ရွာငံတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ လူ ၄ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ လူ ၄ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ညောင်အိုင်းကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ အနီးတွင် နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် လူ ၄ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရွာငံမြို့မရဲစခန်းမှ သိရှိရသည်။
.
.
ရွာငံမြို့နယ်၊ ညောင်အိုင်းကျေးရွာ၊ လက်ပံပင်ကျေးရွာမြောက်ဘက် ရွာငံ-အောင်ပန်းသွားကားလမ်း၊  မိုင်တိုင်အမှတ် ၄၈/ ၁ နှင့် ၂ အကြားတွင်  နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က အောင်ပန်းမြို့ဘက်မှ ရွာငံမြို့ဘက်သို့ ရွာငံမြို့နယ်၊ ညောင်ဖြူရိုးကျေးရွာနေ ခင်မောင်ညွန့် (၃၉)နှစ်မောင်းလာသည့် ဈေးပတ်ယာဉ်နှင့် ရွာငံဘက်မှ အောင်ပန်း ဘက်သို့ ရွာငံမြို့နယ်၊ ညောင်ပင်ခွရွာနေ  နေဆန်းဦး (၁၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်နောက်လိုက် ကျော်ဆန်းအောင်(၁၈)နှစ်လိုက်ပါလာသည့် ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် ဈေးပတ်ယာဉ်ပေါ်ပါ ညောင်ဖြူရိုး ကျေးရွာနေ ကံထူး(၃၀)နှစ်၊ ညောင်အိုင်ကျေးရွာနေ ဒေါ်ခင်ဝေဦး(၃၀)နှစ်နှင့် ဒေါ်ငြိမ်တင်(၆၀)နှစ်တို့ ၃ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ညောင်အိုင်ကျေးရွာနေ ဒေါ်မြသန်း(၄၀)နှစ်မှာ ရွာငံဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကာ ညောင်အိုင်ရွာနေ ဒေါ်တင်အေး(၄၆)နှစ်၊ ဒေါ်ထူး(၄၄)နှစ်၊ ဒေါ်ပို(၅၃)နှစ်၊ ဒေါ်ချိုမာ(၄၀)နှစ်၊ ဒေါ်ကျင်ဌေး(၄၉)နှစ်၊ ဒေါ်ရွှေမြ(၅၃)နှစ်၊ ဒေါ်ကျင်ရွှေ(၅၀)နှစ်၊ ဒေါ်သန်း(၄၀)နှစ်၊  မမြင့်မော်(၁၈)နှစ်၊ ဦးခင်မောင်ညွန့် (၃၉)နှစ်၊  ဒေါ်စိုးပု(၅၁)နှစ်၊ ဒေါ်ထွေးရီ(၅၈)နှစ်၊ ဒေါ်တော(၆၄)နှစ်၊ ဒေါ်အိမ်ပြည့်(၅၆)နှစ်၊ ဒေါ်မာရီ(၁၈)နှစ်၊ ဒေါ်မဲပု(၇၁)နှစ်တို့မှာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး ဒေါ်သိန်းခင်(၆၀)နှစ်မှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါယာဉ်တိုက်မှုမှ ဒဏ်ရာရသူများအား ရွာငံဆေးရုံသို့ တင်ပို့ကုသလျက်ရှိပြီး ယာဉ်တိုက်မှုတွင်တာဝန်ရှိသူ ယာဉ်မောင်းများအား အမှုဖွင့်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် စခန်းမှူး ဒုရဲမှူး ကျော်ဝင်းဆွေတို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats