ကျိုင်းတုံမြို့မဈေးတွင် စည်ပင်ညွှန်ကြားချက်ဖြင့် ဝက်သားရောင်းချသူများထံမှ တစ်ဆိုင်လျှင် အသား ၂ ပိဿာ အခမဲ့ တောင်းခံခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့မဈေးတွင် စည်ပင်ညွှန်ကြားချက်ဖြင့် ဝက်သားရောင်းချသူများထံမှ တစ်ဆိုင်လျှင် အသား ၂ ပိဿာ အခမဲ့ တောင်းခံခဲ့


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ တရားဝင်သားသတ် ထုတ်လုပ်ရောင်းချခွင့် လက် မှတ်ဖြင့် မြို့မဈေးကြီးအတွင်း ဝက် သား ရောင်းချနေသူများထံမှ မြို့ နယ်စည်ပင်သာယာရေးဌာန၏ ညွှန် ကြားချက်ဖြင့် တစ်ဆိုင်လျှင် အသား ၂ ပိဿာ တောင်းခံခဲ့သည်ဟု လုပ် ငန်းရှင်များထံမှ သိရသည်။
.
 
.
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးက '' ဖြစ်စဉ် မှန်ပါတယ်။ စည်ပင်သာယာ ရုံးတွင်း စာထုတ်ပြီး အလှူခံတယ်လို့တော့ သိရပါတယ်။ အလှူပေးချင်ရင်လည်း ကိုယ်တတ်နိုင်သလောက် သဒ္ဓါစိတ် နဲ့ ကိုယ်ပိုင်ငွေနဲ့သာ ဝယ်လှူစေချင်ပါ တယ်''ဟု ¤င်း၏အမြင်ကို ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့မဈေးကြီးအတွင်း၌ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဝက်သား သတ်လုပ်ငန်း ခွင့်ပြုချက် လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင် ၂၅ ဦးထံမှ တစ်ဆိုင်လျှင် တန်ဖိုးကျပ် ၁ဝဝဝဝ ခန့်ပေါက်ဈေးရှိ ဝက်သား ၁ ပိဿာနှင့် အဆီ၊ အသား၊ အရိုး ရောရာ ပါဝင်ပြီး တန်ဖိုး ကျပ် ၈ဝဝဝ ခန့် တန်ဖိုးရှိ အသား တစ်ပိဿာ၊ စု စုပေါင်း ၂ ပိဿာစီအား တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲ ရယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြို့မဈေးကြီးအတွင်း၌ ဝက်သား ရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးက ''သားသတ်လုပ်ငန်း ရောင်းချခွင့်ပြု လက်မှတ်ရဖို့ စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားတဲ့ အခွန် အခတွေ ပေးရပါတယ်။ ပြီးတော့ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီး ဌာနရဲ့ ထောက်ခံချက်တွေ ရဖို့ အ တွက်လည်း သတ်မှတ်ထားတာတွေ ပေးသွင်းရပါတယ်။ ကျွန်တော်တို့ မိ သားစုသာရေး၊ နာရေးကိစ္စတွေရှိလို့ ဆိုင်မဖွင့်ဖြစ်ရင်တောင် သူတို့သတ် မှတ်ထားတဲ့ အခွန်အခအတိုင်း မ ပျက်မကွက်ပေးသွင်းနေရတာပါ။ အ ခုလိုမျိုး ငွေမရဘဲ ပေးရတာတော့ အ လှူခံပါတယ် ပြောလည်း စိတ်မပါ ဘူး''ဟု ကမ္ဘောဇတိုင်းသို့ ပြောကြား သည်။
.
ကျိုင်းတုံမြို့နယ်တွင် ဝါလကင်း လွတ် သီတင်းကျွတ်ပွဲတော်ကျင်းပ ချိန်နှင့် နောက်ပိုင်းကာလများ၌ က ထိန်အလှူပွဲများ၊ တန်ဆောင်တိုင်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ တိုင်းရင်းသားများ၏ ရိုးရာကောက်သစ်စားပွဲနှင့် နှစ်သစ် ကူးပွဲတော်များကို ကျင်းပပြုလုပ်လေ့ ရှိပြီး ရံဖန်ရံခါ သာရေး၊ နာရေးအလှူ များလည်းရှိသဖြင့် သားသတ်ထုတ် လုပ် ရောင်းချခြင်း လုပ်ငန်းများ ကောင်းမွန်လေ့ရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats