နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အသစ်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ သွားရောက်သူများအား တရုတ်ဘက်မှ ဝင်ခွင့်မပြု၍ကတ်အဟောင်းများဖြင့် ယာယီ ဖြတ်သန်းခွင့်ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အသစ်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ သွားရောက်သူများအား တရုတ်ဘက်မှ ဝင်ခွင့်မပြု၍ကတ်အဟောင်းများဖြင့် ယာယီ ဖြတ်သန်းခွင့်ပြုမည်


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
တရုတ်-မြန်မာနယ်စပ် စစ်ဆေး ရေးဂိတ်များတွင် မြန်မာဘက်မှ လုံခြုံရေးအစီမံသစ်များ တိုးမြင့်ထား သည့် တစ်ခါသုံး Temporary Border Pass အပြာရောင်ကတ်များ ပြောင်းလဲအသုံးပြုခဲ့ရာ တရုတ် နိုင်ငံဘက်မှ ဝင်ခွင့်မပြုသဖြင့် မြန်မာခရီးသွားများ အခက်ကြုံနေမှုကြောင့် ယခင်ကတ်အဟောင်းများ ဖြင့် ဝင်ရောက်နိုင်ရေးဆောင်ရွက်ခဲ့ ကြောင်း မူဆယ်မြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း ကျော်သိန်းထံက သိရသည်။ 
.
.
''ကတ်ပြောင်းလဲမယ် ဆိုတာ မြန်မာနိုင်ငံဘက်က အောက်တိုဘာ လဆန်းကတည်းက နယ်စပ်ချင်း ထိ စပ်နေတဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင် ငံတွေကို အကြောင်းကြားညှိနှိုင်း ထားတယ်လို့ လားရှိုးခရိုင် လဝက ရုံးက ပြောပါတယ်။ အခုက တရုတ် နိုင်ငံခြားရေးဌာနက အောက်ခြေကို အကြောင်းကြားစာ မရောက်လို့ ကတ်အသစ်နဲ့ ဝင်ခွင့်မပြုတဲ့အတွက် တာချီလိတ်ဘက်က ပိုနေတဲ့ကတ်အ ဟောင်း ၄ဝဝဝဝ ကျော်ကို လေယာဉ် နဲ့ ပို့ပြီး နိုဝင်ဘာ ၇ ရက်မှာ ကတ် အဟောင်းတွေနဲ့ ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါ တယ်'' ဟု ဦးစိုင်းကျော်သိန်းကပြောသည်။
.
အဆိုပါ ကတ်အသစ်များကို လုံခြုံရေးအစီအမံသစ်များဖြင့် တိုးမြှင့် လုပ်ဆောင်ထားမှုကို ထိုင်းနိုင်ငံနယ် စပ်နှင့် တရုတ်နိုင်ငံနယ်စပ်တို့တွင် စ တင်သုံးစွဲနိုင်ရေးအတွက် အောက်တိုဘာလဆန်းက နိုင်ငံခြားရေးဝန်ကြီးဌာနများသို့ ညှိနှိုင်းအကြောင်း ကြားခဲ့သော်လည်း မူဆယ်နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင်မူ မည် သည့်အကြောင်းကြားစာမျှ မရရှိဟု ဆိုကာ ကတ်အသစ်ဖြင့် ဝင်ခွင့်မပြု ခဲ့သဖြင့် မြန်မာနိုင်ငံဘက်မှ ခရီးသွား များ အခက်အခဲကြုံခဲ့ရခြင်းဖြစ်သည်။
.
''စာအုပ်သမားတွေနဲ့ စမတ် ကတ်သမားတွေကတော့ ရပါတယ်။ ၇ ရက် ယာယီကတ် အသစ်တွေသာ မရတာပါ။ ထိုင်းနယ်စပ်တွေမှာ တောင် ကတ်အသစ်တွေရနေတာ ကြားတော့ တရုတ်နိုင်ငံဘက်မှာ အပေါ်နဲ့ အောက်ခြေ ဟနေတာဆို ပေမယ့် ထိခိုက်တာက မြန်မာနိုင်ငံ သားတွေဖြစ်နေရတယ်'' ဟု မူဆယ် မြို့ခံ ကိုမျိုးလွင်က ပြောသည်။
.
''လတ်တလောတော့ သစ်သီး ကုန်တွေကို ဦးစားပေးအနေနဲ့ လက် ကျန်ကတ်အဟောင်းတွေနဲ့ ပြုလုပ် ပေးနေပါတယ်။ နယ်ခြားဆက်ဆံရေး ကလည်း ညှိနှိုင်းနေသလို နိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း လုပ်ဆောင် နေတယ်လို့ သိရပါတယ်'' ဟု မူ ဆယ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးကဆိုသည်။
.
မြန်မာနိုင်ငံ မူဆယ်မြို့မှ၊ တ ရုတ်နိုင်ငံ ရွှေလီဘက်သို့ ဂိတ်ပေါက် ၃ ခုမှ တစ်ရက်လျှင် ပျဉ်းမျှ ခရီးသွား ထောင်ချီ ဖြတ်သန်းသွားလာ မှု ရှိနေပြီး မော်တော်ယာဉ်များအနေ ဖြင့်လည်း အစီးရေရာချီကာ ကုန်ကူး သန်းလျက်ရှိနေသည်ဖြစ်ရာ ယခုကဲ့ သို့ ကတ်အသစ်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ရသည့် အခက်အခဲမှာ ယာ ယီခက်ခဲမှုသာ ဖြစ်သော်လည်း သွား လာခွင့်မရရှိသူများအနေဖြင့်မှု အ ခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဝေဖန်ပြောဆိုလျက်ရှိကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats