မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့နယ်၊ ချုံဟောင်းအုပ်စု၊ ချုံးဟောင်းကျေးရွာမှ ဒေသခံများသည် နိုဝင်ဘာလ
၁၉ ရက်၊ ညနေပိုင်းက ကျောက်မဲမြို့ပေါ် သို့ စစ်ရှောင်ရောက်ရှိလာကြောင်း ဇီဝိတလူမှုကူညီရေးအသင်းမှ
သိရသည်။
.
.
“တိုက်ပွဲတွေဖြစ်နေတာ
တစ်ပတ်လောက် ရှိနေပြီ။ ပိုမိုပြင်းထန်လာမယ့်အခြေအနေနဲ့ ကျယ်ပြန့်လာမယ့်အခြေအနေတွေ ကြောင့်
ပြေးလာကြတာပါ။ သူတို့အတွက် လိုအပ်ချက်တွေတော့ အားလုံးပံ့ပိုးပေးနေကြပါတယ်”ဟု ကျောက်မဲမြို့၊
ဇီဝိတဒါန လူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။
တိုက်ပွဲများကြောင့်
ချုံးဟောင်းကျေးရွာမှ ကျား/မ ၄၁ ဦး စစ်ရှောင်လာခြင်းဖြစ်ပြီး
ကျောက်မဲမြို့ပေါ် အမှတ်(၈)ရပ်ကွက်ရှိ သန္တိသုခ ဓမ္မာရုံတွင် စခန်းဖွင့် စောင့်ရှောက်ထားရှိကြောင်းသိရကာ
ယခုစစ်ရှောင်လာသူများမှာ ပထမဆုံးဖြစ်ပြီး ပိုမိုကျယ်ပြန့်ပြင်းထန်လာမည့် စစ်ရေးပဋိပက္ခများကြောင့်
ထပ်မံ၍ ရောက်ရှိလာနိုင်ခြေများပြားကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်၊ RCSS/SSA တို့ စစ်ရေးပဋိပက္ခများ ရက်ဆက်ဖြစ်ပွားလျက်ရှိရာ
နမ္မတူမြို့နယ်၊ ပန်ကိုင်ရွာဖက်တွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၆ နာရီခန့်ကစ၍ လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းနှင့် ပင်လုံ၊ ရေအိုး၊ ပန်လှ ရွာများတွင်
ယခင်ရက်များကတည်းက တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လားရှိုး (၁၂)မိုင်၊ မန်ပြိန်အထက်ရွာတစ်ဝိုက်
တိုက်ပွဲများကြား မန်ပြိန်ရွာဒေသခံများဖြစ်သည့် ကိုမာဂမ်နှင့် ဒေါ်မာလွတ်တို့ သေနတ်ထိမှန်
သေဆုံးခဲ့ကြရကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan