ရွှေပြည်တော်သို့ ပထမခြေလှမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေပြည်တော်သို့ ပထမခြေလှမ်း



ကမ္ဘောဇတိုင်း
.
ပြည်သူလူထုများ စိတ်ပါဝင်စားစွာ စောင့်ကြည့်ခဲ့ရသည့် ၂ဝ၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင် စွာ ပြီးစီးခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအနက် လက်ရှိအာဏာရအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၇ နေရာ ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ နေရာ အနိုင်ရရှိခဲ့သည်။ ထို့အတူ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသခံ တိုင်းရင်းသားပါတီများက အ နိုင် ရရှိခဲ့သလို ရခိုင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးက အနိုင်ရရှိခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ တစ်ခုတည်းသော လစ်လပ်လွှတ်တော်ကိုယ်စားလှယ် နေရာဖြစ်သည့် လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ြှီူ)မှ ကိုယ် စားလှယ်လောင်း ဖြစ်သူ စိုင်းဥက္ကာမှ အနိုင် ရရှိခဲ့သည်။ ယင်းနေရာသည် ယခင် ၂ဝ၁၅ ရွေးကောက်ပွဲကလည်ြးှီူ ပါတီမှပင် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။
.
လဲချားမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၉ စုရှိ မဲရုံပေါင်း ၃၆ ရုံတွင် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၃၉ဝဝဝ ကျော်ရှိခဲ့ရာ ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် မဲလာပေးသူဦးရေ ၁၁၁၇၆ ကျော်ရှိခဲ့ပြီး ခိုင်လုံမဲအရေအတွက် ၈၅ဝဝ ကျော်ဖြင့် စိုင်းဥက္ကာက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲပေးပိုင်ခွင့်ရှိသော လစ်လပ်မဲဆန္ဒနယ်များမှ မဲဆန္ဒရှင် ပြည်သူများ မဲလာရောက်ပေးမှု နည်းပါးခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးကဲ့သို့ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ အရေးပါ အရာရောက်ခြင်း မရှိသည့်အတွက် လူထုမှ မဲလာရောက်ပေးရန် ဆန္ဒမရှိခြင်းပေလော သို့တည်းမဟုတ် ဘယ်သူတက်တက်၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ် မှ ကိုယ်စားရမှာဟူသည့် ကျဉ်းမြောင်းသော အမြင်များ ရှိနေခြင်းကြောင့်ပေလော။
.
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရာ တိုင်း ပြည်မှာ အစစအရာရာ နောက်ကျကျန်ရစ်ခဲ့ရသည်။ တစ်ဖန် ရာစုနှစ်ထက်ဝက် နီးပါးခန့် စစ်အုပ်ချုပ်ရေးပုံစံအမှောင် ခေတ်ကို ဖြတ်သန်းခဲ့ကြရာ နိုင်ငံသူ၊ နိုင်ငံသားအများအပြားမှာ နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင် ဗဟုသုတ၊ မဲဆန္ဒ ရှင် အသိပညာ(ဠသအနမ နိကခအေငသည)တို့နှင့် စိမ်းနေခဲ့ရသည်။
.
လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် တတိယအကြိမ်မြောက် (၂ဝဝ၈ ဖွဲ့စည်းပုံအရ ကျင်းပသော)ပြည်လုံးကျွတ် အ ထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်မှ စတင်၍ ကျင်းပခဲ့သော ရွေးကောက်ပွဲများ၏ မဲပေးမှု ရာခိုင်နှုန်းကို ပြန်ကြည့်ပါက ၂ဝ၁ဝ ခုနှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ တွင် တစ်ပြည်လုံးအတိုင်းအတာအားဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ၏ ၇၇ ဒသမ ၂၆ ရာခိုင်နှုန်းသာ မဲလာပေးခဲ့ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၆၈ ဒသမ ၂၉ ရာခိုင်နှုန်း၊ ၂ဝ၁၅ ရွေးကောက်ပွဲတွင် ၆၉ ဒသမ ၇၂ ရာခိုင် နှုန်းနှင့် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ၃၆ ဒသမ ၈၄ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့သည်ကို တွေ့ရမည် ဖြစ်ပေသည်။
.
မဲလာမပေးသည့် ရာခိုင်နှုန်းကို ပြန်ကြည့်ပါကလည်း မြို့ပေါ်ထက် ကျေးလက်ဒေသများတွင် ပိုမိုများပြားနေသည် ကို တွေ့ရသည်။ ပါတီများအနေဖြင့် ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်ရေးလုပ်ငန်းစဉ်များတွင် ¤င်းတို့၏ ပါတီမူ ဝါဒရေးရာများ ဟောပြောမဲဆွယ်ခြင်းထက် မဲထည့်ပုံနည်းစနစ်(ဠသအနမ နိကခအေငသည)ကို ပိုမိုအားစိုက်လုပ်ဆောင်နေရ ကြောင်းလည်း ကြားသိနေရသည်။ ဤပုံအတိုင်းသာ ဆက်သွားနေပါက ၂ဝ၂ဝ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် လည်း ပြည်သူလူထုတို့က ရွေးကောက်ပွဲအပေါ်၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု ကင်းကွာနေဦးမည်သာ ဖြစ်ပါသည်။
.
စစ်အုပ်ချုပ်ရေးခေတ် တစ်လျှောက် ရာစုနှစ်ထက်ဝက်ခန့် အတွေးအခေါ် အယူအဆများ၊ နိုင်ငံရေးအသိအမြင် များ ကင်းကွာခဲ့ရသော လူထုတို့သည် နိုင်ငံရေးကို စိတ်ဝင်စားရကောင်းမှန်း မသိကြသေးချေ။ အချို့ကလည်း နိုင်ငံ ရေးတက်ြ<ွကလှုပ်ရှားသယောင်ဖြင့် နိုင်ငံအကျိုးအတွက် ဆောင်ရွက်ခြင်းထက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့ဖြင့်သာ အချိန် ကုန်နေပြီး အချင်းချင်း အပုပ်ချတိုက်ခိုက်ခြင်းကို လုပ်ဆောင်နေကြသည်။ အမှန်တကယ် နိုင်ငံရေးအသိ၊ နိုင်ငံရေး အမြင်များကို နိုင်ငံရေးပါတီဝင်များ အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သိမြင်ပြီး နိုင်ငံအကျိုးအတွက် ကျ ရာနေရာမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ဆောင်ရွက်နိုင်မှသာလျှင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကြီး အေးချမ်းသာယာဝပြောသည့် ရွှေပြည်တော်ဆီသို့ ရောက်ရှိမည်သာ ဖြစ်ပါတော့သည်။ အဆိုပါ ရွှေပြည်တော် ခရီးအတွက် မဲပေးခြင်းအနုပညာဟူသည့် ပထမခြေလှမ်းသည်လည်း အခြေခံအကျဆုံးနှင့် အရေးပါဆုံးသော ခြေ လှမ်းတစ်လှမ်းလည်း ဖြစ်ပါတော့သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats