ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အတွင်း၌ မြေပဲ စိုက်ပျိုးသူ နည်းပါးလာခြင်းကြောင့်
ဆီကုန်သည်နှင့် ဆီစက်ပိုင်ရှင်များ မြေပဲဝယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေကြရကာ ယခင်ကကဲ့သို့
တောင်သူများ မြေပဲကို အများအပြား ပြန်လည် စိုက်ပျိုးနိုင်ရန် အစိုးရမှ ကူ ညီဆောင်ရွက်ပေးရန်
ဆီကုန်သည်များမှ မျှော်လင့်နေလျက် ရှိကြောင်း သိရသည်။
.
.
''ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ က မြေပဲစိုက်ပျိုးသူတွေ တော်တော်
လေး နည်းလာတယ်။ အဲဒီလို မြေပဲ စိုက်ပျိုးတဲ့သူတွေ နည်းလာတဲ့ အ ခါ ဆီကုန်သည်တွေက မြေပဲ
ဝယ် ယူတဲ့ နေရာမှာ အခက်အခက်ခဲ တွေ ကြုံလာရတယ်။ စိုက်ပျိုးတဲ့ တောင်သူတွေကလည်း မြေပဲဈေး
ကွက် အရောင်းအဝယ်က ကောင်းပေ မယ့် ရာသီဥတု ဖောက်ပြန်တာတွေ၊ နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးခြင်း
မရှိတဲ့ အခါကြတော့ မြေပဲအထွက် လျော့လာတယ်။ အဲဒီတော့ တွက်ခြေ မကိုက်ဖြစ်လာပြီး စိုက်တဲ့
လူတွေ နည်းသွားရတာပါ။ အစိုးရကလည်း မြေပဲတွေ ပြန်ပြီးတော့ စိုက်ပျိုးလာ စေဖို့အတွက်
ကူညီဆောင်ရွက်ပေး စေလိုပါတယ်''ဟု ဆီကုန်သည် ဦး အေးမောင်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
ရှမ်းပြည်နယ်တွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ နည်းစနစ် မှန်ကန် စွာ
မစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် မြေပဲအထွက်နှုန်း လျော့နည်း လာကာ တောင်သူများ တွက်ခြေမကိုက်သည့်
အတွက် မြေပဲအစား အခြားသီးနှံ များကို အစားထိုး စိုက်ပျိုးလာသူ များပြားလာကာ တောင်သူများ
အ နေဖြင့် မြေပဲကို စီးပွားဖြစ် ပြန် လည် စိုက်ပျိုးရန် အတွက် အစိုးရ အနေဖြင့် ဆောင်ရွက်ပေးရန်
မျှော် လင့်နေကြခြင်း ဖြစ်သည်။
.
'' အရင်နှစ်တွေ တုန်းကတော့ ကဆုန်မှာ တစ်ကြိမ် ဝါဆိုမှာ တစ် ကြိမ်
တစ်နှစ်ကို ၂ ကြိမ် စိုက်ပါ တယ်။ ကြွက်တွေ၊ မြေထဲက ပိုး တွေ ဖျက်စီးတာလည်း ရှိပါတယ်။
မြေပဲ ခူးဆွတ်ပြီးတော့ အခြောက် လှမ်းရတယ်။ ရာသီဥတုက မမှန်တော့ အထွက်က နည်းတယ်။ အလုပ်သမား
စရိတ်တွေနဲ့ ပြန်တွက်ကြည့်ရင် တွက် ခြေမကိုက်လို့ ဒီနှစ် မစိုက်တော့တာ ပါ။''ဟု ပင်းတယမြို့မှ
တောင်သူ ဦးအေးမင်းက ရှင်းပြသည်။
.
မြန်မာနိုင်ငံရှိ မြေပဲကို ပြည်ပ နိုင်ငံများက ကြိုက်နှစ်သက်ခြင်း
ကြောင့် ဝယ်လိုအား များပြားနေပြီး ပြည်ပသို့ မြေပဲ တင်ပို့မှု၏ ၈ဝ ရာ ခိုင်နှုန်းကို
တရုတ်နိုင်ငံသို့ ပို့ ဆောင်နေခြင်းဖြစ်ကာ မြေပဲဆံ တင် ပို့မှုမှ နှစ်စဉ် ပျဉ်းမျှ အမေရိကန်
ဒေါ်လာ သန်း ၁ဝဝ ကျော် ရရှိခဲ့ ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
.
.
.
#KBZTai #Shan