ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
စည်းပေါင်
.
တိုင်းရင်းသားပေါင်းစုံ သုသာန်သို့ အသု ဘလိုက်ပို့ဖြစ်တိုင်း မြို့ရှောင်လမ်းမကြီးအတွက်
ဖောက်လုပ်ထားပြီးရှိသည့် အူလမ်းကြောင်းမ ကြီး ပြန့်ပြန့်ပြူးပြူးကို အမြဲလိုလိုမျှော်ကြည့်မိခဲ့
၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ကျွန် တော်ဆောင်းပါးတစ်ပုဒ်ရေးချင်စိတ် ရှိနေသည် မှာလည်း
အတန်ပင်ကြာမြင့်ခဲ့ပြီ။ မရေးဖြစ်ခဲ့ ပါ။ လက်ရှောင် ရသည့်အကြောင်းရင်းကား ကျွန်တော်တို့
တောင်ကြီးမြို့ အခြေပြုကာ ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အားလုံးအတွက်
ကိုယ်စားပြု အပတ်စဉ်အမြဲ မပြတ်(တန်ခူးပိတ်ရက် ၂ ပတ်မှလွဲ၍)ထုတ်ဝေ နေသည့် ကမ္ဘောဇတိုင်းသတင်းဂျာနယ်ကြီး၏
ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သူ စာပေမိတ် ဆွေရေးဖော်ရေးဖတ် ဆရာအောင်ဆန်းဝင်းကို
ငဲ့၍ သူ့အတွက်လျာထားလိုက်ခြင်းကြောင့် ဖြစ် ပါသည်။ သူသည် အကြောင်းအရာရွေး ကောင်း ၏။
တောင်ကြီးမြို့ပေါ်၌ လိုအပ်နေသည့် ချွတ် ယွင်းချက်၊ ချို့တဲ့ချက်များလုပ်ဆောင်ပေးဖို့
ပြု ပြင်ပေးဖို့ အမြဲကြောင့်ကြစိုက်မီးမောင်းထိုးပြ နေသူဖြစ်၏။ ခေါင်းစီးပေးအလွန်ဆွဲဆောင်အား
ကောင်း၏။ စာအရေးအသားမှာ သူ့အရွယ်အ သက် ၄ဝ ကျော်အလိုက်၊ စကားအသုံးအနှုန်း ဝေါဟာရခေတ်မီကြွယ်ဝ၏။
သူကဗျာသီကုံးလေ့ မရှိသော်လည်း နဘေထပ်တွေလည်း သုံးလေ့ ရှိမြဲမို့ စာရေးရွှင်လှ၏။ မချိပြုံးလေးများကိုလည်း
တင်ဆက်တတ်၏။ စာအရေးညက်ပြီး လိမ္မာပါး နပ်၏။ တော်လှ၏။ ထို့ကြောင့်လည်း ပင်တိုင် ဆောင်းပါးရှင်အဖြစ်
ဂျာနယ်ကိုယ်ရေး အကျဉ်း ဖော်ပြရာ ကော်လံ၌ တကူးတကန့်ဂုဏ်ပြုဖော် ပြခံနေရသည်မှာလည်း လအတန်ကြာမြင့်ခဲ့ပါ
ပြီ။ အချင်းချင်းနှိမ်ချိုးနှိပ်နယ်မပြောအပ်မရေး အပ်ပါ။ ကိုယ့်လူဆိုက ဂုဏ်တက်အောင်
ရှာ ကြံမြှောက်ပင့်ပြောအပ် ရေးအပ်၏ဟု ဆရာကြီး ငွေဥဒေါင်းက သြဝါဒပေးဖူးပါ၏။ ယခုရေးသား
မှု၌ ဆရာကသူ့စာပေမိတ်ဆွေမို့ သာသာထိုးထိုး ဂုဏ်တင်နေပြီ မထင်လိုက်ကြပါနှင့်ဦး။သူ့စာ
တွေကိုအမြဲဖတ်ရှုနေသောအမာခံပရိသတ် တို့ ကျွန်တော်ရေးတာ လိုနေသေးသည်ဟု ထောက်ခံကြမည်မှာ
မလွဲပါ။ ဟုတ်တယ်ဟုတ်။
''လူလည်းလူ့စည်း၊ ဘီလူးလည်း ဘီလူး စည်း''ဆိုစကားသည် စည်းပေါင်စောင့်ထိန်းရန်
သတိပံ့နေသော ဆိုရိုးစကားဖြစ်၏။ ကျွန်တော် တို့ စာပေအစဉ်တစိုက် ရေးသားနေကြရာ၌ သူ စိတ်ဝင်စားရာ၊
ဝါသနာထုံရာ၊ သူ့အတွေးသူ့ရှု ထောင့် သူ့အရေးအသားဟန်နှင့်သူ ရှိပြီးသား ပါ။ ပင်တိုင်ဆောင်းပါးရှင်အဆင့်
ရထားပြီး သူ ၏ လိုင်းကိုအခြားခြောက်ချည့်ခြောက်ချက် စာ ရေးသူတို့ ဝင်မလုကောင်းပါ။ လေးစားသမှုနှင့်
လက်ရှောင်ကာ သူ့အတွက်ဟု စည်းပေါင်ကို လိုက်နာစောင့်ထိန်းအပ်၏။ ဆရာစိုင်းကျော်မောင်ဆိုလျှင်
နိုင်ငံတကာ စစ်မက်ရေး အခြေ အနေနှင့် ပတ်သက်ပြီး စိုင်းကွမ်းမိုင်းကလောင် ခွဲဖြင့် ရေးနေ၏။
သူ့လိုင်းကို အခြားသူအစားထိုး ဝင်ဖို့ခက်၏။ ဆရာကျော်ကျော်လင်းဆိုလျှင် အရေးတည်ငြိမ်
လူကြီးဆန်ပြီး ကျော်လင်းဦး ကလောင်ခွဲဖြင့် သမိုင်းကြောင်း ဇာတ်ဟောင်း တွေ ပြည့်စုံအောင်တင်ပြနိုင်၏။
တိုင်းပြည်၏ စီ မံကိန်းကိစ္စ၊ ငွေကြေးအနေအထား၊ ကုန်သွယ် မှုအနေအထား၊ လယ်ယာစိုက်ပျိုးမှု၊
စက်မှု လက်မှုထွန်းကားရေးကိစ္စများ၊ အလုပ်သမား၊ လယ်သမားတို့၏ ရုန်းကန်နေရသည့် အခြေအ နေ
ကျောင်းသားကျောင်းသူ၊ ဆရာမများစာသင် ကျောင်းများ စသည့် ပညာရေးကဏ္ဍစသည် ဖြင့် အကြောင်းအရာ
စုံစုံလင်လင် ၁၂ မျိုးချင်း သုပ်လက်ဖက်သုပ်လိုင်းဟု လည်းကောင်း၊ ၁၂ မျိုး ဟင်းချိုရည်လိုင်းဟုလည်းကောင်း
ဂုဏ်ပြုပေးချင်ပါသည်။ သူကား အသက် ၅ဝ ကျော်ဝန်းကျင်သာရှိသေး၏။ ဆရာစိုင်းကျော် မောင်ကတော့
ကျွန်တော့်ထက် ၁ဝ နှစ်ခန့်ငယ် ၍ ၆ဝ ခန့်ဝန်းကျင်ပါ။ ကျွန်တော်ကတော့ ၇၃ နှစ်ထဲမှာ ခေါင်းမွှေးလည်းဖြူပြီး
အရွယ်လည်း ကျလာပြီ။ အဘိုးလေးအရွယ်ပါ။ သူတို့ရောပြီး
ရေးသားမိသည်ကို ခွင့်လွှတ်ကြပါ။ မနှိုင်း ကောင်း၊ နှိုင်းကောင်း သူတို့သုံးဦးက ပင်တိုင်
ဆောင်းပါးရှင်တွေအဆင့်ပါ။ ကျွန်တော့်မှာက အသက်အကြီးဆုံး အသုံးမကျဆုံး။ ဤဂျာနယ် မထုတ်မီ
အရှေ့ရိုးမဂျာနယ်တုန်းက အယ်ဒီတာ ဆရာမိုး စာမူတောင်း၍ ရှေ့ပိုင်းအပတ်ချန် နောက်ပိုင်းအပတ်စဉ်ရေးပေးဖြစ်ခဲ့၏။ ရပ်ဆိုင်း ကွယ်ပျောက်သွားတော့
နှမြောမိ၏။ ထုတ်ဝေ မှုသက်ဆိုးရှည်ဖို့ခက်ကြောင်း သံဝေဂရမိပါ သည်။
.
ယခု ကမ္ဘောဇတိုင်းသတင်းဂျာနယ်ထွက် လာပြန်တော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုအား
ပေးခဲ့၏။ ဆရာမိုးပင် စာမူလာတောင်း၍ အ ဆက်အစပ်ဖြစ်ကာ အမြဲလိုလိုရေးပေးဖြစ်၏။ ရှေ့ပိုင်းအပတ်ခြား
နောက်ပိုင်းဆက်တိုက် ခု တော့ ဂျာနယ်တိုက်မှာ သူမရှိတော့ပြီ။ သူ့ ကျေးဇူးကိုအောက်မေ့လျက်ဖော်ပြရေးသားမိပါ၏။
ကျေးဇူးရှင်ကို မမေ့ကောင်းဟု ဆရာသ မားကြီးများက ဆုံးမသြဝါဒပေးခဲ့မြဲ မဟုတ်ပါ လား။ ထားတော့။
ကျွန်တော်ဝန်ခံလို သည်က ကျွန်တော်စာပေဝါသနာကြီးခဲ့သော်ငြား အရည် အချင်းမရှိခဲ့၍ဖြစ်မည်။
ဘာဆုမှလည်း မချိတ် ဖူး၊ ဝင်လည်းဝင်မပြိုင်ခဲ့ဖူး၊ ဒီတော့ ဘာမှဂုဏ် မရှိ။ ဂုဏ်မဲ့ပေါ့။
သို့သော် ဂျာနယ်လေးစဉ်ဆက် မပြတ်ထွက်နိုင်ပါစေ ရည်ရွယ်ချက်ဖြင့်စွမ်းနိုင် သည့်ဘက်က
အားဖြည့်ပေးနေသည့် စေတနာ မေတ္တာအရင်းခံကြောင့် ဆက်ရေးဖြစ်၏။ ပင် တိုင်ဆောင်းပါးရှင်အဆင့်ကို
မှန်းနေခြင်းတော့ မဟုတ်ပါပေ။ သုံးပေးနေသော အယ်ဒီတာအ ဖွဲ့ကို အထူးကျေးဇူးတင်နေရပါသည်။
ကိုယ်က မှ အဆင့်နိမ့်နေခဲ့တာကိုး။
.
တွန်းအား
.
စာပေရေးသားဖြစ်ဖို့က တွန်းအားအများ ကြီး လိုပါ၏။ ခေတ်အလိုက် ကိုက်ညီသည့်အ
ကြောင်းအရာကို ရွေးချယ်တတ်ဖို့လို၏။ ဖော်ပြ ပေးမည့် စာပေပလက်ဖောင်းက အခရာအကျ ဆုံးပါ။
တွန်းအားတွေအနက် ဝေဒနာသည်လို ရင်း။ ကောင်းဝေဒနာ၊ ဆိုးဝေဒနာနှစ်မျိုးမှာ တစ်မျိုးမျိုး၏
နက်နက်နဲနဲခံစားချက်သည် အ လိုအပ်ဆုံးတွန်းအားပါ။ တချို့ကဈာန်ဝင်စားမှု ဟုလည်းဆိုကြ၏။
စာကောင်းတစ်ပုဒ်ဖြစ်ဖို့ကို မူ အကြွားမသန်ဘဲ နိမ့်ချမှုရှိဖို့လိုက မာန်မာန ကိုဖြုတ်ချထားရပါမည်။
မာန်မာနသည် ဆူး ငြောင့်ခလုတ်ဖြစ်၏။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူ တော်လေ။ အရေးအကြီးဆုံးကား
စေတနာ ကောင်း။ စာဖတ်သူအပေါ်ထားရှိသော စေတနာ ဖြူဖြူ၊ မေတ္တာကြူကြူပါ။ ယခုကျွန်တော် ရွေးချယ်လိုက်သည့်
အကြောင်းအရာကတော့ စာဖတ်သူအတွက်ရော၊ မြို့နေလူထုအတွက် ရော အထူးသဖြင့် အနောက်မြို့ပတ်လမ်းနှင့်
မြို့အနောက်ခြမ်းလမ်းကြိုလမ်းကြားလမ်းကျဉ်း မြောင်းလမ်းကောက်။ ဘာကြောင့်နည်း။
.
တစ်ခွန်းတည်းဖြေဆိုလျှင် ယာဉ်ပြိတ္တာကြီး တွေကြောင့်ပါ။ ၁ဝ ဘီးအထက်၊
တွဲကားကြီး တွေ၊ တစ်ဆက်နှစ်ဆက်ကားကြီးတွေဆိုသည် က မြင့်လည်းမြင့်၏။ ကိုယ်ထည်လည်းကြီးလွန်း
၏။ ရှည်သည်ကတော့မပြောပါနှင့်တော့။ တ ချို့ကားတွေများ ပေ ၄ဝ ကျော်ရှည်ပါသတဲ့။ ယာဉ်မောင်းတွေ
ယာဉ်နောက်လိုက်တွေကိုယ် တိုင် နှုတ်ထွက်စကားပါ။ ကျွန်တော်ကလည်း သိချင်စိတ်ဖြင့် ''ဟာ ဒီကားကြီးက ရှည်လှ ချည့်လားဗျာ။
ဘယ်နှပေရှိသတုံး''ဟုစပ်စု လိုက်၍ ကြားသိမှတ်သားဖူးသည့် အဖြေမှန်ပါ။ မယုံမရှိပါနှင့်။
သည်သောအခါ ကျွန်တော်နာ မည်အသစ်ပေးထားသော ယာဉ်ပြိတ္တာကြီးဆို သည်မှာ မမှားတန်ရာပါ။ စကားဆက်စပ်လာ
၍ ယာဉ်မှင်စာငယ်ဟု ကျွန်တော်နာမည်သစ် ပေးထားသော ယာဉ်ငယ်ရှိသေး၏။ ဆိုက်ကား လိုအနှေးယာဉ်ဟု
မထင်လိုက်ပါနှင့်။ တောင် ကြီးမြို့တော်မှာက ဆိုက်ကားယာဉ်မှမရှိခဲ့ဖူး တာ။ ကျွန်တော်ရည်ညွှန်းလိုသည်က
နှစ်ဘီး ယာဉ်။ စက်ဘီးဟုလည်း အထင်မလွဲလိုက်ပါနှင့် ဦး။ တစ်ချိန်က မန်းရွှေမြို့တော်လို
စက်ဘီးသိပ် ပြီး အစီးမများခဲ့သော်လည်း မြို့တော်တောင် ကြီး၌လည်း စက်ဘီးအတော်အတန်သုံးခဲ့ကြဖူး
ပါ၏။ ကျွန်တော်သည်ပင်လျှင် ဆရာဝန်ဖြစ်လာ ပြီး ၁၉၉ဝ ဝန်းကျင်နှစ်များအထိ စက်ဘီးမင်း
သားလုပ်ခဲ့ဖူးသည်လေ။ ကဲ ဤသို့ဆိုလျှင်မှင် စာယာဉ်မှာ မော်တော်ဆိုင်ကယ်သာဖြစ်လိမ့် မည်ဟု
စာဖတ်သူတို့ ခန့်မှန်းနိုင်ပြီဟုတ်။
.
လူသည်ဇောကပ်နေချိန်၌ စိတ်မြန်လက် မြန်ရှိတတ်သည်မှာ ဓမ္မတာပါ။ မိမိအသက်အ
န္တရာယ်နှင့် အခြားသူတစ်ပါးတို့ အနှောင့်အ ယှက်ဖြစ် ဒုက္ခပင်လယ်ဝေစေမည့် ကိစ္စကိုမည် မျှပင်
အချိန်လုပြီး အရေးကြီးနေ သည်ဖြစ် စေ၊ လောဘကြီးပြီး မပြုလုပ်သင့်သည်တို့ကို မပြုလုပ်မိစေရန်
သတိတစ်ခုတော့ ကပ်ထားဖို့ လိုပါသည်။ လမ်းကြောင်းအတိုင်း မှန်မှန်မောင်း နှင်နေသည့် ကားနှစ်စီးကြားထဲသို့
အတင်းတိုး ဝင်ကျော်တက်ခြင်း၊ ကျော်တက်ရာ၌လည်း မိမိလမ်းကြောင်းအတိုင်း တသမတ်တည်းမနေ ဟိုလမ်းကြောင်းကူးလိုက် သည်လမ်းကြောင်း ကူးလိုက်
လုပ်ကြသေး၏။ ပိုဆိုးသည်ကား ရှေ့၌ယာဉ်အတော်အတန်ရှင်းနေလျှင် မြွေလိမ် မြွေကောက်လူးကာ
လှိမ့်ကာစတန့်အမျိုးမျိုး အဖုံဖုံပြတတ်၏။ ခေတ်စကားက
ပလာတာ ရိုက်တယ်ဆိုလား၊ အဆိုးဆုံးကား သွားနေ သည့်မော်တော်ကားရှေ့ကျော်တက်ပြီး ရုတ်တ
ရက် တစ်ဖက်လမ်းချိုးသို့ အချက်ပြမီး ဘာမှ လည်းမပြဘဲ ရုတ်တရက်ကွေ့ချလိုက်ခြင်းမျိုး။
ဤသို့မှ ယာဉ်တိုက်မှုမဖြစ်လျှင် ဘယ်သောအ ခါမှာမှ ဖြစ်မည်နည်း။ ဘယ်သူကပဲမှားမှား ယာဉ်ကြီးနှင့်
ယာဉ်ငယ်တိုက်မှု အက်ဆီးဒင့် ဖြစ်လျှင် ယာဉ်ကြီးမောင်းသူ ဒရိုင်ဘာကတော့ အချုပ်ထဲ ဦးစွာဝင်ပေတော့။
လူသေလို့က တော့ အမှုရှည်လျားထွေပြားပြီး ကုန်ပေတော့ ငွေသောက်သောက်လဲ။ ထောင်ထဲလည်းဝင်၊
နရသိန်နန်းစံ၊ ဘဝတူဒဏ်ပေဒဏ်ခံ။ မလွယ် ကြောပါ။ ကုန်ကားကြီးတွေကလည်း အတော် ဒုက္ခပေးကြ၏။
နားလည်ထားသည်က အောက် ကားကြီးဂိတ်မှာ တစ်ထောက်နား။ ခေါက်တို ကားနှင့် ပစ္စည်းသယ်။ မြို့တောင်ဘက်အထွက်
ကုန်ကားကြီးဂိတ်ဆီပို့ ထိုမှတဆင့် အနီးအဝေး မြို့များနှင့် တောင်ကြီးမြို့တွင်းသို့
ပြန်သယ်ချင် သယ် ခုတော့။
.
ဤတွင် အရေးတကြီးထောက်ပြလိုသည် မှာ တောင်ကြီးတန်ဆောင်တိုင်ရက်အတွင်း
ယာဉ်ကြောပိတ်ဆို့တတ်သည့် ကိစ္စပါ။ အသွား တစ်လမ်း၊ အပြန်တစ်လမ်း သီးသန့်စီစဉ်ထား သည့်တိုင်၊
ပြီးတော့ ဧရာဝတီလက်ဖက်ရည် ဆိုင် လမ်းဆုံမှ စ၍ပွဲလည်ပရိသတ် သိပ်မကျ သေးမီ ညနေပိုင်းမှာ
အဝေရာမီးပုံးပျံကွင်းသို့ VIP VVIP လက်မှတ်များ ကိုင်ထားသည့် အထူးလူတန်းစားတစ်ရပ်အတွက်ကလွဲ၍
မည် ကဲ့သို့သော ယာဉ်လတ်၊ ယာဉ်ငယ်၊ မော်တော် ဆိုင်ကယ်တို့ကိုမျှ ဝင်ရောက်ဖြတ်သန်းခွင့်မပြု၊
စောင့်ကြပ်ပိတ်ပင်တားမြစ်သော ဂိတ်စီစဉ်ထား သည့်တိုင်၊ အဆင်မပြေမှုများစွာ နှစ်စဉ်ပေါ်
ပေါက်ခဲ့စမြဲပါ။ မနှစ်(၂ဝ၁၇ ခုနှစ်)အဖိတ်ည၊ လပြည့်ညလိုပွဲရက်ကြီးမျိုးမှာ ပွဲသို့အသွား၊
အ ရှေ့တောင်ကြောခြေရင်းရှိ အရှေ့မြို့ပတ်လမ်း မကြီး တစ်နေရာမှစပြီး(အသွားအပြန်လမ်း
ကြောင်းနှစ်ခုလုံး၌)ယာဉ်တွေ ပိတ်မိနေခဲ့၏။ ရှေ့တိုးမရ၊ နောက်ဆုတ်မရ၊ ပွဲကွင်းသို့နီးဖို့ရာ
ဝေးလို့ ပွဲခင်းအနံ့အသက်ဘာမှမရနိုင်သေး သော အရပ်မှာကို ပိတ်မိနေကြခြင်းပါတဲ့။ ညဥ့်
ဦးပိုင်း ၈ နာရီလောက်မှသည် နောက် မနက် စောစော ၃ နာရီကျော်အထိဆိုတော့လည်း အ နည်းဆုံး
၆ နာရီ၊ ၇ နာရီဝန်းကျင်တောင်မှ ဒုက္ကရစရိယာကျင့်ခဲ့ကြရသည်ဆိုကိုး။ ငှက်က လေးများလို
တောင်ပံအစုံလေးများ ကိုယ်စီရှိ လျှင် လေဟုန်စီးလို့ကောင်းကင်ခရီးဖြင့် သွား ပြန်နိုင်က
အကောင်းသားပေါ့။ တန်ခိုးရှင်တစ် ဦးဦး သို့မဟုတ် တောင်ကြီးမြို့ကို စောင့်ရှောက် နေကြသူ
မြို့စောင့်နတ်၊ နယ်စောင့်နတ်ကြီးများ က ဥုံဖွအားလုံးသော ပရိသတ်တွေ ကြီးကြီး ငယ်ငယ်
စူပါမင်းဖြစ်ပါစေသတည်းဆိုလျှင် အဟောဝတ ပျော်စရာ့ ပျော်စရာကြီးဖြစ်ကြမှာ လေ။ အခင်းလေးရော
အခင်းကြီးပါ စွန့်ချင် သူတို့ မြို့တော်သူမြို့တော်သားဖြစ်ကြပါလျက် နှင့် အန္တရာယ်ကို
မလွယ်ထားနိုင်တော့၍ ဖြစ်သ လို တောထိုင်ခဲ့ရပါသတဲ့။ ရေငတ်ရေဆာသူတို့ အဖို့မူ လောကငရဲ
ဖြစ်ပေတော့မည်။ တစ်နှစ်တစ်ခါ ပျော်ချင်လို့ပွဲခင်းသို့သွားမိပါတယ်ဗျာဟူ ၍ မြို့ခံများတောင်
ညည်းညူကြရတော့ ရပ် ဝေးကလာအားပေးမိသူ၊ ရွှေပွဲလာရွှေဧည့်သည် တွေအတွက်ကား စိတ်အညစ်ကြီးညစ်၍
တော် ပါပြီ တန်ပါပြီ တောင်ကြီးတန်ဆောင်တိုင်ပွဲ ရယ်ဟု တစ်ခါကြုံဆယ်ခါလန်ကြရသည့် ကိန်း
မျိုးပါတဲ့။ သို့သော် ယခုနှစ်အတွက် သိပ်စိတ် မပူကြပါနှင့်ဦး။ ခိုင်မာသော သတင်းရပ်ကွက်မှ
''ပွဲရက်အတွင်း ကားကြီးကြီးများ၊ ကုန်ကားကြီး ရော၊ ခရီးသည်တင်မှန်လုံကားကြီးတွေပါ မြို့
ပေါ်တက်ခွင့် မပေးမည့် အစီအစဉ်ရှိပါ၏''ဟု သတင်းကောင်းသန့်သန့်အနံ့ရ၊ နားစွန်နားဖျား ကြားမိလိုက်ရသည်။ ပွဲရက် ၁ဝ ရက်အတွင်း တော့ ယာယီအဆင်ပြေတန်ကောင်းပါ၏။
ကျန်သော ရက်ပေါင်း ၃၅၅ ရက်တို့၌ကား တောင်ကြီးမြို့နေ လူထုများအတွက်မူ။
.
အကြောင်းရင်း
.
ဤဆောင်းပါးကို ရေးဖြစ်ရခြင်းအကြောင်း ရင်းမှာ ကျွန်တော်တို့နိဗ္ဗာန်လမ်းဆုံဝန်းကျင်၌
ရှိကြသော နေအိမ်များ မီးကြိုးဖုန်းကြိုးပြတ် ကျပြုတ်ကျကုန်၍ နှစ်ရက်ကြီးများတောင် ဒုက္ခ
ရောက်ကုန်ရခြင်းကြောင့်ပါ။ ယနေ့ စာရေးရက် မှာ ၂၂၊ ၁ဝ၊ ၂ဝ၁၈ တနင်္လာနေ့ပါ။ အချိန် ကား
နေ့လယ် ၁ နာရီခွဲ။ လမ်းထောင့်ရှိ ကား မီးပွိုင့်က မီးမပြ၍ ကားတွေ၊ မော်တော်ဆိုင် ကယ်တွေ
အရှိန်မလျှော့ဘဲ ဖိုးကျိုင်းတုတ်တွေ ဖြစ်ကာ ဥဒဟိုဖြတ်သန်းနေကြ၏။ လမ်းလေးခွ ဆုံမဟုတ်ဘဲ
လေးလမ်းလည်းမက၊ ငါးလမ်း လည်းမကျ ကြက်ခြေခတ်လိုလမ်းဆုံ လမ်းမ ဟုတ်မူဘဲ စွေစွေစောင်းစောင်း။ မီးပွိုင့်တိုင်နှစ်
တိုင်၌ အင်္ဂလိပ်စာလုံး ဗျည်းအယ်လ်ပုံ မီးနီဝါ စိမ်းနှစ်စုံဆိုတော့ လေးခုရှိ၏။ မီးပွိုင့်မီးမပြလျှင်
လူတွေလမ်းဖြတ်ကူးရန် အတော်စောင့်ဆိုင်းရ ပြီး အလွန်အခက်အခဲတွေ့ရ၏။ ဘယ်ယာဉ် ကြီးယာဉ်ငယ်မှ
အဝါမျဉ်းတား၊ လူဖြတ်ကူးဧ ရိယာမှ ဖြတ်သန်းချိန်တောင်မှ အရှိန်လေးနည်း နည်းလျှော့မပေးကြပါ။
ကလေးများနှင့် အိုမင်း မစွမ်းလူကြီးတွေတွက် အသက်အန္တရာယ်ကြီး လှ၏။ အခုပျက်နေတာက တတိယအကြိမ်ဖြစ်
မည်။ ငါးရက်အတွင်းမှာ ရှေ့ဆုံးတစ်ကြိမ်က အဆိုးဆုံးပါ။ တစ်မနက် စောစော၊ ၆ နာရီ ကျော်လေးမှာ
ကောက်ညှင်းပေါင်းပဲပြုတ်ထွက် ဝယ်တော့ ဖောက်သည်ကြီးက ''ဆရာတို့အိမ် ဟိုထောင့်မှာ မီးကြိုးတွေပြတ်ကျနေတာအများ
ကြီးပဲ''ဟု သတင်းပေးလာ၏။ အိမ်က မီးလိုင်း မပြတ်သေးပါ။ နံနက် ၇ နာရီဝန်းကျင်မှာ မီး
လိုင်းပြတ်သွားတော့ လျှပ်စစ်မီးဌာနက ပြု ပြင်စရာရှိ၍ ဖြတ်ထားသည်ထင်လိုက်၏။ နေ့ ခင်းလည်းမလာ၊
ညနေခင်းလည်းမလာ၊ မီး ပွိုင့်လည်းမလာတော့မှ မီးဘေးဒုက္ခသည်ဖြစ် နေရမှန်း သိရတော့သည်။
.
နောက်နေ့တွင် နေ့ ၁၁ နာရီကျော်ခန့်ဖြစ် မည်။ အိမ်ဘေးက အိမ်နီးနားချင်းတစ်ဦးက
သ တင်းလာပေးဖော်ရ၏။ မီးလာပြင်သည့်အချိန် သူ့အိမ်ကိုယ့်အိမ်ပြင်လိုက လာပါ။ လက်ဖက် ရည်ဖိုးမရလျှင်ထားခဲ့၍
သီးသန့်ခေါ်ရလိမ့်မည် တဲ့။ အဝတ်လျှော်နေသော ဇနီးသည်က ကျ သင့်တာပေးပါမည် ဦးဆောင်ပြီးပြင်ပေးလိုက်ပါ
ရန် အကူအညီတောင်းခံလိုက်၏။ ညနေ ၃ နာ ရီကျော်အထိ မီးမလာ၊ မီးပွိုင့်ကားလာနေပြီမို့ သွားစုံစမ်းတော့
မီးပွိုင့်ကို ဦးစားပေး မီးကြိုး ပြင်နေစဉ် မီးကြိုးတစ်ပင်ပြုတ်ကျလာရာ ဓာတ် လိုက်သလိုဖြစ်ခဲ့ပြီး
ဌာနပြန်သွားပြီတဲ့။ ထို့ ကြောင့် မီးလိုင်းမင်းကိုသွားပင့်တော့ တစ်ဦး လိုက်လာသည်။
ကုန်ကားမြင့်ကြီးနှင့်လွတ် အောင် ကြိုးတင်းတင်းဆွဲပေးရန် မေတ္တာရပ်ခံ ၍ ကြေGသီးတစ်လုံးဝယ်ခိုင်း၏။
၅ဝဝ ကျပ်ပေးရ သည်။ သူ့ခမျာ နာရီဝက်ကျော်ကျော်စိတ်လက် ရှည်စွာ ဆောင်ရွက်ပေးတော့မှ မီးလင်း၏။
အကျိုးတော်ဝန်ဆောင်ခမေးတော့ ကြိုက်သ လောက်ပဲပေးပါတဲ့။ ကြိုက်သလောက်တော့ ဘယ်ဟုတ်ပါ့မလဲလေ။
ဇနီးသည်က ကျေးဇူး တင်စွာ ကျပ်ငါးထောင်ကမ်းပေးလိုက်၏။ ရှေး ကဆိုလျှင် လခငါးထောင်စားဆိုတာက
အဆင့် မြင့်ရာထူးရှင်ပေါ့။ စာရေးဆရာ သိပ္ပံမောင်ဝတို့ ခေတ်ကလားမသိပါ။ နောက်ထပ် မီးနှစ်ခါပြတ်
သေး၏။ သူ့အလိုလိုပြန်လာပါ၏။ တစ်ခါ၌မူ ယာဉ်ကားကြီးကြီး ပေါ်ဘက်ဟိုးတင်ပြီးအဖြတ် မှာ မီးကြိုး၊
ဖုန်း ကြိုးတွေပြုတ်ကုန်ပါလေရော။ နေ့ကြီးကြောင်တောင်မို့ မော်တော်ပီကယ်ကား ဆရာကို ဖမ်း၏။
မီးကြိုးလာပြင်ပေးသော်လည်း ဖုန်းကြိုးအတွက် အကြိမ်ကြိမ်ခေါ်ရ၏။ ကြိုး ဆက်ပေးသော ဖုန်းလိုင်းမင်းတော်ရှာပါ၏။
ငွေ မတောင်း စာအုပ်လက်ဆောင်။ ။
.
.
.
#KBZTai #Shan