ကျော်လင်းဦး (ရှမ်းပြည်)
.
.
တန်ဆောင်မုန်းလသည် ရာသီခွင်အရ ဗြိစ္ဆာ ရာသီ ဖြစ်သည်။ ကြတ္တိကာနက္ခတ်နှင့်
ယှဉ်၍ ခဝဲပန်းများ ပွင့်သောကာလလည်း ဖြစ်သည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာနတ် သား လူ့ပြည်သို့
ဆင်းလာသည်ကို မီးဖြင့် ပူ ဇော်သောဓလေ့မှ ဆင်းသက်လာသည်ဟု ဆို သည်။ ဗုဒ္ဓဘာသာဝင်များက
တာဝတိံသာနတ် ပြည်ရှိ စူဠာမုနိစေတီတော်ကို ရည်မှန်း၍ မီးပူဇော်သည့် ဓလေ့မှ စတင်သည်ဟု
ဆိုသည်။ မီးထွန်းပွဲတော်ကို မြို့တိုင်း၊ ရွာတိုင်း၊ လမ်းတိုင်း စည်စည်ကားကား ကျင်းပလေ့ရှိသည်။
မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ဟု တန် ဆောင်မုန်းလ ပွဲလမ်းသဘင်များ စည်ကား သိုက်မြိုက်ပုံကို
ဖွဲ့ဆိုထားသည်။ တန်ဆောင် မုန်းလတွင် အထူးခြားဆုံး ပွဲတော်မှာ မသိုး သင်္ကန်း ရက်လုပ်
လှူဒါန်းသည့် သင်္ကန်းများ ဖြစ်သည်။ မသိုးသင်္ကန်းဆိုသည်မှာ ရဟန်းသံ ဃာများအတွက် ညတွင်းချင်း
ရက်လုပ်ကာ ချုပ်ပြီး လှူဒါန်းသည့် သင်္ကန်းများ ဖြစ်သည်။ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို
မြန်မာနိုင်ငံ ရှိ မြို့အနှံ့အပြား၊ တန်ခိုးကြီးဘုရားများတွင် ကျင်းပလေ့ရှိသည်။ ထိုပြိုင်ပွဲများကို
ရပ်ကွက်၊ မြို့နယ်အသီးသီးမှ အဖွဲ့လိုက် ဝင်ရောက်ယှဉ် ပြိုင်ကြသည်။ မြန်မာ့ရိုးရာဓလေ့ဖြင့်
ပူဇော်မှု တစ်ရပ် ဖြစ်သည့်အပြင် မြန်မာ့ရက်ကန်းပညာ ကို လက်ဆင့်ကမ်း ထိန်းသိမ်းရာလည်းရောက်
သဖြင့် မြန်မာတို့၏ ထူးခြားသောပွဲတော်ဖြစ် သည်ဟု ဆိုခြင်း ဖြစ်သည်။
ပျော်စရာ ကောင်းပြီး အထွတ်အမြတ်ထား သည့်ပွဲမှာ ကထိန်သင်္ကန်း ကပ်လှူသည့်
ပွဲဖြစ် သည်။ ကထိန်ဟူသည် ''ကထိန'' ဟူသော ပါဠိကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ မြဲမြဲ
ခိုင်ခံ့ခြင်း ဟု အဓိပ္ပါယ်ရပါသည်။ ကထိန်ဟု ခေါ်ရခြင်းမှာ အာနိသင်အကျိုး ငါးပါး တစ်ပြိုင်
နက် ရစေခြင်း၊ ဘုရား အစရှိသော ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်းအပ်ခြင်း၊ ကထိန် ခင်း၍
အာနိသင်ရသော ရဟန်းတော်တို့မှာ က ထိန်ခင်းသောနေ့မှ ငါးလခန့် အကျိုးတရား မြဲ မြံစွာ ရရှိခြင်းတို့ကြောင့်
ဖြစ်သည်။ ကထိန် သင်္ကန်းသည် တစ်နှစ်တွင် တစ်လ၊ တစ်လ တွင် တစ်ကြိမ်သာ ပြုလုပ်ကြရသည့် ထူးခြား
သောဒါနဖြစ်သည်။ ထို့ကြောင့်ပင် ကျောင်းဆို လျှင် သိမ်မှ ကောင်းသည်၊ သင်္ကန်းဆိုလျှင်
ကထိန်မှ ကောင်းသည် ဟု တင်စားကြခြင်း ဖြစ်သည်။ သို့သော် ကထိန်သင်္ကန်း ကပ်လှူ ရာတွင် လှူဒါန်းသူနှင့်
အလှူခံသူ နှစ်ဘက် အကျိုးရှိစေရန် နည်းလမ်းတကျ လှူဒါန်းရန် လိုအပ်ပါသည်။ ဥပမာ - မိမိတို့
လှူဒါန်းသည့် သင်္ကန်းဖြင့် ကထိန်မခင်းပါက သာမန်သင်္ကန်း အလှူမျှသာ ဖြစ်ပြီး ကထိန်မမြောက်ပေ။
ထို့ အတူ ကထိန်အလှူမြောက်ရန် ရဟန်းတော်တို့ ဘက်မှ ကထိန်အာနိသင်ကို နားလည်ထားရ ခြင်း၊
အင်္ဂါရှစ်ပါး၊ သင်္ကန်းသုံးထည်၊ ကိစ္စရှစ် ပါးတို့ကို နားလည် ထားရမည်။ သင်းပိုင်(ခါး ဝတ်)၊
ဧကသီ(ကိုယ်ရုံ)နှင့် ဒုကုဋ် (နှစ်ထပ် သင်္ကန်း) ဤသုံးမျိုးကိုသာ ကထိန်ခင်းခွင့်ပြု ပါသည်။
အလှူရှင်တို့မှ ယင်းခွင့်ပြု သင်္ကန်း သုံးထည်မှ မိမိကြိုက်နှစ်သက်ရာ သင်္ကန်းတစ် ထည်တည်းကိုသာ
ခင်းရမည်ဟု မှတ်သားထား ရန် လိုသည်။ နှစ်ထည်၊ သုံးထည် မခင်းရပါ။ သံဃိကအလှူ မြောက်အောင်
သံဃိက အလှူ စစ်စစ်ဖြစ်အောင် သံဃာတို့ကိုသာ ရည်စူးလှူ ဒါန်းရပါသည်။ ကထိန်ခင်းနိုင်သည့်
အချိန်များ ကိုလည်း အလှူရှင်များဘက်မှ သိထားရန် လို ပါသည်။ ကထိန်ခင်းနိုင်ရန် နံနက်
၈ နာရီ၊ ၉ နာရီတွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ၊ ၂ နာရီတွင် လည်းကောင်း၊ ညနေပိုင်း
၎ နာရီ၊ ၅ နာရီတွင် လည်းကောင်း၊ ည ၇ နာရီ၊ ၈ နာရီတွင် လည်းကောင်း ကထိန် ခင်းနိုင်သည်
ဟု သိရသည်။ ကထိန်သင်္ကန်း လှူဒါန်းရာတွင် မိမိတို့ ရွေးချယ်ထားသည့် ကျောင်းအတွင်း (သို့မဟုတ်)
မိမိတို့ နေအိမ်၊ ဆိုင်၊ ရုံးဌာန၊ အ ဆောက်အဦ စသည်တို့တွင် နေရာမရွေးလှူ ဒါန်းနိုင်ပါသည်။
.
ကထိန်အလှူကို လွယ်လင့်တကူ ခင်း၍ မရပါ။ ထူးခြားသည့် သတ်မှတ်ချက်တို့ဖြင့်
စည်းစနစ်ကျနမှုကို အခြေခံ၍ လှူဒါန်းသော ကုသိုလ်ကောင်းမှု ဖြစ်သည်။ ကထိန်ခင်းရာတွင် တစ်ဦးချင်း
ဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ လှူဒါန်း ကြပါသည်။ ကထိန်အလှူသည် အချိန်နှင့် ကိုက်၍ လှူဒါန်းရသော
အလှူဖြစ်သည်။ လှူ ဒါန်းသူများမှ တစ်နှစ်တွင် တစ်ခါသာ လှူဒါန်း ရသည့် ပွဲ ဖြစ်သည်။ မိမိတို့
နေထိုင်ရာ နေရပ် အလိုက် မဟာဘုံကထိန်ပွဲတော်ကို ခမ်းခမ်း နားနား ကျင်းပလေ့လည်း ရှိကြသည်။
.
ကထိန်ခင်းခြင်းကြောင့် ရဟန်းတို့ ရရှိ သော အကျိုးဂုဏ်အင် အာနိသင်
ငါးပါးမှာ ထင်ရှားရှိသော ရဟန်းတို့အား မပန်ကြားဘဲ ဒါယကာအိမ်သို့ ကြွနိုင်ခြင်း၊ အဓိဌာန်ပြီးဆောင်
အပ်သော သင်္ကန်းကို မယူဆောင်ဘဲ သွားနိုင်၊ နေနိုင်ခြင်း၊ ထမင်းစား ကြွပါ စသည်ဖြင့် ဒါယ
ကာတို့က မပင့်ဖိတ်သော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ သင်္ကန်းကို အလိုရှိတိုင်း အဓိဌာန်
ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံ သုံးစွဲနိုင်ခြင်း၊ ကထိန် ခင်းသော ကျောင်းတိုက်တွင် ကထိန်ခင်းပြီး
နောက် သံဃာအား လှူဒါန်းသည့် သင်္ကန်းလျာ ပုဆိုးကို ဖြစ်စေ ထိုကျောင်းတိုက်တွင် အနုမော
ဒနာပြုသော ရဟန်းတို့သာ ခံယူခြင်း စသည် တို့ ဖြစ်လေသည်။
.
ကထိန်အလှူရှင်များ ရနိုင်သော အကျိုး ငါးပါးမှာ အဆီးအတား မရှိ မိမိလိုရာသို့
လွယ်ကူစွာ သွားလာနိုင်ခြင်း၊ မင်းပြစ်စိုးဒဏ်မှ လွတ်ကင်းချမ်းသာရခြင်း၊ ဝန်ထုပ်မပါ
ပေါ့ပါး စွာသွားသည့် နေရာတွင် ချမ်းသာမှုနှင့် တွေ့ရ ခြင်း၊ ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ
အဖြာဖြာတို့ မှန်စွာမယွင်း ပေါများခြင်း၊ အဖိုးတန် ဆန်း ကြယ်သော အဝတ်အစား ကောင်းများ
ဝတ်ဆင် ရခြင်း၊ မိမိပိုင် ပစ္စည်းများကို ရန်သူမျိုး ငါးပါး တို့မှ မဖျက်ဆီးနိုင်ခြင်းတို့
ဖြစ်သည်ဟု မှတ် သား ရပါသည်။
.
ဗုဒ္ဓဘာသာတို့၏ စိတ်စေတနာ မွန်မြတ်မှု ကို ဖော်ထုတ်ပြသနေသော ကထိန်အလှူပွဲတော်ကို
နည်းစနစ်ကျစွာ အချိန်နှင့်ကိုက်ညီ လှူဒါန်းခြင်းဖြင့် ကထိန်အလှူပွဲကို ခြိမ့်ခြိမ့်သဲ
ပါဝင်ဆင်နွှဲနိုင်ပါသည်။ ကထိန်ပေါ်ပေါက်လာပုံ မှာ ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မြတ်စွာ
ဘုရားရှင်ကို ဖူးမြော်ရန်အတွက် ဝါကျွတ်ချိန် တွင် မိမိတို့ ဝါဆို ဝါကပ်တော်မူခဲ့သော
သာ ကေတပြည်မှ ဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထီပြည် ဇေတဝန်ကျောင်းတော်သို့ ခြေ လျင်ခရီး
ြ<ွကချီလာခဲ့သည်။ ထိုအခါ မိုးသည်း ထန်စွာ ရွာသွန်းသဖြင့် ရဟန်းများကို မိုးရေ စိုစွတ်ကြကုန်သည်။
ထိုသို့ မိုးရေစိုစွတ်နေသော သင်္ကန်းဖြင့်ပင် ပူဇော်ကြသည်ကို မြတ်စွာဘု ရားရှင်က မြင်တွေ့ရသောအခါ
အလွန်ပင် သ နားတော်မူလှသောကြောင့် နောင်အခါကာလ တွင် သံဃာတော်တို့အား အကျိုးများစေခြင်းငှါ
ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။
.
မြန်မာနိုင်ငံတစ်ဝန်း မြို့တိုင်း၊ ကျေးရွာ တိုင်း လိုလိုပင် ကောက်ပဲသီးနှံများ
ပေါ်ချိန်၊ ငွေရွှင်သော အချိန်ကာလ ဖြစ်သောကြောင့် ကထိန်လှူဒါန်းပွဲမှာ ခြိမ့်ခြိမ့်သဲသဲဖြင့်
စည်ကား လှပါသည်။ အချို့သော မြို့များတွင် ကထိန်ခင်း လျှင် ၃ နှစ် ဆက်တိုက် ခင်းရသည့်
ဓလေ့ရှိ ကြောင်း မှတ်သားရသည်။ ကထိန်ရာသီ၌ မြို့အနှံ့တွင် အိုးစည်ဗုံမောင်းသံများ တညံညံ
ဖြင့် မိမိတို့၏ အလှူပဒေသာပင်များကို တစ် နှစ်နှင့် တစ်နှစ် မတူအောင် အမျိုးမျိုး လက်
စွမ်းပြပြင်ဆင်ကြပါသည်။ အလှူအတန်းကို ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်သည့် ဆင်ရုပ်၊ တိုးန ယားအက၊
ဦးရွှေရိုး ဒေါ်မိုး အရုပ်အတွဲအက များ၊ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်းများဖြင့် ကထိန်
ပွဲတော်နေ့တွင် စေတနာရှင် အလှူရှင်တို့၏ လှူဒါန်းမှုဖြင့် လှည့်လည်လာသည့် အလှူတန်း ကြီးမှာ
မျက်စေ့တဆုံး ကြည့်၍ပင် မဆုံးနိုင် အောင်ပင် ရှိပါသည်။
.
ရှေးယခင်ကာလ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း၊ ပံ့သကူသင်္ကန်း
တို့ကို ကပ်လှူပူဇော်လေ့ ရှိသလို ကြာသင်္ကန်း ကိုလည်း ကပ်လှူလေ့ ရှိကြပါသည်။ စုဒ္ဓါဝါသ
ဗြဟ္မာကြီးများသည် မိမိတို့ သိမ်းဆည်းထား သည့် ကမ္ဘာဦး ကြာပွင့်ပါ သင်္ကန်းပရိက္ခရာ များကို
တောထွက်လာသည့် ဘုရားလောင်း များအား ဆက်ကပ်လှူဒါန်းကြသည်ကို အစွဲပြု ကာ ကြာသင်္ကန်း ကပ်လှူခြင်းဓလေ့
ပေါ်ထွန်း လာပါသည်။ ယခုခေတ်တွင် ကြသင်္ကန်း ယက် လုပ်ခြင်း အတတ်ပညာကို အင်းလင်းဒေသကဲ့ သို့သော
ဒေသများတွင်သာ တွေ့ရပါတော့ သည်။
.
တန်ဆောင်မုန်း လပြည့်ညကို ဆေးပေါင်း ခသည့်ညဟု မြန်မာပြည်သူများက
ယုံကြည် လက်ခံကြသည်။ ထိုညတွင် မယ်ဇလီဖူးသုပ် စားသည့် ပွဲသည်လည်း ရပ်ရွာများတွင် ထုံး
တမ်းစဉ်လာတစ်ခုအဖြစ် သတ်မှတ်ကာ ဆင်နွှဲ လေ့ရှိကြသည်။ ထိုညတွင် မယ်ဇလီဖူးသုပ်ကို အိမ်နီးချင်းများ
ဝေငှစားသုံးခြင်းဖြင့် ချစ်ကြည် ရင်းနှီးမှုကို ပြသဖော်ဆောင်ရာ ရောက်သဖြင့် ချစ်စရာ၊
ပျော်ရွှင်စရာ ဓလေ့တစ်ခု ဖြစ်နေပါ သည်။ ယနေ့ခေတ်တွင် တိမ်ကောစ ပြုလာ သည့် ပံ့သကူပစ်ပွဲသည်လည်း
ပျော်စရာပွဲတစ် ခုပင် ဖြစ်သည်။ ပံ့သကူ ပစ်ရာတွင် တတ်နိုင် သူများက လမ်းတစ်လျှောက်တွင်
ပစ္စည်းများ၊ ပိုက်ဆံများကို ပစ်ချထားတတ်ကြပြီး ထိုပစ္စည်း များ၊ ပိုက်ဆံများကို လိုက်လံရှာဖွေရသည့်
ပွဲ တော်တစ်ခု ဖြစ်သည်။ ခေတ်ကာလနှင့် မ ကိုက်ညီတော့သည့် ကျီးမနိုးပွဲတော်သည်လည်း တဖြည်းဖြည်း
ပျောက်ကွယ်လာသည်။ တန် ဆောင်မုန်းလသည် မြန်မာ့ ဆယ့်နှစ်လရာသီ တွင် အဌမမြောက်လရာသီ ဖြစ်ပြီး
ထူးခြားသာ ယာလှပသည့် လ တစ်လဖြစ်သည်။ ကုန်း ဘောင်ခေတ်စာဆို ဖိုးသူတော် ဦးမင်းက လှူ
ကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ်၊ သည်ချိန်ကို ဝတ်မှုန်ကြဲလို့ ခဝဲရွှေညှာရင်းမှာ
သင်းရနံြ့<ွကယ် ဟု ဖွဲ့ဆိုခဲ့သည်။ တန်ဆောင် မုန်းလသည် မြန်မာလူမျိုးများအတွက် အလွန်
ထူးခြားသည့်လဟု ဆိုနိုင်ပါသည်။ ကထိန်ပွဲ တော်ကို ''မိုးလကုန်စဲ ကထိန်ပွဲ''ဟူသော ဆို
ရိုးနှင့် အညီ သီတင်းကျွတ်လပြည့်ကျော် တစ် ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်း ကျင်းရသည်။
.
မြန်မာနိုင်ငံတွင် ရှေးပုဂံခေတ်ကပင် အ စပြုကာ ကထိန်ပွဲကို ကျင်းပခဲ့သည်။
ကထိန် ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအား ဖြစ် စေ၊ အကြီးဆုံးမထေရ်အား ဖြစ်စေ ကပ်လှူရန်
Óတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်း များကို ထည့်သွင်းလှူဒါန်းလေ့ ရှိသည်။ က ထိန်ခင်းရာတွင်
သံဃာကစစ်စစ် ဖြစ်သည့်အ တွက် အလှူ့ဒကာများ၊ ဒါယိကာမများက မည် သည့်ပစ္စည်းများကား သံဃိကပစ္စည်း၊
မည် သည့်ပစ္စည်းက ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြား လျှောက်ထားသင့်ပေသည်။ ကထိန် သင်္ကန်းလက်ခံရရှိသော
ရဟန်းတို့မှာ ကထိန် အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များ တွင် မိန့်ဆိုထားသကဲ့သို့
ကထိန်အလှူရှင်များ ၏ အကျိုးများကို ကျမ်းဂန်များတွင် အောက်ပါ အတိုင်း အတိအကျ ဖွင့်ဆိုထားသည်
-
.
၁။ သွားလေရာ အရပ်တို့၌
အနှောင့်အယှက် မရှိဘဲ ဘေးကင်းစွာ သွားရခြင်း။
၂။ မိမိပိုင် ပစ္စည်းများကို
ရန်သူတို့ မဖျက်ဆီး နိုင်ခြင်း။
၃။ စားကောင်းသောက်ဖွယ်
အထူးပေါများ၍ အစားအစာအတွက် ဘေးမဖြစ်၊ အဆိပ်မသင့် နိုင်ခြင်း။
၎။ မိမိပိုင် ပစ္စည်းများကို
ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါး၊ မပျောက်ရှ နိုင်ခြင်း။
၅။ ပစ္စည်းဥစ္စာ ရှာဖွေရာတွင်
သူတစ်ပါးထက် ထူးကဲစွာ အစုလိုက်၊ အပြုံလိုက် ရခြင်း။
၆။ ရုပ်ရည်ရူပကာ ချောမော၊
လှပတင့်တယ် ၍ ဂုဏ်ကျက်သရေ ကျော်စောထင်ရှားခြင်း။
.
ကထိန်အလှူပွဲသည် လောကုတ္တရာအကျိုး များလှသော ပွဲတော်တစ်ခုဖြစ်သည့်အပြင်
လူ တစ်ဦး တစ်ယောက်ချင်းသာမက လူမှုအဖွဲ့အ စည်း တစ်ရပ်လုံးအနေဖြင့် စုစည်းဆောင်ရွက် နိုင်သည့်
ပွဲလည်း ဖြစ်သည်။ အလှူဒါနကို သာမက မြန်မာလူမျိုးတို့၏ စည်းလုံးညီညွတ်မှု ကိုလည်း ပြသနိုင်သည့်
ပွဲတော်တစ်ရပ် ဖြစ် သည်။ မီးထွန်းပွဲတော် ကျင်းပနေချိန်တွင် မြို့ တိုင်း၊ ရွာတိုင်းတွင်
မီးရောင်စုံကို မီးကော်ဇော ကြီးပမာ ထွန်းညှိထားသည်ကို တွေ့မြင်နိုင်ပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲများကိုလည်း
ထည့်သွင်းကျင်း ပကြသောကြောင့် လူကြီး လူငယ်မရွေး ပျော် ရွှင်နှစ်သိမ့်မှုရသော ပွဲတော်ဖြစ်နေပါသည်။
က ထိန်အလှူ၏ ကြည်နူးမှု ကုသိုလ်ကြောင့် အ ပြုံးပန်းများသည် ခဝဲပန်းများနှင့် အပြိုင်
ပွင့် လန်းနေသည်ဟု ဆိုနိုင်ပါသည်။ တန်ဆောင် မုန်းလတွင် ကျင်းပသည့် ပွဲတော်များကို မြန်
မာမှု မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြင့် မြန်မာ့ရိုးရာပွဲတော်များကို အနှစ်သာရရှိရှိ
ဆင်နွှဲပျော်ရွှင်နိုင်စေကြောင်း ဆုတောင်းရေး သားလိုက်ရပါသည်။
.
.
.
#KBZTai #Shan