တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၇၅ဝ ကျော် အသုံးပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၇၅ဝ ကျော် အသုံးပြုမည်



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲ တော်တစ်ခုဖြစ်သော တောင်ကြီး မြို့တော် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း လုံခြုံရေးအတွက် ရဲ တပ်ဖွဲ့ဝင် အင်အား ၇၅ဝ ကျော်အ သုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
 
.
''ကျွန်တော်တို့က ပွဲတော်အတွက် လုံခြုံရေးအင်းအား လျာထား တာကတော့ ၇၈ဝ ကျော်ပါတယ်။ အနည်းဆုံးတော့ ၇၅ဝ ကျော်ရှိမှာပါ။ မနှစ်ကထက်တော့ အင်အား ၁ဝဝ ကျော်ပိုလာပါတယ်။ လုံခြုံရေးကို အ ပိုင်း ၇ ပိုင်းခွဲပြီး နေရာ ၃၇ နေရာမှာ ဆောင်ရွက်သွားမှာပါ။ မီးဘေးလုံခြုံ ရေးကိုတော့ မီးသတ်ဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ပါ''ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစိုးထွန်းဝင်းက ကမ္ဘောဇတိုင်းသို့ပြော ကြားခဲ့သည်။
.
အဆိုပါ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် လုံခြုံရေးအတွက် လုံခြုံ ရေးစီမံချက် ၇ ပိုင်းခွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကာ ပွဲတော်နေရာလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေး၊ ယာဉ်တန်းလုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ အရေးပေါ်လုံခြုံ ရေးနှင့် မီးဘေးလုံခြုံရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
.
ယင်းလုံခြုံရေးစီမံချက် ၇ ပိုင်း အနက် နေရာလုံခြုံရေးကို ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်းနှင့် အဝေး စည်းဟူ၍ သတ်မှတ်ထားပြီး ၃၇ နေ ရာအတွက် လုံခြုံရေးနေရာများ စီစဉ် ထားကာ ပွဲတော်မတိုင်မီ မိုင်ရှင်းလင်း ရေးအတွက် တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအ တွင်း ပွဲကျင်းပရာ အဝေရာ မီးပုံးပျံ ကွင်းအတွင်း၌ စီစီတီဗီ လုံခြုံရေး ကင်မရာ အလုံး ၅ဝ ကို တပ်ဆင် သွားမည်ဖြစ်ပြီး စောင့်ကြည့် ကြပ်မတ်ခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး ချထားဆောင်ရွက်မှုနှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေး ကွန်ရက်မှ ကိုဝင်းနိုင်စိုးက ''တန်ဆောင်တိုင်ပွဲတော် ကာလဆိုရင် အားလုံးက ပွဲမှာပဲ အာရုံ ရောက်နေကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေကလည်း ပွဲခင်းကို အဓိက ဦးစားပေးပြီး စောင့်ရတဲ့အခါ မြို့ ပေါ်က ရပ်ကွက်တွေမှာ လုံခြုံရေး လျော့ရဲ လာတာတွေ ရှိပါတယ်။ ခိုးမှုလို ဒုစရိုက်မှုမျိုးတွေ ဖြစ်ပွား တတ်ပါတယ်။ ဒါကြောင့် ပွဲတော် လုံခြုံရေးကို သာမက မြို့ပေါ် ရပ်ကွက်တွေမှာလည်း လုံခြုံရေး ဆောင်ရွက်ပေးကြဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။
.
နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကို ယခုနှစ် ၂ဝ၁၈ ခု၊ နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ အဝေရာ မီးပုံးပျံကွင်းတွင် စည်ကားသိုက် မြိုက်စွာကျင်းပ ပြုလုပ်သွားမည် ဖြစ် ပြီး ပွဲတော်ကျင်းပရေး အတွက် ဦးစီးကော်မတီ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats