ဒေါ်လာကို ဘယ်လို ရှာမှာလဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေါ်လာကို ဘယ်လို ရှာမှာလဲ


ကျော်လင်းဦး(ရှမ်းပြည်)
.

.
မြန်မာ ကျပ်ငွေတန်ဖိုးသည် ယခုရက်ပိုင်း ကာလများတွင် ပိုမို ကျဆင်းလာသည်။ ရွှေ တစ်ကျပ်သားကို ဆယ်သိန်းကျော် ဖြစ်လာ သည်။ လောင်စာဆီများလည်း တရိပ်ရိပ်တက် လာခြင်းကြောင့် စားသုံးကုန်များ၏ ဈေးလည်း တက်လာခဲ့သည်။ မြန်မာ့ငွေကြေးသည် ဂ ယက်ထအောင် အတက်အကျ ကြမ်းနေသည် ဟုဆိုနိုင်သည်။ စကားအဖြစ်သာ ဆိုရသော် လည်း အတက်ဘက်ကိုသာ ဦးတည်နေသည် ဟု ပြောဆိုနိုင်သည်။ မြန်မာကျပ်ငွေ တန်ဖိုး သည် စက်တင်ဘာလ တတိယပတ်အတွင်း၌ တစ်ဒေါ်လာကို ကျပ်ငွေ ၁၆၁ဝ ကျော်အထိ ကျဆင်းသွားခြင်း ဖြစ်သည်။ လွန်ခဲ့သော ၃ လ အကြာက ရှိသော ငွေလဲနှုန်းနှင့် နှိုင်းယှဉ် ပါက ၂ဝ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွား ခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် မြန်မာနိုင် ငံ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာ များ ထုတ်ရောင်းခြင်း၊ ခေတ္တချေးငှားခြင်းများ လုပ်ခဲ့သည်။ ကျပ်ငွေဈေး တည်ငြိမ်အောင် ကြိုးစားအားထုတ်ခြင်း ဖြစ်သည်။ ပြည်ပပို့ကုန် အချို့ကို ကန့်သတ်ခြင်းများလည်း လုပ်ခဲ့သေး သည်။ သို့သော်လည်း မြန်မာကျပ်ငွေတန်ဖိုး သည် နိုင်ငံတကာ ငွေကြေးဈေးကွက်၏ ရိုက် ခတ်မှုကို လွန်ဆန်နိုင်ခြင်း မရှိသေးဟု ငွေ ကြေး ကျွမ်းကျင်သူများနှင့် စီးပွားရေး လုပ်ငန်း ရှင်များက မှတ်ချက်ပြုကြသည်။ ကျပ်ငွေတန် ဖိုး ကျဆင်းလာချိန်တွင် ရွှေဈေး၊ လောင်စာဆီ ဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကာ အ ဓိက စားသုံးသူများကို တိုက်ရိုက်ထိခိုက်လာ သည်။ ကျပ်ငွေ တန်ဖိုး ဆက်လက်ကျဆင်းနေ ချိန်တွင် ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ် သားကို ၁ဝ၃ဝဝဝဝ ကျော်အထိ ဈေးတက်သွား ခဲ့သည်။ ဤကဲ့သို့ ရွှေဈေးမြင့်တက်လာသော် လည်း လက်ရှိအခြေအနေတွင် ရွှေလုပ်ငန်းကို လုပ်ကိုင်နေကြသော ရွှေလုပ်ငန်းရှင်များအနေ ဖြင့် အကျိုးအမြတ်ခံစားရသည်ထက် ဆုံးရှုံးမှု ပိုများသည်ဟု ဆိုသည်။ ရွှေလုပ်ငန်းရှင်များအ သင်း ဥက္ကဌက '' လုပ်ငန်းများ အခက်အခဲ ရှိနေပြီး ရွှေပန်းထိမ်လုပ်ငန်းများ၊ ပန်းတိမ်ဖိုက လေးများသည် ဈေးတက်ခြင်းကြောင့် အလုပ် အပ်နှံသူ နည်းပါးလာကာ လုပ်ငန်း မကောင်း ခြင်း၊ အရောင်း/အဝယ် နည်းပါးခြင်းများကို ကြုံတွေ့နေရသည်''ဟု ဆိုသည်။ လက်ရှိ အ စိုးရကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိနေ သည်ဟု ဆိုနေသော်လည်း အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည့် အခြေအနေကြောင့် လူများစုဖြစ်သော ပြည်သူ များ၏ စီးပွားရေးအခြေအနေမှာ ကောင်းမလာ သေးသည်ကို တွေ့ရသည်။ ဝင်ငွေ အခြေအနေ မှာ တိုးတက်မလာဘဲ၊ အခြေခံစားသောက် ကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်း ကြောင့် ဆင်းရဲသား လက်လုပ် လက်စားများ နှင့် အခြေခံလူတန်းစားများမှာ အကျပ်အတည်း နှင့် ပိုမိုကြုံတွေ့ရသည်ဟု ဆိုသည်။ ကျပ်ငွေ တန်ဖိုး ကျဆင်းမှုသည် ရေရှည်တွင် တိုင်းပြည် ၏ ကုန်ထုတ်လုပ်ငန်းများကို ထိခိုက်လာနိုင် သည်ဟု စီးပွားရေးပညာရှင်များက သတိပေး နေကြသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုလွှတ် တော်ကို တင်ပြသည့် နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို ရှင်းလင်း တင်ပြချက်တွင် မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် ပြည်ပ သက် ရောက်မှုမှ စတင်ခဲ့သော်လည်း ပြည်တွင်း၌ စီး ပွားရေး အခြေအနေ မညီမျှမှု ပြဿနာများ၊ စီးပွားရေးနှင့် ပတ်သက်သည့် အခြေခံအား နည်းချက်များ ရှိနေသည်ဟု ဝန်ခံပြောဆိုသွား သည်။
.
ကျပ်ငွေ တန်ဖိုး ကျဆင်းစေသည့် အ ကြောင်းအရင်း များစွာ ရှိသော်လည်း ကျပ်ငွေ တန်ဖိုး သို့မဟုတ် ငွေလဲလှယ်နှုန်းကို လွှမ်းမိုး ထားသည့် အကြောင်းအရင်း တစ်ရပ်မှာ ကုန် သွယ်မှု လိုငွေ သို့မဟုတ် ငွေပေးငွေယူ ရှင်း တမ်းတွင် စာရင်းလိုငွေ၊ နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်းတွင် စာရင်းလိုငွေ၊ အတိုးနှုန်း၊ ငွေ ဖောင်းပွမှုနှင့် တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးမှုနှုန်းတို့ ပင် ဖြစ်သည်ဟု ဆိုသည်။ တစ်ချိန်တည်းတွင် ဒေါ်လာငွေဖြင့် မှာယူနေရသည့် ဆေးဝါးများ၊ ကျန်းမာရေးသုံး ပစ္စည်းများ ဈေးတက်သွားပြီး ဈေးကွက်အခြေအနေကို စောင့်ကြည့်နေရခြင်း များကြောင့် ဆေးကုမ္ပဏီအချို့သည် ဖြန့်ဖြူး ခြင်းကို ခေတ္တရပ်ဆိုင်းခြင်းများ လုပ်လာသည် ကို တွေ့ရသည်။ စက်သုံးဆီဈေး မြင့်တက်လာ ခြင်းကြောင့် ခရီးသွား လုပ်ငန်းရှင်များလည်း ထိခိုက်မှု ရှိသည်ဟု ဆိုသည်။
.
ဤသို့သော အခြေအနေများကို အစိုးရမှ  နည်းလမ်းပေါင်းစုံကို လက်တွေ့ကျကျ ဖြေရှင်း ရန် ကြိုးစားသင့်သည်ဟု ဆိုရပေမည်။ ဒေါ် လာဈေး တက်လာခြင်းကြောင့် ပို့ကုန်သမား များတွင် အားသာချက် ရှိပါသည်။ ပို့ကုန်သွင်း ကုန်နှင့် ပတ်သက်သည့် အခွန်ကိစ္စများအား ကြိုတင်အခွန်ကောက်သည့် စနစ်များကို လေ့ လာသုံးသပ်သင့်သည်။ ဒေါ်လာဈေး ၁၆ဝဝ ထိ မြင့်တက်လာခြင်းတွင် လူပုဂ္ဂိုလ် တစ်ဦး ချင်းမှ ဈေးကစားသည့် လုပ်ရပ်များ၊ အကျိုးအ မြတ်ရှာလိုသည့် ကိစ္စများလည်း ပါဝင်နေပါ သည်။ အစိုးရအနေဖြင့် ကိုင်တွယ်ရန် အား ထုတ်သင့်သည်။ ယခင်ကာလများက ကိုင် တွယ်ဖြေရှင်းသလိုမျိုးထက် ဘာကြောင့် ဤ သို့ ဖြစ်ပေါ်ရသည်ဆိုသော အကြောင်းရင်းခံကို ဖော်ထုတ်ရန် အဓိကကျပါသည်။ ဗဟိုဘဏ်အ နေဖြင့် ပြည်တွင်းငွေကြေး လဲလှယ်သူများနှင့် တွေ့ဆုံညှိနှိုင်းတာမျိုး လုပ်သင့်သည်ဟု စီးပွား ရေးပညာရှင်များက ဆိုသည်။ အထူးသဖြင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသည်ကို အခွင့် ကောင်းယူ ဈေးကစားနေသည်များကို ထိထိ ရောက်ရောက် ထိန်းပေးရန် လိုအပ်ပါသည်။ ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းနိုင်ရန်အ တွက် အစိုးရဘက်မှ အသုံးစရိတ် လျှော့ချရေး အပါအဝင် ရှေရှည်တွင် ပြုပြင်ပြောင်းလဲအောင် လုပ်ဆောင်ရန်များ ရှိနေသည်။ ငွေကြေးဈေး ကွက်ကို ကြပ်မတ်ထိန်းကျောင်းသည့်အခါတွင် စံသတ်မှတ်ချက်များနှင့် အညီ ထိန်းကျောင်းခြင်း သာ ဖြစ်သင့်သည်ဟု ဆိုရမည်။
.
ပြည်တွင်းမှ မြန်မာ့ဘဏ္ဍာရေး စိတ်ဝင်စား သူများက ဒေါ်လာဈေး တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း နေရခြင်းမှာ တရားမဝင်ငွေ ကြေးဈေးကွက် ကြီးထွားနေခြင်းနှင့် ငွေဈေးက စားသူများ များပြားခြင်းကြောင့်ဟု ဆိုနိုင်သည်။ ဒေါ်လာငွေ ဈေးနှုန်း တက်နေခြင်းမှာ မြန်မာ့ စီးပွားရေး ကျဆင်းသည်ဟူသော အကြောင်း တစ်ရပ်ကြောင့် မဟုတ်၊ နိုင်ငံတကာ ငွေကြေး ဈေးကွက်တွင် ဒေါ်လာဈေး တက်နေခြင်းနှင့် လည်း သက်ဆိုင်သည်။ ဒေါ်လာနှင့် ဂျပန်ယန်း၊ ယူရိုငွေ စသည့် နိုင်ငံတကာတွင် အခိုင်အမာ တည်ရှိနေသော ငွေကြေးများနှင့် လဲလှယ် သည့်အခါ အတိုင်းအတာ တစ်ခုထိ လှုပ်ရှား နေပါသည်။ ပြည်တွင်းမီဒီယာများ၏ သတင်း များအရ လူတွေက ဒေါ်လာငွေကို စုဆောင်း နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ အခြား သော အာရှနိုင်ငံများနည်းတူ ဗီယက်နမ်၏ ဒေါင်ငွေတန်ဖိုးလည်း ကျဆင်းနေပါသည်။ ဗီ ယက်နမ်အာဏာပိုင်များကလည်း တရုတ်နှင့် အမေရိကန်တို့ ဆက်ဆံရေး အခြေအနေကို စောင့်ကြည့်နေရသည်ဟု ဆိုသည်။ တရုတ်အ စိုးရသည် ယွမ်ငွေတန်ဖိုးကို နိမ့်ချလိုက်ခြင်း ကြောင့်ဟု ဆိုသူများက ဆိုကြသည်။ ၂ဝ၁၃ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့ခဲ့ရသည့် ငွေကြေး အကြပ်အတည်းတွင် စီးပွားရေးများ ပြန်လည် ဦးမော့လာအောင် အစိုးရက ကြား ဝင်ကူညီပေးသည့် အမေရိကန်၏ လုပ်ရပ်မျိုး ကို အာရှနိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်များက သင်ခန်းစာ ယူထားကြသည်။ အင်ဒိုနီးရှားတွင်လည်း အတိုးနှုန်မျးားကို ၃ လ အတွင်း ၄ ကြိမ်အထိ မြှင့်တင်ပေးခဲ့သည်။ ဖိ လစ်ပိုင်နှင့် အိန္ဒိယတို့တွင် အတိုးနှုန်းများကို မြှင့်တင်ထားသည်။ အာရှနိုင်ငံများသည် ဘတ် ဂျက်လိုငွေ ပြမှုများကို ပိုပြီး ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံခြားငွေများကို အရံငွေအဖြစ် ပို မိုစုဆောင်းလာကြသည်။
.
အာရှ၏ ငွေကြေးတန်ဖိုးများ ကျဆင်းနေ ခြင်းသည် အမှန်တကယ် အကျပ်အတည်းကို ဆိုက်ရောက်မည့် အခြေအနေသို့ မရောက်သေး ဟု ဆိုနိုင်သည်။ ကုန်သွယ်ရေးကို အားထား သည့် အချို့သော အာရှနိုင်ငံများ အနေဖြင့် ပြည်ပပို့ကုန်များမှ ဝင်ငွေ တော်တော်များများ ရသည်ဟု ဆိုသော်လည်း ကုန်သွယ်မှုကြောင့် ရလာသည့် ထိုဒေါ်လာငွေများကို ပြည်တွင်းငွေ ဖြင့် လဲလှယ်သည့်အခါ ပြည်တွင်းငွေ၏ တန် ဖိုး ကျဆင်းနေခြင်းကြောင့် အထိနာခြင်းဖြစ် သည်ဟု ဆိုရပေမည်။
.
မြန်မာငွေ တန်ဖိုး ကျဆင်းသွားခြင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုး တက်သွားခြင်း ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် စီး ပွားရေး အချိုး မညီမှု ပြဿနာများလည်း ရှိ နေသည်။ အဓိကမှာ ကုန်သွယ်မှု လိုငွေဖြစ် သည်။ တိုင်းပြည်၏ သွင်းကုန်သည် ပို့ကုန် ထက် တန်ဖိုးပိုနေခြင်း ဖြစ်သည်။ လိုငွေသည် ပြီးခဲ့သောနှစ် ၂ဝ၁၇ ခုနှစ်တွင် ၃ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့သည်။ ယင်းမတိုင်မီ ၂ နှစ် ကာလကဆိုလျင် အမေရိကန်ဒေါ်လာ ၅ ဘီ လီယံအထိ ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော အ ကြောင်းများ ပေါင်းစုံခြင်းကြောင့် ဒေါ်လာဈေး မြင့်တက်ခြင်း အပါအဝင် ကျပ်ငွေတန်ဖိုးကျ ဆင်းခြင်းတို့ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ ဖြစ်ပေါ်နေ ခြင်းမှ သက်သာနိုင်ရန်အတွက် မြန်မာ့စီးပွား ရေးဘဏ် (သို့မဟုတ်) ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားငွေ လိုအပ်နေ သည့် ပြည်တွင်းလုပ်ငန်းရှင်များကို ဒေါ်လာငွေ များအား သြဂုတ်လ ၂၆ ရက်တွင် ရောင်းချပေး ခဲ့သည်။ အချို့ရက်များတွင် ဒေါ်လာ ၄ သန်း အထိ ထုတ်ရောင်းပေးခဲ့သည်ဟု သိရသည်။ ၁၃ ရက်တိုင်တိုင် တစ်ရက်ကို တစ်သိန်းနှုန်းဖြင့် အမေရိကန်ဒေါ်လာကို ထုတ်ရောင်းခဲ့သည်။ လိုအပ်သည့် ဒေါ်လာကို ဗဟိုဘဏ်မှ ဖြည့် ဆည်းပေးနေသည့်တိုင် တစ်ဦးချင်း ဝယ်ယူစု ဆောင်းမှုများလည်း ရှိနေပါသည်။ ယင်းအစီအ စဉ်မှာ ထူးခြားမှု မရှိသည့်အတွက် နောက်ထပ် အစီအစဉ်တစ်ခုကို ဖန်တီးရသည်။
.
ယခင်က ထုတ်ရောင်းသည့် ဒေါ်လာများ သည် အရံနိုင်ငံခြားငွေများမှ လျော့သွားခြင်း ဖြစ်သည်။ ယခုအစီအစဉ်တွင် ကျပ်ငွေကို အ ပေါင်ပေးထားပြီး အစိုးရဘက်မှ အမေရိကန် ဒေါ်လာကို ခေတ္တချေးငှားကာ သုံးစွဲခြင်း ဖြစ် သည်။ ထိုချေးငှားထားသော ဒေါ်လာကို ရက် ၂ဝ၊ တစ်လအတွင်း ပြန်လည်ပေးသွင်းရမည် ဖြစ်သည်။ ထို့ကြောင့် အရံနိုင်ငံခြားငွေ ပမာဏ ကျဆင်းသွားမည် မဟုတ်ဟု ဆိုသည်။ သို့ သော်လည်း အတိုင်းအတာ တစ်ခုတော့ စွန့် စားမှု ရှိနေသည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင် သူ တစ်ဦးက ဆိုသည်။ ပြန်မဆပ်လျင် မည် သို့ လုပ်ဆောင်မည်နည်း ဟူသော အပိုင်းသည် အဖြေမရသေးပါ။ ထို့အပြင် မြန်မာကျပ်ငွေ တန်ဖိုးသည် တစ်ချိန်ချိန်တွင် သင့်တော်သည့် နှုန်းသို့ ရောက်မည်ဟုလည်း ခန့်မှန်းမှုများ ရှိ နေပါသည်။
.
လတ်တလော အခြေအနေတွင် သွင်းကုန် လုပ်ငန်းများကို ဦးစွာထိခိုက်နေပါသည်။ သွင်း ကုန်များ ဈေးကြီးနိုင်ပြီး ပြည်ပမှ ပြည်တွင်းသို့ ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းသည့် ပစ္စည်းများ ဥပမာ- ဓါတ်ဆီ၊ စက္ကူများ ဈေးတက်နိုင်သည်။ ကမ္ဘာနှင့် မြန်မာကို စီးပွားရေးအရ ပင်မဈေး နှုန်းဟုပင် စီးပွားရေးပညာရှင်များက တင်စား ပြောဆိုကြသည်။ ဒေါ်လာဈေး တက်ခြင်း ကြောင့် ပြည်ပသို့ ကုန်တင်ပို့မှုများ၊ ပြည်တွင်း ရင်းနှီးမြှပ်နှံသူများ၊ နိုင်ငံခြားမှ အကူအညီ ပေး နေသူများအထိ ခန့်မှန်းရန် ခက်ခဲလာနိုင်သည်။ မြန်မာပြည်တွင် လာရောက်မြှပ်နှံရန် ရည်ရွယ် ထားသည့်နိုင်ငံများမှ နိုင်ငံတကာ ရင်းနှီးမြှပ်နှံ သူများ အနေဖြင့် ဒေါ်လာ အတက်/အကျ များခြင်းကြောင့် မြန်မာပြည်၏ စီးပွားရေးသည် မတည်ငြိမ်ဟု ထင်မြင်ယူဆသည်ကိုလည်း ခံရ နိုင်ပါသည်။
.
ယင်းကဲ့သို့ ဒေါ်လာဈေး တက်ပြီး မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် သွင်းကုန် လုပ်ငန်းများ ထိခိုက်သည်။ အနီးစပ်ဆုံး ပြော ရမည်ဆိုပါက စီးပွားရေးလုပ်ငန်းကြီးကို အမြစ် မှ လှုပ်ခါသလို ဖြစ်ရသည်ဟု ဆိုသည်။ အချို့ သောပုဂ္ဂိုလ်များ ယူဆသလို ပြည်တွင်းမှ ပြည် ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများသည် ဒေါ် လာဖြင့်ရသည်ဟု တရားသေ ယူဆ၍ မရနိုင်ပါ။ မိမိတို့ တိုင်းပြည် တစ်ခုတည်းမှ ကမ္ဘာ့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် ကုန် ပစ္စည်းမှာ မရှိသလောက် နည်းပါးလှသည်။
.
တစ်ချိန်သော ကာလများက မြန်မာ့ဆန် သည် ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခု ရခဲ့ဖူး သော်လည်း ယခုအခါတွင် အခြားနိုင်ငံများမှ ထွက်သည့် ဆန်ကို မကျော်နိုင်သော အဆင့် ဖြစ်နေသည်။ နည်းပညာအရရော၊ အရည် အသွေးပါ မယှဉ်နိုင်သည့် အဆင့် ဖြစ်သည်။ထိုအခြေအနေများတွင် အထည်ချုပ်ကဲ့သို့သော အတတ်ပညာများစွာ မမြင့်မားလှသည့် လုပ် ငန်းများကို အာရုံစိုက်လုပ်ဆောင်သင့်သည်ဟု အကြံပြုအပ်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats