော့သည်။
ဆုံးဖြတ်ချက်တစ်ခုသည် မှန်ကန်တိကျသည် ဆိုစေဦး အဆုံးအဖြတ်ခံရသူတို့ကို
ထိ ခိုက်နစ်နာသွားခြင်းမျိုးလည်း ရှိတတ်ပါသည်။ တစ်ခါတစ်ရံ လူကြီးငယ်အတွေးမှန်တယ်ဆိုတဲ့
အရာက လောကကြီးမှာ လောဘနည်းတဲ့ လူပျင်း တွေကြီးရှိနေမယ်ဆိုရင် တကယ်ကို ငြိမ်းချမ်းမယ်။
သာယာဝပြောမယ်။ ကမ္ဘာဦးက ပ ဒေသာပင်ကွယ်တာဟာ လူပျင်းတွေကြောင့် မ ဟုတ်ဘူး။ လူပျင်းတွေကဆာမှပဲ
ပဒေသာပင် က သွားပြီး ဆွတ်ယူတယ်။ စားတယ်၊ ကောက် ကျစ်စဉ်းလဲတဲ့ လောဘကြီးတဲ့လူတွေကသာ လုံ့လ၊
ဝီရိယမျိုးရှိတဲ့ လူတွေကသာ နေ့ဘို့ ညစာဆိုပြီး ကြိုယူ၊ ပိုယူထားကြတယ်။ သူတို့ ကြောင့်
ပဒေသာပင်ကြီးကွယ်ရတာဖြစ်သည်။ ဒါကြောင့် ဒီကမ္ဘာလောကကြီး သာယာစေချင် ရင် ကောက်ကျစ်စဉ်းလဲတဲ့
လုံ့လဝီရိယမျိုးမရှိ အောင် မှားယွင်းသော ဆုံးဖြတ်ချက်မျိုးမဖြစ် အောင် လုပ်ဖို့လိုသည်။
.
သေနတ်တွေ၊ ဗုံးတွေကို ဘယ်သူထွင်တာ လဲ၊ လုံ့လဝီရိယရှိတဲ့ အတ္တကြီးသူ
စစ်ကိုလို လားတဲ့ လူတွေသာ ထွင်တာဖြစ်တယ်။ အသုံးချတာဖြစ်တယ်။ လူပျင်းတွေကတော့ ဘာမှ လည်း
မထွင်၊ ဘာမှလည်း မလုပ်တတ်ဘူး။ ဘာမှလည်း ရချင်စိတ်မရှိဘူး။ စောစောကပြောတဲ့ လူမျိုးတွေကတော့
သေနတ်တွေ၊ ဗုံးတွေ၊ အမြှောက်တွေ၊ ကျည်ဆံတွေ၊ အနုမြူလက် နက်တွေ တီထွင်ခဲ့လို့ စစ်တွေဖြစ်နေကြတာ၊
ဆုံးဖြတ်ချက်တွေ မှန်တာလား၊ မှားတာလား၊ ကျွန်တော်သည် အရွယ်ရင့်ပါမှ ကဘောက်တိ ကဘောက်ချာအတွေးအရေးထဲမှာ
ချာချာလည် ရူးသွပ်စွာဖြစ် ဆုံးဖြတ်ချက်မှားခဲ့သည်လား မသိတော့။ ဆေးရုံတွင် သေအံ့ဆဲဆဲ
လူနာတစ်ယောက်အား ''ခင်ဗျားသေတော့မယ်''ဟု ဆုံး ဖြတ်ချက်ပေးကြည့်လိုက်ပါ။ ထိုလူနာသည်
မကြာခင်မှာ သေဆုံးတော့မည်ဖြစ်၍ ထိုဆုံးဖြတ် ချက်သည်လည်း မှန်ကန်တိကျမှုရှိသည်ဟုပင် သဘောထားလိုက်ပါ။
သို့သော် ထိုဆုံးဖြတ်ချက် သည် ထိုလူနာ၏ စိတ်နှလုံးထိခိုက်နာကျင်စေ နိုင်သည်ကတော့ အမှန်ပင်ဖြစ်သည်။
ထို့ ကြောင့်လည်း သူသည် ဆုံးဖြတ်ချက်များကို ကြောက်လန့်တတ်သူတစ်ယောက်အကြောင်း စပြောပါတော့မည်။
.
သူသည် ဆုံးဖြတ်ချက်များကို ကြောက် လန့်တတ်သူတစ်ဦးဖြစ်လာရခြင်းဖြစ်သည်။
ထိုသို့ဖြစ်လာရခြင်းကလည်း အရွယ်မရောက်တရောက်အချိန်ကတည်းကပင် ပြင်းထန်လွန်း သော ဆုံးဖြတ်ချက်များနှင့်
မကြာခဏရင်ဆိုင် ခဲ့ရသည်။ နီးနီးကပ်ကပ် ကြားသိခဲ့ရစဉ်တုန်း ကတော့ သူသည် ကျွန်တော်တို့ရပ်ကွက်ကလေး
၌ အလယ်တန်း ကျောင်းသားလေးတစ်ဦးအဖြစ်နှင့်သာ တည်ရှိနေခဲ့သည်။ တစ်နေ့သော နံနက်စောစော
အကြော်စုံကြော်နေတဲ့ အကြော် ရဖို့ မီးလှုံနေရင်း အဒေါ်ကြီးပြောချလိုက်သော စကားလုံးများသည်
သူ့ရင်ထဲကို မီးစွယ်မီး တောက်များ လိုပင် တိုးဝင်သွားကြလေသည်။
.
သူများတွေနဲ့ သွားမယှဉ်နဲ့ နင်ကသူများ တွေနဲ့ ဘဝချင်းမတူဘူး၊
.
အမှန်တော့ ထိုစကားလုံးများမှာ ကြမ်း တမ်းရိုင်းပြမှုများ ပါဝင်နေခြင်းမရှိပါ။
သူ့ကို ထိခိုက်နစ်နာစေလို၍ ထိုးနှက် တိုက်ခိုက်လိုက် သည့် သဘောမျိုးလည်း မဟုတ်ပါ။ သို့သော်
လူသားအချင်းချင်းဖြစ်ပါလျက် အခြားသူတွေ နှင့် ဘဝချင်း မတူဘူးဟူသော ဆုံးဖြတ်ချက်ကြီး
သည် သူ့စိတ်နှလုံးကို ညှိုးချုံးသွားစေသည်က တော့ အမှန်ပင်။ အားငယ်စိတ်သည် သူ့ရင်ထဲ
ကို အလိုလိုပင် ရောက်ရှိလာပေသည်။ ထိုအား ငယ်စိတ်ကြောင်ပင် သူငယ်ချင်းများ နှင့်အတူ
ငယ်ရွယ်သူတို့၏ သဘာဝအတိုင်းလွတ်လပ် ပေါ့ပါးစွာ
ပြောဆိုပြုမူလိုခြင်းများ အလိုအ လျောက် လျော့နည်းသွားရသည်။ သူငယ်ချင်း များ ပြေားလွှားဆော့ကစားနေလျှင်
သူသည် နံဘေးမှာရပ်ပြီး ခပ်တွေတွေလေး ငေးကြည့်နေ တတ်သူဖြစ်ခဲ့ရသည်။ စာသင်ခန်းရောက်လျှင်
လည်း အခြားသူတွေလို ရွှင်လန်းတက်ကြွနေ ခြင်းမရှိတတ်ပါ။ ဘာပဲဖြစ်ဖြစ် သူ့ဘဝနှင့်ပတ် သက်သည့်
ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာက တည်းက စလို့ သူ၏ စိတ်အခြေအနေသည် အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။
.
နွားခြံထဲက နို့စားနွားမကြီးသည် ပိုင်ရှင်အတွက် တန်ဖိုးရှိသော၊
တန်ဖိုးထားသော နို့စား နွားမကြီးဖြစ်ပါသော်လည်း ပန်းဥယျာဉ်တစ်ခုအတွင်း နွားမကြီးသည်
ဝင်ရောက်စားသောက် ပါက အကျည်းတန်သော နွားမအဖြစ်ပြောင်းလဲ သွားကာ ဒုက္ခပေးအသတ်ခံရပေတော့မည်။
ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ကျောင်းစာများ၊ ဘဝပေးလုပ်ငန်းများ သူ၏စိတ်သည်လည်း လေးလံထိုင်းမှိုင်းသွားကာ
သူ၏မှတ်ဥာဏ်များ လည်း တုံ့ဆိုင်းသွားလေ့ရှိသည်။ သည်လိုနှင့် ပင် ကျက်မှတ်ရရှိထားသော
စာများတိုက်ဆိုင်နေ သည့်တိုင်အောင် ဖြေဆိုရာတွင် ထစ်ထစ်ငေါ့ ငေါ့ဖြစ်နေပေ တော့သည်။
လူ့ဘဝမှာ ဆုံးဖြတ် ချက် မှန်ကန်စွာ မရွေးချယ်ဘဲ အီးယောင်ဝါး ရောင်တာကို ပျောက်တယ်သာ
ရှိတယ်။ ယောင်တာကို ပျောက်စေဆိုတာမရှိဘူး။ အနာမန်း တက်လို့ရောင်ရင်၊ ကျောက်ကပ်ရောင်ရင်၊
အ သည်းရောင်ရင် ဖောရောင်မှုများ အရောင်အ မျိုးမျိုးကုတဲ့ဆေးဆိုတာတော့ သိပ္ပံနည်းကျဖော်
စပ်တဲ့ဆေးတွေရော၊ တိုင်းရင်းနည်းနဲ့ဖော်စပ် တဲ့ဆေးတွေရော သဘာဝပေါက်ပင်လို့ခေါ်တဲ့ အပင်၊
အရွက်၊ အသီး၊ အပွင့်၊ အမြစ်တွေ ရော ဥုံဟဲ့၊ ဖွဟဲ့ဆိုတဲ့ ဂါထာမန္တန်တွေပါ စုံ လင်အောင်
ရှိနိုင်ကြပါတယ်။ ဒါပေမဲ့ မွေးရာပါ ဗီဇလို့ခေါ်တဲ့ စိတ်ကဖြစ်တဲ့ ယောင်ဝါးနေတာ ကိုတော့
ဘာဆေးတိုက်ကျွေး တိုက်ကျွေး ပျောက်ကင်းမည်မဟုတ်ပေ။ ထိုဆုံးဖြတ်ချက် ကြီးသည် ညတိုင်းလျှင်
သူ့ကို အိပ်ရေးပျက် အောင်ခြောက်လှန့်နေတတ်သည်။ ထိုအချိန် တုန်းကဆိုလျှင် တစ်ခါတစ်ရံ
ဖျားနာနေ၍ဆေး ခန်းသွားရသည့်အခါ ဆရာဝန်ပေးလာမည့် ဆုံး ဖြတ်ချက်တစ်ခုကို စောင့်ဆိုင်းနေရစဉ်ဖြစ်ပေါ်
နေသော ကြောက်လှန့်တုန်လှုပ်မှုသည် အမှန် တကယ်ဖျားနေနာနေသည့် ဝေဒနာထက်ပင် ပို၍ပြင်းပြလျက်ပင်ရှိတော့သည်။
.
ဒုတိယဆုံးဖြတ်ချက်ကို ကြားသိလိုက်ရ သည့်အချိန်မှာတော့ သူသည် အခြေခံပညာ
အလယ်တန်းအဆင့်ကို လွန်မြောက်လာခဲ့ပေ သည်။ အခြေအနေတဆင့်မြင့် ပြောင်းလဲလာ သည့်တိုင်
ထူးခြားမှု မရှိလာသေးချေ။ ဘဝ ချင်းမတူဘူးဟူသော ဆုံးဖြတ်ချက်ကြီး၏ ဖိစီး မှုအောက်တွင်
သူ့ဘဝကို ပိုမိုသိမြင်လာကာ ထိုသိမြင်မှုအတွက် ပို၍ ခံစားလာရသည်။ ငယ်ဘဝမှ အနာဂတ်လက်ရှိတိုင်၊
တွေဝေငေး မောနေလိုခြင်းကြောင့် အခြားသူများနှင့် ကင်း ဝေးရာသို့ ထွက်ခွာလာပြီး တစ်ယောက်တည်း
ငေးမောနေလေ့ရှိပါသည်။ ကျောင်းစာများ ကျက်မှတ်နေလျှင် သူ့ဘဝအကြောင်းအရာများ က သူ၏ ခေါင်းထဲသို့
ဝင်ရောက်လာကြပြီး ထို သို့ဖြစ်ရသည်နှင့် တစ်ပြိုင်နက်သူ၏ စိတ် သည်လည်း လေးလံထိုင်းမှိုင်းသွားကာ
သူ၏ မှတ်Óာဏ်များလည်း တုံ့ဆိုင်းသွားလေ့ ရှိ သည်။ စာသင်ချိန်မှာ မှိုင်းပျမှုန်ရီနေသူတစ်
ယောက်အပေါ်သို့ ဒုတိယ၊ ဆုံးဖြတ်ချက်တစ်ခု က ကျရောက်ခဲ့ရလေသည်။ ''ဒီလိုပုံစံမျိုးနဲ့
ဘယ်တော့မှ ဆယ်တန်းမအောင်ဘူး''။ ထိုနှစ် က အမှန်တကယ်ပင် သူစာမေးပွဲကျခဲ့ရရှာလေ သည်။
နောက်တစ်နှစ်မှာတော့ သူသည် သူနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦး၏ အကူအညီကို ရယူပြီး
တောင်ကြီးမြို့သို့ အရောက်လာခဲ့ သည်။ သူငှားရမ်းနေသည့်အိမ်စုတ်စုတ်လေး နှင့် မျက်နှာချင်းဆိုင်ရှိ
အိမ်ကြီးတစ်အိမ်သို့ ရောက်ရှိသွားမိသည်။ ''တတိယဆုံးဖြတ်ချက်'' ဖြစ်လေသည်။
.
''ဘယ်ကဘယ်လိုရောက်လာတာလဲ မသိ ဘူး၊ အဲဒီအကောင်နဲ့မပေါင်းနဲ့''ထိုအိမ်ကြီးရှိ
ဆယ်တန်းကျောင်းသား လေးက ဖိတ်ခေါ်သ ဖြင့် ထိုကျောင်းသားလေးနှင့် စာဆွေးနွေးမိခဲ့ ခြင်းကပင်
သူ့အမှားဖြစ်သည်။ အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ ပြဿနာတစ်ရပ်ရပ်တွေ့ လာပြီး ဆုံးဖြတ်ချက်ချရမည့်
အချိန်တွင် အ ကြောင်းချင်းရာ၏ အရင်းအမြစ်ကို မသိရသေး ခင် မူလအခြေအနေကို လက်ခံတတ်လာအောင်
ကြိုးစားလေ့ကျင့်သင့်သည်။ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်း၊ ဒေါသကြီးခြင်း၊ မနာလိုခြင်း၊
ဝန် တိုခြင်း စသည့်စိတ်လှုပ်ရှားမှုများသည် ကြီးစွာ သော လူသတ်သမားကြီးတစ်ယောက်အဖြစ် ရောက်စေနိုင်ပါသည်။
လူသားတစ်ဦး၏ ကိုယ် အလေးချိန်တွင် ကြွက်သားများ၏ အလေးချိန် သည် ထက်ဝက်ခန့်ပါဝင်နေပေသည်။
လူ့ခန္ဓာ ကိုယ်တွင် ကြွက်သားအရေအတွက် ၈၄ဝ မျှပါ ရှိကြောင်း ရေတွက်သိရှိနိုင် ဆေးပညာရှင်များ
က ဆိုပါသည်။
.
ထို့ကြောင့်စိုးရိမ်သောက စိတ်ဖိစီးမှုမ ရောက်ရန် စိတ်လှုပ်ရှားမှု
နာမ့်ကြောအဖွဲ့ထက် သန်မှု၊ ငြိမ်သက် လျော့ပါးစေရန် လူ့ခန္ဓာကိုယ် ရှိ ကြွက်သားများကို
ဖြေလျှော့ချရန် အရေးကြီး ပါသည်။ ဆိုလိုသည့် သဘောမှာ ဆုံးဖြတ်ခံရ မှုအကြီး၊ အသေး၊ ပမာဏတစ်ခုမှာ
အလျှင်စ လို စိတ်ချိုးနှိမ်မခံစားဘဲ စိတ်လှုပ်ရှားမှု၊ စိတ် တင်းမာမှု၊ လျော့နည်းသက်သာစေရန်
လိုအပ် သလို လိုအပ်စပ်သော ဖြေလျော့နည်းများဖြင့် မိမိစိတ်ကို မှန်ကန်စွာ ထိန်းချုပ်စေနိုင်ဖို့
အထူး လိုအပ်ပေသည်။ သို့မှသာ ဆုံးဖြတ်ချက်အမှား နှင့်အမှန်ကို သိမှာဖြစ်ပါသည်။
.
လူသားတိုင်းသည် ကိုယ့်ဘဝနှင့်ကိုယ်ရပ် တည်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေကြသူ
တွေချည်းပါ။ သူညံ့ဖျင်းလျှင် သူ့ဘဝသာနိမ့် ကျရမည်သာအမှန်ပါ။ အခြားသူတို့၏ အောင် မြင်ခြင်း၊
ကျဆုံးခြင်းကလည်း အခြားသူတို့၏ အရည်အချင်းအတိုင်းပါ။ ထိုသို့သော သဘော ထားရှိသည်ကိုမှပင်
ဆုံးဖြတ်ချက်များနှင့် ပုတ် ခတ်လိုသူများ မကြာခဏ ပေါ်ပေါက်လာရခြင်း ကတော့ အံ့သြစရာ ကောင်းလွန်းလှပေတော့
သည်။
.
စတုတ္ထဆုံးဖြတ်ချက်ကို ကြားသိလိုက်ရ သည့် အချိန်မှာတော့ အလုပ်တစ်ဖက်နှင့်ပင်
အိမ်ထောင်တစ်ခုကို စောင့်ရှောက်နေခဲ့ပြီ။ ထို အချိန်တွင် သူ့ကို ပေါင်းသင်းဆက်ဆံခြင်းမရှိ
တော့၍ သူ့အားစွန့်ခွာသွားကြ သူများကိုလည်း အလေးမထားဖြစ်တော့ပါ။ မျှော်လင့်ချက်တွေ၊
လင်းလက်နေသည့်အချိန်၊ ထိုအချိန် စတုတ္ထ ဆုံးဖြတ်ချက်ကြီးက ထွက်ပေါ်လာခြင်းဖြစ်ချေ သည်။
ထိုစဉ်တုန်းကတော့ ဝင်ငွေနည်း၊ လုပ်ငန်းတစ်ခု စွန့်ဦးလုပ်ကိုင်သူတစ်ယောက်ဖြစ် သည်။
ထို့ကြောင့်လည်း အိမ်လခ၊ ကျောင်း စရိတ်၊ စားစရိတ်၊ အထွေထွေစရိတ်တို့အတွက် တစ်ခါတစ်ခါတွင်
လောက်ငငွေမရရှိပါ။ အလုပ် နည်းပါးခြင်းအတွက် စိတ်မပျက်ပေမယ့် လို အပ်ငွေအတွက် အလုပ်မရွေးနိုင်ဘဲ
ငွေရှာရ တတ်ပါသည်။ ထိုအချိန်တွင် အနေလည်းဆင်း ရဲသည်၊ အစားလည်းချို့ငဲ့သည်။ ဝတ်စားဆင်
ယင်မှု အပိုင်းမှာလည်း ညှိုးနွမ်းခဲ့ရသည်။ အလုပ် ထဲတွင် အာရုံနှစ်ထားလိုသော်လည်းသူ နေထိုင်ရာ
ပတ်ဝန်းကျင် တစ်ခု၏ လူမှုရေး ငန်းများ ပေါင်းသင်းဆက်ဆံရေး အထူးတလည် ကျယ်ဝန်းခြင်းမရှိပါ။
သူ့မျှော်လင့်ချက်အားမာန် ပြည့်နေသော်လည်း သူ့အသွင်သဏ္ဍာန်က တော့ နွမ်းဖတ်ဖတ်လေးဖြစ်သည်။
ထိုအချိန် ၌ တစ်ညနေအလုပ်အသွားတွင် ကြားသိလိုက် ရခြင်းဖြစ်သည်။
.
''လူပုံကိုက ကုတ်တတ၊ စုတ်ခြာခြာနဲ့ ဒီ လိုပုံစံမျိုးနဲ့တော့ ဘယ်တော့မှ
မကြီးပွား မတိုး တက်ဘူး''
.
မျက်နှာချင်းဆိုင်မှ အဒေါ်ကြီးနှစ်ယောက် လျှောက်လာသည့်အနက် တစ်ယောက်က
မကြားတကြား ပြောလိုက်ခြင်း ဖြစ်သည်။ ထိုဆုံး ဖြတ်ချက်လည်း သူ့ရင်ထဲကို အောင့်သက်သက်
ဖြစ်သွားစေလေသည်။ ထိုနေ့ညနေတွင် အ လုပ်လုပ်ရာ ခါတိုင်းထက်မောပန်းနေသလိုရှိ သည်။ အိပ်ယာဝင်သည့်အခါမှာလည်း
တော် တော်နှင့်အိပ်၍ မပျော်နိုင်။ ပတ်ဝန်းကျင်နှင့် သင့်တင့်စွာနေနိုင်သူတစ်ယောက်ကို
ဘယ်လို မကျေနပ်ချက်ကြောင့်များ ပုတ်ခတ်နေချင်ပါ သလဲ။ စတုတ္ထဆုံးဖြတ်ချက်နှင့် ကြုံတွေ့ရသည့်
အခါမှာလည်း ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း စိတ်အခြေအနေတို့ တည်ငြိမ်မှု ကင်းမဲ့သွားပြန်
ကာ သူ၏ကြိုးပမ်းမှုများသည် ရက်အတော် ကြာအောင်ပင်၊ ကစဥ့်ကလျားဖြစ်သွားရပြန် သည်။
.
လျှောက်လှမ်း မြေမာမာမှာ
ခြေရာတွေ အငွေ့ပျံ
မျက်ရည်ပူပူ နှစ်စက်သာကျန်ခဲ့
မှတ်ဥာဏ်ထုံထိုင်းတဲ့
ကျွန်တော်ပေါ့။
.
အသိတွေ၊ သတိတွေနှင့် မိမိခန္ဓာကိုယ် လွှမ်းခြုံရစ်ပတ်ထားပေမယ့် ဆီလိုအပေါက်ရှာ
ပြီး သူသည် ဝင်ရောက်လာပြန်သော ဆုံးဖြတ် ချက်များ ဝါးမြိုခြင်း ခံနေရပြန်သည်။
.
မည်သို့သော ပြဿနာကိုမဆို အချို့က ဆုံးဖြတ်ချက် အမြန်ချမှတ်လိုကြသည်။
မည်မျှ အရေးကြီးသည့် ပြဿနာပင် ဖြစ်စေကာမူ ရွေးချယ်စရာနည်းလမ်းအမြောက်အများ ရှာဖွေ ပြီးမှ
ဆုံးဖြတ်လိုသူများလည်းရှိသည်။
.
လူတိုင်းဖြစ်ချင်စိတ် ကြီးစိုးလာရင် လုပ် ချင်စိတ်ပေါ်လာပါလိမ့်မည်။
ဖြစ်ချင်စိတ်နည်း လို့ မလုပ်ချင်ရင် မလုပ်ချင်စိတ်က ပိုများတဲ့အ တွက် ဘာမှမလုပ်ချင်ဘူး
ဖြစ်တတ်သည်။ ဒါ ကြောင့် ဘာမှမဖြစ်လာသူတွေဟာ ဖြစ်ချင်စိတ် အောင်မြင်ချင်စိတ်၊ သေးငယ်နေသေးလို့ပင်
ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဘာဝတစ်ခုကို အနု ပညာတစ်ခုလိုပဲ သဘောထားပြီး ခံစားစေချင် ပါသည်။
အနုပညာ၊ ပညာတစ်ခုဖြစ်တဲ့အတွက် အရောင်အသွေး အလှအပများကို ကျေနပ်ခြင်း၊ မကျေနပ်ခြင်း
ရသတွေကိုပဲ ''ဆုံးဖြတ်ချက်'' မှန်ကန်စေရန်၊ ပါရမီအဖြစ် ပြောင်းလဲယူစေ ချင်ပါသည်။ အဲဒီလို
ပြောင်းလဲယူလိုက်ရင် ကိုယ့်ရဲ့အလုပ်ဟာ ဘဝမှာ မထင်မှတ်ဘဲ အ ချိန်တိုအတွင်းမှာ ပြီးမြောက်မှာဖြစ်သည်။
.
ကျွန်တော်တို့ လက်တစ်ကမ်းအမီ မျက်စိ အလင်းမြင်ကြည့်သည့်အခါ မည်သူတွေ''ဆုံးဖြတ်ချက်''
အမှားများကြောင့် မည်သူတွေ ''ဆုံးဖြတ်ချက်''အမှန်ကြောင့်
မိမိတို့ လူတွေ ဘယ်သောင်ကမ်း ဘယ်လမ်းဆိုက်နေကြတာပါ လိမ့်။
.
-လူအများဆုံးအုပ်စုက ထမင်းပုံမှန်စားဖြစ် ဖို့အရေး ဒုက္ခသုက္ခတွေကို
တနင့်တပိုး ရင်ဆိုင် ကျော်လွှားနေကြသူတွေ၊
-အချို့သည်ပင် စီးပွားတိုးတက်ရေးအ တွက် အမှန်တွေရော၊ အမှားတွေရော၊
ဆုံး ဖြတ်ချက် စံပေတံဖြင့် အချိန်နှင့်အမျှ ရုန်းကန် တိုးဝှေ့နေကြသူတွေ၊
-အချို့သည်ပင် ပိုလျှံသုံးဖြုန်းရင်း ပျော်မ ဝလို့ တမလွန်ဘဝ နတ်ဘုံဗိမာန်တွေအထိ
သူ တို့ပိုင်ဆိုင်မှုတွေ သယ်သွားကြမည့်ပုံဖြင့် အ တောမသတ် မောဟိုက်စွာ တိုးချဲ့လုပ်ကိုင်နေ
ကြသူတွေ၊
.
မင်္ဂလာရှိရှိ နှစ်သစ်မှစကာ ဒီသုံးလွှာစုံက လူတွေ၊ ကိုယ့်အတွက် အမှန်တကယ်
သယ် သွားနိုင်ဖို့ဟာက ဘာတွေဖြစ်ပြီး ထားပစ်ခဲ့ကြ မှာတွေကော ဘာတွေဖြစ်လိမ့်ဦးမလဲဆိုတာ
ဒါ ကတော့ သူတို့ရဲ့ ''ဆုံးဖြတ်ချက်''၏ ကံသုံးပါး အပြုအမူတွေ အကျင့်အကြံတွေ၊ သဏ္ဍာန်စ
ရိုက်နှင့် တစ်ထပ်တည်း လိုက်လျောတူညီသော အကျိုးကို ရကြမှာ မလွဲသာဖြစ်ပါသည်။
.
ထိုသို့ဆိုလျှင် သူတို့တွေအားလုံးဟာ ခံ စား၊ စံစားရသော မှန်ကန်သောဆုံးဖြတ်ချက်အ
ပေါ် လိုအင်ဆန္ဒလေးတွေကို မှန်ကန်စွာ တွေး မြင်ပြီး ဒုက္ခတွေက လွတ်ကင်းပြီးတော့ လိုအင်
ဆန္ဒလေးတွေကို အထိုက်အလျောက်ပြည့်ဝစေ ရန်၊ နှစ်သစ်အမှန် စေတနာကလည်း အမှန်၊ ဘယ်ညာခြေအမှန်လှမ်းနိုင်ကြဖို့
ဆုံးဖြတ်ချက် အမှန်မြင်နိုင်ကြပါစေကြောင်း ကျွန်တော် ဆောင်းပါးဖြင့် တိုက်တွန်းတပ်လှန့်လိုက်ပါ
သည်။
.
.
.
#KBZTai #Shan