စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး
ရင်ပြင်ကျောက်ပြားခင်းခြင်း အလှူနှင့် အခြားလှူဒါန်းမှုများအားဂုဏ်ပြုသည့်အထိမ်း အမှတ်အဖြစ်
ဂုဏ်ပြုကမ္ဗည်းမော်ကွန်းကျောက်စာတိုင် ဖွင့်ပွဲနှင့် လောကချမ်းသာနားနေဆောင်၊ နိုင်လွန်ကတ္တရာရင်ပြင်တော်
ဖွင့်ပွဲကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက
ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ရင်ပြင်ကျောက်ပြားခင်းခြင်းကို
ကမ္ဘောဇဘဏ်လီမိတက်မှ လှူဒါန်းခြင်းဖြစ်ပြီး လောကချမ်းသာ နားနေဆောင်နှင့် နိုင်လွန်ကတ္တရာရင်ပြင်တော်ကို
High Land and Road Construction Co., Ltd၊ ဖြူစင်ကုမ္ပဏီလီမိတက်၊ မြနန္ဒာထွန်းကုမ္ပဏီလီမိ
တက်နှင့် အများပြည်သူ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
စူဠာမုနိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဈေးဆိုင်ခန်းများ
တည်ရှိရာနေရာ၊ ကား၊ ဆိုင်ကယ် ရပ်နားရာ နေရာ၊ ဘုရားအတက်/အဆင်းလမ်းတို့အား အများပြည်သူ လှူဒါန်းထားသောအလှူငွေ ကျပ်သိန်း ၁၄ဝဝ
ခန့် အကုန်အကျခံ၍ နိုင်လွန်ကတ္တရာ ခင်းခဲ့ကြောင်း
သိရသည်။
.
''ကျွန်တော်တို့ ရည်ရွယ်တာ ကတော့ ဘုရားကိုလာဖူးတဲ့ ပြည်သူ တွေအတွက်
ကုသိုလ်လည်း ယူရမယ်။ အပန်းလည်းပြေရမယ့် နေရာတစ်ခု ဖြစ်အောင်ပေါ့။ ကားပါကင်ပေါ်က အမြင်မသင့်တော်တဲ့
အဆောက်အဦ တွေကလည်း အများကြီး။ အဲဒါတွေ အကုန်ဖယ်ရှားပြီး ကားရပ်တဲ့နေရာ ကျယ်ဝန်းအောင်၊
ရှုခင်းတွေ ပိုပြီးတော့ လှပလာအောင်၊ ဘုရားသပ္ပါယ်မှု ပိုမိုလာအောင်နဲ့ ဘုရားဖူးလာတဲ့ ပြည်သူတွေ
ယာဉ် ရပ်နားရတာ လွယ်ကူအောင် ရည်ရွယ်ပြီးခင်းတာပါ။ ကားပါကင်ရော အတက်လမ်း အဆင်းလမ်းတွေရောခင်းတာပါ။
ခင်းတဲ့အမျိုး အစားကတော့ နိုင်လွန်ကတ္တရာပါ''ဟု စူဠာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး
ဦးတူးငယ်က ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
အဆိုပါ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းအား အောက်တိုဘာလ ၂၈ ရက်တွင်
စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အကျယ်အဝန်း ပေ ၆ဝဝဝဝ ခန့်အား နိုင်လွန်ကတ္တရာခင်းခြင်း
ဖြစ်ကာ ကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၁၄ဝဝ ခန့်ရှိကြောင်း သိရသည်။
.
အခမ်းအနားသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း၊ စူဠာမုနိလောက
ချမ်းသာ စေတီတော် ဂေါပကအဖွဲ့ ဥက္ကဌ ဦးညိုလွန်း၊ ဒုဥက္ကဌ ဦးစိုင်းဇော်ဇော်နှင့် အဖွဲ့ဝင်များ၊ High Land and Road Construction Co., Ltd၊ ဖြူစင်ကုမ္ပ
ဏီလီမိတက်၊ မြနန္ဒာထွန်းကုမ္ပဏီလီမိတက် တို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
စူဠာမုနိ လောကချမ်းသာစေတီတော်တွင် စေတီတော်ရင်ပြင် နိုင်လွန် ကတ္တရာခင်းခြင်း
လုပ်ငန်းများအပြင် အဆင့်မြင့် သန့်စင်ခန်း၊ ဘုရားဖူး ဧည့်သည်များအတွက် နားနေဆောင်၊
ပန်းခြံနှင့် ရေပန်းများ ပြုလုပ်ပေးထားပြီး ဘုရားဖူးလာပြည်သူများအတွက် ကုသိုလ်ယူရမည့်
နေရာအပြင် အပန်းပြေသည့်နေရာတစ်ခု ဖြစ်လာစေရန် ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယခုနှစ်အတွင်း၌ စေတီတော်အား ပိုမိုသပ္ပာယ်လာစေရန် အတွက်
စေတီတော်တစ်ခုလုံးရှိ မီး ကြိုးနှင့် မီးစနစ်များကို ပြုပြင်ပြောင်း လဲ၍ တပ်ဆင်သွားမည်ဖြစ်ပြီးအ
ဆင့်မြင့် ဈေးဆိုင်ခန်းများကို ထပ်မံ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan