မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂ နာရီခန့်က တရားမ၀င်
ကျွဲများတင်ဆောင်လာသည့် သုံးဘီးဆိုကယ် ၈ စီးနှင့်ကျွဲ ၁၆ ကို သယ်ဆောင်လာသူများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
.
.
“မကြာခဏ ပစ်ခတ်ခံရတာတွေ၊
ဖမ်းဆီးသူတွေကို စောင့်ဆိုင်းပစ်ခတ်တာတွေ ဖြစ်လာနေတာဟာ ဒီလိုသယ်ဆောင်မှု တွေကြောင့်
ဖြစ်ရတာဖြစ်တယ်။ ဒါကြောင့် ဖမ်းဆီးရတာသာဖြစ်တယ်”ဟု ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ စစ်ဘက်ဆိုင်ရာ
ဝန်ထမ်းတစ်ဦးက ဆိုသည်။
ကျောက်မဲမြို့နယ်၊
ခိုမုန်းကျေးရွာတွင် တာဝန်ကျနေသည့်လုံခြုံရေးတပ်စုနှင့် တာဝန်ကျစရဖတို့သည် နိုဝင်ဘာလ
၂၀ ရက် နံနက် ၂ နာရီခန့်တွင် နောင်ပိန်ကျေးရွာမှ ကျောက်မဲမြို့ဘက်သို့ တရားမ၀င်ကျွဲများ
တင်ဆောင်လာသည့် သုံးဘီးဆိုင်ကယ် များကို တွေ့ရှိသဖြင့် စစ်ဆေးရာ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ကျွဲ ၂ ကောင်စီတင်ဆောင်ထားသည့်
သုံးဘီးဆိုင်ကယ် ၈ စီးကို တွေ့ရှိရပြီး သယ်ဆောင်လာသူများမှာ ကျောက်မဲမြို့နယ်အတွင်းနေထိုင်သူများ
ဖြစ်ကြ သည့် အောင်ဇော်ဖြိုး(၂၄)နှစ်၊ စိုင်းနောင့်လှိုင်(၃၂)နှစ်၊ သက်ပိုင်ဖြိုး(၂၇)နှစ်၊
ကျော်ဇင်ထွန်း(၃၃)နှစ်၊ စိုင်းကြာအေးသိန်း(၄၀)နှစ်၊ အောင်ကိုထွေး(၃၆)နှစ်၊ စိုင်းကျော်ထွေး(၃၆)နှစ်၊ ငြိမ်းချမ်းကို တို့ဖြစ်ကြောင်း
သိရသည်။
.
ဖမ်းဆီးခံရသူများ၏
ပြောကြားချက်အရ ကျွဲများအား နောင်ပိန်ကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ သယ်ဆောင်ခ ကျပ်
၇၀၀၀၀ စီရယူ၍ သီပေါမြို့နယ်၊ ရွာသစ်ကျေးရွာနေ ပီယင်း(၄၂နှစ်) ထံသို့ ပို့ဆောင်ပေးရန်
သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသော တရားခံများနှင့် ကျွဲ၊ သုံးဘီးဆိုင်ကယ်များအား
နံနက် ၆ နာရီတွင် ကျောက်မဲမြို့မရဲစခန်းသို့အပ်နှံခဲ့ရာ ကျောက်မဲမြို့မရဲစခန်းမှ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု
သိရသည်။
.
.
.
#KBZTai #Shan