မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊၊
ကလောမြို့နယ်၊ မြင်းမထိကျေးရွာအနီး အောင်ပန်း-ပင်လောင်သွားကားလမ်းပေါ်တွင် နိုဝင်ဘာလ
၁၅ ရက်၊ ညနေပိုင်းက ၁၈ ဘီးတွဲယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှလာသည့်
ဆိုင်ကယ်ကိုတိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
“လူနာက ပေါင်
၃ ပိုင်းကျိုးတယ်။ မြင်ရတာတော့ ပြင်းထန်ပါတယ်။
ကာယကုသိုလ်အဖွဲ့က အကြောင်းကြားလို့ ချက်ခြင်း လူနာကို ကလောဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု
အောင်ပန်းမြို့၊ လူမIကူညီရေးအသင်းမှ ဦးစိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကလောမြို့နယ်၊
မြင်းမထိကျေးရွာ၊ အောင်ပန်း-ပင်လောင်းကားလမ်း၊ မိုင်တိုင်အမှတ်(5-KM/6-KM) အကြားတွင်
နိုဝင်ဘာလ ၁၅ ရက်၊ ညနေ ၆ နာရီခန့်က ကျောက်ဆည်မြို့၊ တောင်နံ့သာရပ်ကွက်နေ မျိုးသိန်းဆွေ
(၃၇နှစ်)မောင်းနှင်လာသည့် ၁၈ ဘီးတွဲယာဉ်သည် ပင်လောင်းဘက်မှအောင်ပန်းဘက်သို့ မောင်းနှင်လာစဉ်
အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ အောင်ပန်းဘက်မှ ပင်လောင်းဘက်သို့
ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၊ တောင်ကြီးချေကျေးရွာနေ
သန်းထိုက်စိုး(၄၀)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ သဖြင့် သန်းထိုက်စိုးမှာ
ဝဲဘက်ပေါင်ကျိုး၊ ၀ဲဘက်ဒူးကျိုး၊ ၀ဲဘက်ခြေသလုံးရိုးကျိုး၊ ၀ဲဘက်ခြေဖ၀ါး၊ အပေါ်နှုတ်ခမ်း၊
ဝဲ/ယာ နဖူးပေါက်ပြဲဒဏ်ရာများနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ စိုးရိမ်ရအနေအထားအရ
ရဲဆေးစာဖြင့် ကလောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
.
သို့ဖြစ်၍
ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်းရှိ ဆိုင်ကယ်ကို
တိုက်မိစေသည့် ယာဉ်မောင်း မျိုးသိန်းဆွေ အား ကလောမြို့မရဲစခန်းမှ ယာဉ်(ပ) ၂၀/၂၀၁၈၊
ရာဇသတ်ကြီး ဥပဒေပုဒ်မ၊ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan