နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ တိုက်ပွဲရှောင်စခန်း (IDPs)များမှ
အိမ်ထောင်စု ၁၄၀၀ ကျော်အတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက
အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း
သိရှိရသည်။
.
.
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ တိုက်ပွဲရှောင်စခန်းများကို
ထောက်ပံ့ပေးနေရာမှ နိုဝင်ဘာ ၁၃ ရက်တွင် နမ္မတူမြို့နယ်နှင့် မန်တုံကျေးရွာအတွင်းရှိ
တိုက်ပွဲရှောင်စခန်းများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့
ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ တိုက်ပွဲရှောင်အိမ်ထောင်စုတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေပြီးတော့ သုံးလတစ်ကြိမ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပါ
တယ်။ သုံးလပြည့်တိုင်းပြည့်တိုင်း ထောက်ပံ့ပေးနေတာပါ။’’ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး
ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောသည်။
.
၎င်းတို့ဌာနနှင့် ပူးပေါင်းထားသည့် အခြားအဖွဲ့အစည်းများကလည်း အခါအားလျော်စွာ
ထောက်ပံ့မှုရှိခြင်း ကြောင့် အိမ်ထောင်စုအလိုက်
လိုအပ်သောပစ္စည်းများကို ၃ လတစ်ကြိမ် ၁၄ ရက်စာအတွက် ထောက်ပံ့ပေး နေကြောင်း သိရသည်။
.
“လတ်တလောအတွက်တော့
အဆင်ပြေပါတယ်။ ကိုယ်ရွာမှာနေပြီး နေထိုင်စားသောက်ရတာက
ပိုကောင်း တာပေါ့။ အဓိကကတော့ ရွာပြန်နေချင်တာပါ။” ဟု ကျူဆော့တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် ဦးသာဝက ပြောသည်။
.
ဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊
နမ္မတူမြို့နယ်၊ မန်တုံမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အိမ်ထောင်စု ၁၄၀၁
စု၊ လူဦးရေ ၇၄၀၇ ဦးအတွက် ဆန် ၁၀၈၀ အိတ်နှင့် အခြား ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ့ပေးခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan