ဖွားယွန်း (တောင်ကြီး)
.
.
မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီပွဲ များအနက် တန်ဆောင်တိုင်ပွဲတော်သည်
ဝဿန် ရာသီကုန်ဆုံး၍ ဟေမန္တရာသီအကူးဆောင်း ဦးတွင် ဆင်ယင်ကျင်းပသော မြန်မာ့ရိုးရာ ယဉ်
ကျေးမှုပွဲတော်တစ်ခုဖြစ်ပါသည်။ မြန်မာ နိုင်ငံတစ်ဝှမ်း ဒေသအသီးသီးတွင်ကျင်းပသော တန်ဆောင်တိုင်ပွဲတော်များအနက်
ရှမ်းပြည် နယ်မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်ကြီးသည် မည်သည့်နေရာဒေသများနှင့်
မျှမတူဘဲ ခြိမ့်ခြိမ့်သဲစည်ကား၍ တစ်နိုင်ငံ လုံးရှိ ညီနောင်တိုင်းရင်းသားများသာမက နိုင်ငံ
တကာမှ ကမ္ဘာလှည့်ခရီးသွားများကပင်ရင် သပ်ရှုမော၍ အံ့သြရလောက်အောင် လာ ရောက်ဆင်နွှဲပျော်ရွှင်ကြသော
အထင်ကရတန် ဆောင်တိုင်ပွဲတော်ကြီးလည်း ဖြစ်ပါသည်။
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့ တော်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏
အရှေ့ဘက် ကုန်းပြင်မြင့်ပေါ်တွင် စိမ်းစို ညိုမှိုင်းသော တောင်စွယ် တောင်တန်းများ ဝန်းရံလျက်
ပင် လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေ အ မြင့်၌ တည်ရှိသော မြို့တစ်ခုဖြစ်ပါသည်။ ရာသီဥ တုမျှတ၍
သဘာဝပတ်ဝန်းကျင်သာယာလှပ သော မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ် ရပ်သော တောင်ပေါ်မြို့ကလေးတစ်မြို့လည်း
ဖြစ်နေပြန်ပါသည်။
တည်နေရာ ပထဝီအနေအထားအရ တောင်ကြီးမြို့သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ
၅ဝ မိနစ် ၅၄ စက္ကန့်နှင့် အရှေ့လောင်ဂျီ တွဒ် ၉၇ ဒီဂရီ ၅၅ မိနစ်အတွင်း တည်ရှိပြီး မြို့
နယ်၏ ဧရိယာစတုရန်းမိုင် ၁၃ ဒသမ ၉၆ မိုင် ကျယ်ဝန်းပါသည်။ မြို့အကျယ်အဝန်းအနေဖြင့် အရှေ့အနောက်
၂ မိုင်၊ တောင်မြောက် ၅ မိုင်၎ ဖာလုံရှိပြီး အရှေ့ဘက်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ အနောက် ဘက်တွင် ကလောမြို့နယ်နှင့် ညောင်ရွှေမြို့ နယ်၊ တောင်ဘက်တွင်
ဆီဆိုင် မြို့နယ် မြောက်ဘက်တွင် ရပ်စောက်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။
ရာသီဥတုအနေဖြင့် နွေ၊ မိုး၊ ဆောင်း ၃ ရာသီလုံးတွင် အပူအအေးမျှတပြီး
ပျမ်းမျှမိုး ရေချိန်လက်မ ၆၂ ဒသမ ၁၆ ခန့်ရွာသွန်းလေ့ ရှိပါသည်။ တောင်ကြီးမြို့၏အမြင့်ဆုံး
အပူချိန် မှာ ၃၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး အပူချိန် ၇ ဒီဂရီ စတင်တီဂရိတ်ခန့်အထိရှိတတ်ပြီး
မြို့ဧရိယာအနီးပတ်ဝန်းကျင်ရှိ သဘာဝရေ ထွက်/ရေကန် ၉ ခုမှ သောက်သုံးရေကို ရယူ သုံးစွဲလျက်ရှိပြီး
စိုက်ပျိုးရေး လုပ်ငန်းအတွက် သဘာဝချောင်းမြောင်း ၃ ခုနှင့် ဆည်ငယ် ၁ဝ ခုမှ ရေပေးဝေလျက်ရှိကာ
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပန်းမန်များ ဖြစ်ထွန်း၍ ဒေသတွင်း ဖူလုံရုံမျှမက အခြားတိုင်း
ဒေသကြီးနှင့် ပြည် နယ်များသို့ ဖြန့်ဖြူးတင်ပို့နိုင်သဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော
မြို့ကြီးတစ်မြို့လည်း ဖြစ် ပါသည်။
တောင်ကြီးမြို့၏ ဒေသသမိုင်းကို လေ့ လာကြည့်မည်ဆိုပါက ခရစ်နှစ် ၁၈၉၄
ခုနှစ် တွင် တောင်ကြီးမြို့ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး မြို့စတင်တည်ထောင်စဉ်က
တည်ရှိခဲ့ သော ပအိုဝ်းကျေးရွာ ''ဒုံတောင်တီ''ဟု အမည် တွင်ခဲ့သလို ရှမ်းသံဖြင့်''တွမ်တီး''
''တောင်ကျည်း''၊ မြန်မာသံဖြင့် တောင်ကြီးဟု
ခေါ်ဝေါ်အမည်တွင်ခဲ့ သည်ဟု သိရပါသည်။
တောင်ကြီးမြို့တွင် ရှမ်း၊ ပအိုဝ်း၊ အင်း သား၊ ဓနု၊ တောင်ရိုး၊
လီဆူ အစရှိသည့် ဒေသခံ တိုင်းရင်းသားများ၊ ဗမာနှင့် အခြားတိုင်းရင်း သားများ ရြော>ွပမ်းစုပေါင်းနေထိုင်လျက်
ရှိပါ သည်။
တောင်ကြီးမြို့တွင် ဘာသာရေးနှင့် ယဉ် ကျေးမှုဆိုင်ရာ ပွဲတော်များဖြစ်သော
နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲ၊ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း
လောင်းလှူပွဲ၊ ကမ္ဘောဇသာမဏေကျော် စာပြန်ပွဲ၊ သီတင်း ကျွတ် မီးထွန်းပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်၊
တန် ဆောင်တိုင် ဘုံကထိန်ပွဲတော်နှင့် မီးပုံးပျံလွှတ် တင်ပူဇော်ပွဲ စသည်ဖြင့် ပွဲတော်များကို
ကျင်းပ လေ့ရှိရာ အထင်ကရဖြစ်သည့် တောင်ကြီးတန် ဆောင်တိုင်ပွဲတော်မှာ အကျော်ကြားဆုံးဖြစ်
သကဲ့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက် ပါဝင်ဆင်နွှဲကြသဖြင့် တိုးမပေါက်အောင် စည် ကားသည့်
ပွဲတော်တစ်ခုဖြစ်ပါသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း
၇ ရက်မှ လ ပြည့်ကျော် ၁ ရက်အထိ မြို့လုံးကျွတ်ဘုံက ထိန်လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်း
ရက်လုပ် လှူဒါန်းပူဇော်ပြိုင်ပွဲ၊ ရိုးရာမီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲအပါအဝင်
ပျော်ပွဲရွှင်ပွဲ၊ ပြိုင်ပွဲများ ကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ် ကော်မတီများ
ဖွဲ့စည်းတာဝန်ယူ၍ နှစ်စဉ်အ စဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်း ပခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။
.
စေတနာ မညှိုးသော မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲ
.
တောင်ကြီးမြို့တွင် မှီတင်းနေထိုင်ကြသော ဒေသခံတိုင်းရင်းသားတို့သည်
ဘာသာတရား၊ အလှူဒါနတို့တွင် စေတနာသတဒ္ဓါတရား ထက်သန်ရက်ရောကြသည်ဖြစ်ရာ တစ်မူးရလို့ တစ်ပဲလှူ
ဒို့ရှမ်းတာင်သူ တူနိုင်ရိုးလားဟု စာ ဆိုရလောက်အောင်ပင် လှူဒါန်းမှုဝါသနာထုံ ကြသည်။
ဘုံကထိန်ပွဲတော်ကို တောင်ကြီးမြို့ ပေါ်နှင့် အနီးအနားဝန်းကျင်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့်
အသင်းအဖွဲ့များအလိုက်၊ ဌာနဆိုင်ရာများ၊ ကျောင်းများအလိုက် စုပေါင်း ကထိန်းခင်းကျင်း
လှူဒါန်းကြသည်ကို အား မရနိုင်ဘဲတစ်မြို့လုံးရှိ ရပ်ကွက်အသီးသီး၊ ဌာနဆိုင်ရာအဖွဲ့အစည်း၊
ကုမ္ပဏီအသီးသီး များ အားလုံးစုပေါင်း၍ မြို့လုံးကျွတ်ဘုံက ထိန်ကိုလည်း ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအ
စုံ လှူဒါန်း၍ ပဒေသာပင်များဖြင့် အလှဆင်ကာ မြို့တစ်ပတ် လှည့်လည်၍ အတုလမာရဇိန် ဆုတောင်းပြည့်မြို့လယ်ဓမ္မာရုံကြီးတွင်
ကထိန် ခင်းကြပြန်သည်။
အဆိုပါ မြို့လုံးကျွတ် ခင်းကျင်းခဲ့သည့် ဘုံကထိန်မှ လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့
ကို တူရာစုစာရင်းပြုစုလျက် တောင်ကြီးမြို့ပေါ် ရှိ ကထိန်မခင်းရသေးသော ဘုန်းတော်ကြီး
ကျောင်းများနှင့် ကထိန်ခင်းပြီးသော ဘုန်း တော်ကြီးကျောင်းများသို့ အချိုးကျဖြင့် ခွဲဝေ
လှူဒါန်းကြပါသည်။
မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ခြင်းကို တန်ဆောင်မုန်းလပြည့် အဖိတ်နေ့တွင်
နှစ်စဉ် ပြုလုပ်လေ့ရှိပြီး လပြည့်နေ့၌ တောင်ကြီးမြို့ လယ်ဓမ္မာရုံကြီးတွင် ကထိန်သင်္ကန်းမှအစ အခြား လှူဖွယ်ဝတ္ထုပစ္စည်း အမျိုးမျိုးအတွက်
ကထိန်ရေစက်ချတရားနာကို နာယူလေ့ရှိပါ သည်။ ဘုံကထိန်လှည့်လည်ရာ၌လည်း က ထိန်သင်္ကန်းမှအစ
အခြားလှူဖွယ်ဝတ္ထုပစ္စည်း မျိုးစုံတို့ကို ပဒေသာပင်များဖြင့် လှပစွာပုံဖော် ချိတ်ဆွဲလှည့်လည်ကြသလို
ဝါးများကိုခွဲခြမ်း စိတ်ဖြာကာ လိုရာအရုပ်များချိုး၍ ရှမ်းစက္ကူ ကပ်၊ ရောင်စုံပန်းချီချယ်သထားသည့်
အရုပ်ကြီး များကိုပါ ပဒေသာပင် လှည့်လည်ရာ၌ ထည့် သွင်းလှည့်လည်ကြပြီး ရှမ်းအိုးစည်၊
ဓနုအိုးစည် ဗုံမောင်းအစုံအလင်ဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြသည့် ဘုံကထိန်အလှူသည်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ ထင်ရှား သော ကုသိုလ်ဒါန ပြယုဂ်တစ်ခု ဖြစ်ပေသည်။
ယင်းသို့ မြို့လုံးကျွတ်ဘုံကထိန် လှည့် လည်ပူဇော်ရာတွင် ကထိန်သင်္ကန်းအပါအဝင်
ရဟန်းသံဃာများအတွက် အသုံးအဆောင် ပစ္စည်းများ၊ ဘုန်းတော်ကြီး ကျောင်းများအတွက် ပရိဘောဂပစ္စည်းများ
အစရှိသည်ဖြင့် အမျိုး အမည်စုံလင်အောင် လှူဒါန်းကြသည်။ ပဒေ သာပင်များဖြင့် ကထိန်လှည့်လည်ခြင်းကို
တောင်ကြီးမြို့မဈေးမှ စတင်၍ မြို့တစ်ပတ် လှည့်လည်ပူဇော်ကြရာ လမ်းကြောင်းတစ်ပတ် ပတ်မိသည့်တိုင်အောင်
ပဒေသာပင်များ မကုန် နိုင်သေးဘဲ ကထိန်ပွဲကို ကြည့်ရှုသူ ပရိသတ် များမှာ မျက်စိညောင်းအောင်ပင်
ကြည့်ရှုကြ ရသည်။
.
ရှုမငြီးသည့် မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟု ဆိုလျှင် မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ
သည်လည်း မပါမဖြစ် ပါဝင်ရမည့်အကြောင်း အရာတစ်ခု ဖြစ်ပါသည်။ မီးပဒေသာလှည့် လည်ပူဇော်ခြင်းကို
ဒေသအခေါ်မီးမောင်းလှည့်၊ မီးကြာလှည့် စသည်ဖြင့်လည်း ခေါ်ဝေါ်သုံးစွဲ ကြပါသည်။ ရှေးယခင်က
တောင်ကြီးမြို့လယ်ရှိ မိန်းလမ်း (ဗိုလ်ချုပ်လမ်း)၊ ဘဏ်တိုက် (မြန်မာ့ စီးပွားရေးဘဏ်)နှင့်
မျက်နှာချင်းဆိုင်ရှိ ဂတ်တဲ ဟု ခေါ်ဆိုသည့် ယနေ့မြို့မရဲစခန်းတည်ရှိပါ သည်။ ယင်းဂတ်တဲဝင်းအတွင်း
နှစ်စဉ် သီတင်း ကျွတ်လပြည့်ညတွင် ဝင်္ကပါမီးထွန်းပွဲကိုကျင်း ပခဲ့ကြသည်ဟု သိရပါသည်။ ရဲစခန်း
(ဂတ်တဲ) နှင့် မြို့လယ်ဓမ္မာရုံကြီးသည် ထိုစဉ်က လျှပ်စစ် မီး လုံလောက်စွာမရရှိခဲ့သဖြင့်
သီတင်းကျွတ်လ ပြည့်ညတွင် ရောင်စုံမီးပုံးများကို ထွန်းညှိခဲ့ကြ ပြီး ၁၅ ပေမှ ပေ ၂ဝ
ခန့်ရှိ ဝါးလုံးကြီးများအတွင်း ထင်းရှူးဆီ၊ ကောက်ရိုးတို့ကိုမြဲမြံစွာတွဲချည် လျက်
မီးရှောတိုင်ကြီးများ အဖြစ်ထွန်းညှိ ထား ရာ တော်တော်နှင့် မီးမငြိမ်းနိုင်ဘဲ ဂတ်တဲဝင်း
နှင့် မြို့လယ်ဓမ္မာရုံတို့မှာ ထိန်ထိန်လင်းနေ သည်ဟု သိရပါသည်။
ထိုခေတ် ထိုအခါက ဒေသနေပြည်သူများ နှင့်အတူ ရဲစခန်းအတွင်း ကျင်းပသည့်
ဝင်္ကပါ မီးထွန်းပွဲက မည်သည့်ပြဿနာတစ်စုံတစ်ရာမျှ မရှိဘဲ ရဲစခန်းလုံခြုံရေးနှင့် အချုပ်သားများ၏
လုံခြုံရေးကိုလည်း မထိခိုက်သဖြင့် မြို့သူ/မြို့ သားများ၏ စည်းကမ်းသေဝပ်မှုနှင့် တရားဥပ
ဒေကို လေးစားလိုက်နာမှုများက အားကျ အ တုယူဖွယ် ကောင်းလှပါသည်။
အဆိုပါ ဂတ်တဲခေါ် ရဲစခန်းဝင်းအတွင်း ကျင်းပသည့် မီးထွန်းပွဲတော်ကို
အကြောင်းပြု၍ နောင်တွင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပ သည့်အခါ မီးပဒေသာလှည့်လည်ပူဇော်ပွဲကို
ထည့်သွင်းကျင်းပလာကြခြင်း ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ၁၉၉၅ ခုနှစ်၊
စူဠာမုနိလောကချမ်းသာစေတီတော်မြတ် ကြီးကို တည်ထားကိုးကွယ်ခဲ့ချိန်မှစ၍ တန်ဆောင်မုန်းလပြည့်ညချမ်းအခါ
သမယတွင် စေ တီတော်များကို ဝါးဖြင့်ပုံဖော် ပြုလုပ် စက္ကူကပ် ကာ ရောင်စုံမီးပုံးများဖြင့်
ပုံဖော်အလှဆင်ခြင်း၊ မီးကြာကပ်၊ မီးယပ်တောင်အစရှိသည့် ဒေသရိုး ရာ တီထွင်ဆန်းသစ်မှု၊
သဘာဝမီးအလှများ၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်း တန်းအစရှိသည့် မီးအလှ
ပုံဖော်ပူဇော်မှုများ တောနာနတ်ရိုင်းပင်၌ မီးအလှဆင်ပုံဖော်မှု များ၊ ဗုဒ္ဓဝင်ဖြစ်စဉ်များကို
သရုပ်ဖော်ထားသည့် မီးအလှပြင်ဆင် ဖော်ကျူးမှုများအပြင် ဒေသ ခံတိုင်းရင်းသား/သူတို့မှ
တိုင်းရင်းသားရိုးရာ ဝတ်စုံများ ဝတ်ဆင်ကာ ရောင်စုံမီးပုံးများကိုင် ဆောင်လျက် မီးအလှပုံဖော်မှုပြကွက်များက
ဗုဒ္ဓဘုရားရှင်ကို ပူဇော်သည့် ရိုးရာဓလေ့တစ် ခု အဖြစ်သာမက ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြား
သားခရီးသွားများလည်း အထူးစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးကြသည့်အတွက် ကမ္ဘာတွင်ပင်
ထင်ရှားသည့် ရိုးရာဓလေ့ပွဲ တော်တစ်ခု ဖြစ်ပါသည်။
.
လက်ခပ်သံညံမစဲ မသိးင်္ကန်းရက်လုပ်လှူဒါန်းပွဲ
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲ တော် စတင်ကျင်းပသည့် လွန်ခဲ့သည့်
နှစ် ပေါင်း ၇ဝ ခန့်မှစတင်၍ မသိုးသင်္ကန်း ရက် လုပ်ပူဇော်ပြိုင်ပွဲကို စတင်ထည့်သွင်းကျင်းပ
ပြုလုပ်ခဲ့သည်ဟု သိရပါသည်။ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်း ပူဇော်ပြိုင်ပွဲကို တန်ဆောင်
မုန်းလပြည့် အဖိတ်ညတွင် ပြုလုပ်လေ့ရှိပြီး ည တွင်းချင်း အပြီးရက်လုပ်သည့် မသိုးသင်္ကန်း
ကို လပြည့်နေ့နံနက် အာရုဏ်တက်ချိန်၌ စူဠာမုနိလောကချမ်းသာ စေတီတော်ကြီးအ တွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများတွင်
ကပ်လှူပူဇော်ကြပါသည်။ ပြိုင်ပွဲဝင် ယက္ကန်းစင် အဖွဲ့များကိုလည်း ဝိသာခါ၊ ယသော်ဓရာ၊ သီ
ရိ ခေမာအစရှိသည်ဖြင့် ဘုရားရှင်လက်ထက် တော်က သာသနာ့အာဇာနည် အမျိုးသမီးပါရမီ ရှင်များ၏
အမည်နာမများကိုပေးလျက် အဖွဲ့အ လိုက်ယှဉ်ပြိုင်ကြပါသည်။ အဖိတ်နေ့ည၌ ယက္ကန်းသည်မလေးများ၏
သူ့ထက်ငါ အပြိုင်အ ဆိုင် ဇွဲနပဲဖြင့် တစ်ညလုံး အားသွန်ခွန်စိုက် ယှဉ်ပြိုင်ရက်လုပ်နေသည့်
ယက္ကန်းလက်ခတ် သံသည် သောင်းတိုက်က ကြားရုံသာမက ဘဝဂ်သို့တိုင် ညံမစဲရှိနေပါသည်။
.
အိုးစည်သံ ဗေထုံညံ ဝတိံပျော်တဲ့မီးပုံးပျံ
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ အ ထင်ရှားဆုံးနှင့် အကျော်ကြားဆုံးဖြစ်သော
အဓိကပွဲတော်ကြီးမှာ မီးပုံးပျံ လွှတ်တင်ပူဇော် ပြိုင်ပွဲဖြစ်ပါသည်။ ရိုးရာမီးပုံးပျံလွှတ်တင်ပူ
ဇော်ပြိုင်ပွဲတွင် မီးပုံးပျံဝါသနာရှင်၊ ပညာရှင်များ က နှစ်စဉ် အစဉ်အလာမပျက်အားစိုက်ကြိုး
ပမ်းကာ ပါဝင်ဆင်နွှဲကြသည်။ ဝါရင့်မီးပုံးပျံ ပညာရှင်ကြီးများက မျိုးဆက်သစ်လူငယ်များ
အား ဆရာစားမချန်ဘဲ ပညာအမွေလက်ဆင့် ကမ်းပေးခဲ့ကြသလို ခေတ်အဆက်ဆက် ပေါ် ထွက် လာခဲ့သည့်
မီးပုံးပျံဝါသနာရှင်၊ ပညာရှင် များ၏ ဆန်းသစ်တီထွင်မှုများကြောင့် တောင် ကြီးမီးပုံးပျံ
ပြိုင်ပွဲသည် တစ်နှစ်ထက်တစ်နှစ် ထူးခြားဆန်းပြားမှုများနှင့်အတူ ကြည့်ရှုသူတို့၏ ရင်ကို
ဆွဲဆောင်နိုင်စေခဲ့ပါသည်။
တောင်ကြီးမီးပုံးပျံ ပြိုင်ပွဲတွင် ပွဲကြည့်သူ ပရိသတ်များ စိတ်ဝင်စားမှုအများဆုံးဖြစ်သော
ညမီးကြီး မီးပုံးပျံတစ်လုံး ပြုလုပ်ရန်အတွက် မီးပုံးပျံကိုယ်ထည်ပိုင်းဆိုင်ရာ ပညာရှင်များ၊
ယမ်းပိုင်းဆိုင်ရာပညာရှင်များ ပေါင်းစပ်ဆောင် ရွက်ရပါသည်။ မီးပုံးပျံ ကိုယ်ထည်နှင့်
ပတ် သက်၍ မီးပုံးကိုယ်ထည်အချိုးအဆက်၊ သရုပ် ဖော်ပန်းချီ ရေးဆွဲမှု အစရှိသည်ဖြင့် သက်
ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များက တစ်နှစ် ထက်တစ်နှစ် တီထွင်ဆန်းသစ်မှုများဖြင့် ရိုး ရာအမွေ
အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ကြသကဲ့သို့ မီးရှူး၊ မီးပန်း အစရှိသည့် ယမ်း အလှဆင်ပညာရှင်များကလည်း
ရိုးရာနည်း ပညာများကို ခေတ်သစ်ဓါတုဗေဒအယူအဆ များနှင့် ပေါင်းစပ်ကာ ပွဲကြည့်သူပရိသတ်များ
အတွက် တစ်နှစ်တစ်မျိုး မရိုးရလေအောင် ဆွဲ ဆောင်နေကြပါသည်။
မီးပုံးပျံပြိုင်ပွဲတွင် ယမ်းကိုအသုံးပြု၍ အ လှဆင်ပုံဖော်ရသည့်
ညမီးကြီးမီးပုံးပျံပြိုင်ပွဲ၊ မီးပုံးပျံ၏ ကိုယ်ထည်တွင် ရောင်စုံမီးပုံးငယ်များ ကို
ချိတ်ဆွဲကာ အလှဆင်ပုံဖော်ရသည့် စိန် နားပန်မီးပုံးပျံပြိုင်ပွဲနှင့် နေ့လွှတ်အရုပ်ပြိုင်ပွဲဟူ
၍ အဓိက ပြိုင်ပွဲ ၃ မျိုးရှိပြီး နေ့လွှတ်အရုပ် ပြိုင်ပွဲတွင် ခြေ ၂ ချောင်း၊ ခြေ ၎
ချောင်း၊ အုပ် စုပြိုင်ပွဲဟူ၍ တူရာကဏ္ဍအလိုက် ပြိုင်ပွဲများကို ကျင်းပကြပါသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
ညမီးကြီးမီးပုံးပျံ အဖွဲ့များသည် ပွဲ မစမီ ၃/၄ လခန့်ကြိုတင် ပြင်ဆင်၍ မီးရှူးရိုက်ခြင်း၊
ယမ်းခွေအောက်ဆွဲ ပြုလုပ်ခြင်း၊ မီးပုံးပျံကိုယ်ထည် ပြုလုပ်ခြင်း၊ ပန်း ချီဒီဇိုင်း
ရေးဆွဲခြင်းစသည်တို့ကို ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိကြပါသည်။
ညမီးကြီးမီးပုံးပျံတွင် အောက်ဆွဲ (ယမ်း ခွေ) အလှဆင်ရန်အတွက် ပြုလုပ်ရာတွင်
မီးပုံး ပျံဟူသည့် ပေါက်ကွဲ လောင်ကျွမ်းစေတတ်သည့် ယမ်းနှင့် လောင်ကျွမ်းစေတတ်သည့် မီးကို
ပေါင်းစပ်ကာ ကစားရသည့်ပွဲ တစ်ခုဖြစ်သည့်အတွက် အခန့်မသင့်လျှင် ယမ်း ပေါက်ကွဲခြင်းနှင့်
မီးလောင်ခြင်းစသည့်အန္တ ရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရ တတ်ပါသည်။ ပြိုင်ပွဲမတိုင်မီ
ကြိုတင်ပြင်ဆင်နေသည့် ကာလ တွင် လည်း အစစအရာရာ သတိရှိရှိ၊ စည်းကမ်းရှိ ရှိဖြင့် လုပ်ကိုင်ကြရသကဲ့သို့
ပြိုင်ပွဲကာလ မီး ပုံးပျံလွှတ်တင်ချိန်၌လည်း အန္တရာယ်တစ်စုံ တစ်ရာ မဖြစ်ပွားစေရေးအတွက်
ဒိုင်အဖွဲ့ ၏ လမ်းညွှန်မှုကို ခံယူကာ စနစ်တကျ လွှတ်တင် ဆောင်ရွက်ရပါသည်။
ပြိုင်ပွဲဝင်မီးပုံးပျံများအနက် ညမီးကြီးမီး ပုံးပျံ အမျိုးအစားများသည်
အများအားဖြင့် ခေါင်အချင်း ၂၂ ပေမှ ၂၄ ပေ အထိလည်း ကောင်း၊ အမြင့် ၂၄ ပေအထိ လည်းကောင်း၊
ပြုလုပ်ရကာ အောက်ဆွဲ ယမ်းပိဿာချိန် ၃၅ ပိဿာမှ ပိဿာချိန် ၄ဝ အထိ ချိတ်ဆွဲပြီး မီး ပုံးပျံမှိုင်းဝသည့်အခါမှ
ယမ်းစနက်တံကို မီးရှို့ ကာ လွှတ်တင်ပူဇော်ကြပါသည်။
မီးပုံးပျံ လေထုအတွင်းသို့ အောင်မြင်စွာ တက်သွားပြီးနောက် ချိတ်ဆွဲထားသည့်အောက်
ဆွဲယမ်းခွေတွင် ထည့်သွင်းထားသည့် မီးရှူး၊ မီးပန်းတို့က ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံခြယ်ကာ
မှိုပွင့်သဏ္ဍာန်၊ ထီးကိုင်းသဏ္ဍာန်တို့ဖြင့် ရှမ်း ရိုးမ၏ ခေါင်းစဉ်တစ်ခွင်ထက်ဝယ် အလှဆင်
ပေးကြပြီး လွှတ်တင်ခဲ့သည့် မီးပုံးပျံအဖွဲ့ များအပြင် ပွဲတော်လာဧည့်ပရိသတ်များက လည်း
ဝမ်းပန်းတစ်သာ ရင်သပ်ရှုမောကာ အားပေးကြရစမြဲဖြစ်ပါသည်။
ထို့အတူ စိန်နားပန် မီးပုံးပျံများသည် အ ရွယ်အစားအားဖြင့် ညမီးကြီး
မီးပုံးပျံထက်အ နည်းငယ် သေးငယ်ပြီး မီးပုံးကြီး၏ ကိုယ်ထည် တွင် ဗုဒ္ဓမြတ်စွာဘုရားပုံတော်၊
ရှမ်းရိုးမအိုး စည်တီးဟန်စသည့် ဒီဇိုင်းအမျိုးအစား နည်း ပေါင်းစုံကို ပုံဖော်ကာ စနစ်တကျလွှတ်တင်ကြ
ရခြင်းဖြစ်ပါသည်။ စိန်နားပန် မီးပုံးပျံပြိုင်ပွဲအ တွက် မှိုင်းခံခြင်း၊ မီးစာချိတ်ဆွဲခြင်း၊
မီးပုံးများ ထွန်းညှိချိတ်ဆွဲခြင်းကို ပြိုင်ပွဲဝင်အဖွဲ့သားများမှ တက်ညီလက်ညီ ဆောင်ရွက်ကြရသည်ကိုတွေ့
ရမည်ဖြစ်ပါသည်။
မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီ၊ အ မှတ်ပေးဒိုင်အဖွဲ့များကလည်း
မီးပုံးပျံပြိုင် ပွဲစည်းကမ်းသတ်မှတ်ချက် အမှတ်ပေးစည်း မျဉ်းအတိုင်း စနစ်တကျ အမှတ်ပေးအကဲဖြတ်
ကြရပါသည်။ ညမီးကြီးနှင့် စိန်းနားပန် မီးပုံး ပျံများကို ပွဲတော်ရက်အတွင်း ညစဉ် ၇ နာရီမှ
ညသန်းခေါင်ကျော်သည်အထိ ရက်အလိုက် မဲနှိုက်ထားသော မီးပုံးပျံပြိုင်ပွဲဝင် အဖွဲ့များက
လွှတ်တင်ပူဇော် ပြိုင်ပွဲဝင်ကြရပါသည်။
နေ့လွှတ် အရုပ်မီးပုံးပျံပြိုင်ပွဲကိုမူ နေ့စဉ် နံနက် ၁ဝ နာရီမှ
ညနေ ၄ နာရီအထိ ကျင်း ပကြပြီး ခြေ ၄ ချောင်း၊ ခြေ ၂ ချောင်း၊ အုပ်စု စသည်ဖြင့် ပြိုင်ပွဲဝင်
မီးပုံးပျံအမျိုးအစားများ ခွဲခြားကာ ယှဉ်ပြိုင်ကြရပါသည်။ ငြိမ်းချမ်း ရေးခိုရုပ်၊ ဆင်ရုပ်၊
မြင်းရုပ်၊ ငါးရုပ် စသည့် သ မားရိုးကျ အရုပ်မီးပုံးပျံများအပြင် ယနေ့အခါ ဆန်းသစ် တီထွင်မှုများ
နှင့်အတူ ကင်းမြီး ကောက်၊ ဂေါ်ဇီလာစသည့် မီးပုံးပျံအရုပ်အသစ် အဆန်းများဖြင့်လည်း ပါဝင်ယှဉ်ပြိုင်ကြသည်
ကို တွေ့ရမည် ဖြစ်ပါသည်။
ရှေးယခင်က တောင်ကြီးတန်ဆောင်တိုင် ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲကို
လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ စတင်ကျင်းပခဲ့သော်လည်း တိုးတက်လာသော မြို့လူဦးရေအနေအထားနှင့်
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်ကြသောပရိသတ်များ တစ်နှစ်ထက် တစ် နှစ်ပိုမိုများပြားလာပြီး
ပွဲတော်မှာလည်း ထင်ရှားစည်ကားလာသောကြောင့် စူဠာမုနိ လောကချမ်းသာစေတီတော် တည်ထားကိုး
ကွယ်ပြီးသည့် ၁၉၉၅ ခုနှစ်မှစ၍ ဘုရားပွဲတော် အဖြစ် စေတီတော်ခြေရင်းရှိ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရင်းဘေး
မြေကွက်လပ်၌ ပြောင်းရွှေ့ကျင်းပခဲ့ပါသည်။ ထို့အတူ ၂ဝဝ၇ ခု နှစ်တွင် အမှတ်(၂၁၂)ဆက်သွယ်ရေးကွင်းမှ
လက်ရှိ ပွဲကျင်းပရာ အဝေရာကုန်းသာယာ မီး ပုံးပျံကွင်းသို့ နေရာပြောင်းရွှေ့ ကျင်းပခဲ့သည်
မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မြန် မာနိုင်ငံတစ်ဝှမ်းလုံးရှိ
ညီနောင်တိုင်းရင်းသား များသာမက ကမ္ဘာလှည့်ခရီးသွားနိုင်ငံခြား သားများကပင် လာရောက်အားပေးကြည့်ရှု
ကြသဖြင့် ဤပွဲတော်သည် တိုင်းရင်းသားအ ချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊
ရိုးရာယဉ်ကျေးမှုတို့ကို ဖော်ဆောင်ပေးရုံသာ မက နိုင်ငံခြားဝင်ငွေကိုပါ ပိုမိုတိုးပွားရရှိစေ
သည်မှာ မလွဲပေ။ တန်ဆောင်တိုင်ပွဲတော်အ တွင်း တေးဂီတဖော်ဖြေပွဲများ၊ ပြခန်းများ၊ တေးသီချင်း
ပြိုင်ပွဲများ၊ ဓါတ်ပုံပြိုင်ပွဲများကို ထည့်သွင်းကျင်းပလျက်ရှိရာ တေးပြုစာဆိုများ၊
ဓါတ်ပုံပညာရှင်များကိုလည်း မြေတောင်မြှောက် မွေးထုတ်ပေးလျက်ရှိသလို ယခု ၂ဝ၁၈ ခုနှစ်
တန်ဆောင်တိုင်ပွဲတော်တွင်စာပေပြိုင် ပွဲ များဖြစ်သော ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး ကာတွန်းပြိုင်ပွဲများကိုပါ
ထပ်မံဖြည့်သွင်း ကျင်းပပေးခြင်းက ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ် ပါသည်။
ပွဲတော်ရက်အတွင်းကျင်းပခဲ့သည့် ပြိုင်ပွဲ အသီးသီးကို လပြည့်ကျော်
၁ ရက်၊ ပွဲတော် နောက်ဆုံးရက် ညချမ်းအချိန်တွင် ဆုများထိုက် တန်စွာချီးမြှင့်ကာ ပိတ်ပွဲအခမ်းအနားကို
စည် ကားသိုက်မြိုက်စွာကျင်းပ၍ တစ်နှစ်တာပွဲတော် အား အဆုံးသတ်လေ့ရှိပါသည်။
နှစ်စဉ် ဝါလကင်းလွတ် သီတင်းကျွတ်ကာ လ ကုန်ဆုံးသော တန်ဆောင်မုန်းလရောက်တိုင်း
တောင်ကြီးမြို့၏ အထင်ကရပွဲတော်ကို အစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပကြ သည်။
ရာသီဥတုအားဖြင့် ဗြိစ္ဆာရာသီဖြစ်သ လို ကြိတ္တိကာနက္ခတ်နှင့် စန်းယှဉ်သောလဖြစ် ၍ ကောင်းကင်တစ်ခွင်လုံး
မိုးတိမ်ကင်းစင်ကာ ကြယ်တာရာတို့ ထွန်းလင်းတောက်ပလျက် ရှိသော တန်ဆောင်မုန်းလရာသီတွင်
ကျင်းပ သည့် တောင်ကြီးမြို့၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော တန်ဆောင်တိုင်ပွဲတော်ကို အောက်ပါကဗျာလေးဖြင့်
ဂုဏ်ပြုလိုက်ပါ သည်။
တစ်မူးရလို့ တစ်ပဲလှူ
ဘုံကထိန်ပွဲ သဒ္ဓါဖြူ။
ဖြူနီညိုပြာ စိမ်းဝါလှ
မီးပဒေသာ လှည့်တဲ့ည။
မသိုးသင်္ကန်း လက်ခတ်သံ
သူငါအပြိုင် ရက်လုပ်ဟန်။
မီးရှူးမီးပန်း ရောင်စုံကြဲ
ရိုးရာမီးပုံးပျံ ပြိုင်ပွဲ။
စည်ကားသိုက်မြိုက် မြိုင်မြိုင်ဆိုင်
အထင်ကရ တန်ဆောင်တိုင်။
မောမြေမြင့်ထက် မြို့တောင်ပေါ်
လှမ်းကြွခဲ့ဖို့ ဖိတ်ကာခေါ်။
ညီနောင်သွေးချင်း မိတ်ပေါင်းဖော်
နွှဲကြပါစို့ တူပျော်ပျော်
တန်ဆောင်တိုင်ပွဲတော် ဆင်နွှဲပျော်။
။
အစဉ်အလာကောင်း၍ အဓွန့်ရှည်ကြာ တည်တံ့ခဲ့သည့် တောင်ကြီးမြို့၏ အထင်ကရ
တန်ဆောင်တိုင်ပွဲတော်ကို နောင်လာမည့် နှစ် များတွင်လည်း ယခုထက်ပိုမို စည်ကားသိုက် မြိုက်စွာ
ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်လိုက်ပါသည်။
.
မှီငြမ်းကိုးကား
၁။ ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်) ၏ တောင်ကြီးတန်ဆောင်တိုင်နှင့်
စာပဒေသာ များ
၂။ ကမ္ဘောဇတိုင်းမဂ္ဂဇင်း
.
.
.
#KBZTai #Shan