ဆိုးရွားစွာ ပျက်စီးနေသည့် မိုင်းဆတ် -တာချီလိတ်လမ်းအား အမြန် ပြင်ဆင်နိုင်ရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆိုးရွားစွာ ပျက်စီးနေသည့် မိုင်းဆတ် -တာချီလိတ်လမ်းအား အမြန် ပြင်ဆင်နိုင်ရန် လိုအပ်နေ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်း ဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်သို့  ဆက်သွယ်ထားသည့် လမ်းမှာ ဆိုး ရွားစွာ ပျက်စီးလျက်ရှိသည့်အပြင် မော်တော်ယာဉ်များ မကြာခဏ တိမ်း မှောက်နေသည့်အတွက် အန္တရာယ် များပြားနေသဖြင့် အမြန်ပြင်ဆင်ရန် လိုအပ်နေလျက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
.
 
.
ယင်းကိစ္စနှင့် စပ်လျဉ်း၍  ''ဝ'' စစ်ဒေသ(၁၇၁)မှ ဆက်ဆံရေးမှူးဖြစ် သူ ဦးဆန်လောသို့ ကမ္ဘောဇတိုင်း မှ ဆက်သွယ်မေးမြန်းရာတွင် ''စာရွက်စာတမ်းတွေ အားလုံးအပ်ပြီးပြီ၊ အစိုးရပိုင်းက လုပ်ဖို့ပဲကျန်တယ်''  ဟု ဖြေကြားခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောကြားရာတွင် ''တစ်ခုခုတော့ လွဲ နေပြီ၊ စက်တင်ဘာ ၉ ရက်ကအပ် မယ်ဆိုပြီး၊ မအပ်ဖြစ်ဘူးလို့ သိရ တယ်။ စက်တင်ဘာ ၂၆ ရက်က ဒုဝန် ကြီးတွေ လာသွားတုန်းကလည်း မ အပ်ဖြစ်ဘူးလို့ဆိုတယ်။ ဆောက် လုပ်ရေးပိုင်းကတော့ စက်ကိရိယာ တွေ၊ လိုအပ်တဲ့ အဆောက်အဦတွေ အားလုံး ပြင်ဆင်ပြီးနေတာကိုတော့ သိရတယ်။ လာမယ့်အစည်းအဝေးမှာ ဒီကိစ္စ သေချာအောင် မေးမြန်းသွား ပါမယ်''ဟု ပြောကြားခဲ့သည်။
.
မိုင်းဆတ်ခရိုင် လမ်းဦစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး မျိုးဇာနည်ဦးကလည်း အစိုးရပိုင်းမှ လွှဲပြောင်း လက်ခံရယူပြီးပါက လမ်း အမြန်ပြင်ဆင်နိုင်ရေးကို အသင့်ပြင် ဆင်ပြီး ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။
.
မိုင်းဆတ်-တာချီလိတ် လမ်း မိုင် ၆ဝ မိုင်၊ ၄ ဖာလုံတွင် ယောင်ခ၊ ကြိုးတံတားစသည့်နေရာများရှိ ကားလမ်းများမှာ ဆိုးရွားစွာ ပျက် စီးနေသည့်အပြင်၊ ချိုင့်ခွက်များမှာ ကားတစ်စီး မြုပ်သည်အထိဖြစ်နေ ကာ လမ်းဘေးရှိ ခြုံနွယ်များအား ရှင်းလင်းမှု မပြုလုပ်သဖြင့် မြင်ကွင်း မရှင်းဘဲ အကွေ့နေရာများတွင် မော် တော်ယာဉ်အား သတိထားမောင်းနှင် ကြရခြင်းကြောင့် ယခင်က ၄ နာရီခွဲ မျှသာ မောင်းနှင်ရသည့် ခရီးကို ယခု အခါ ၆ နာရီကျော်သည်အထိမောင်း နှင်နေကြရကြောင်း သိရသည်။
.
ထို့အပြင် မိုးရွာသွန်းသည်နှင့် မော်တော်ယာဉ်များ လမ်းချော်တိမ်း မှောက်မှု ဖြစ်ပေါ်နေကာ ပြီးခဲ့သည့် ရက်ပိုင်းက မိုင်းဖုန်းဆရာတော်၏ ဂူထွက်ခရီးသို့ လာရောက်ဖူးမြော် ကြသည့် ခရီးသည်ယာဉ်များမှာ ကြိုးများဖြင့်ဆွဲ၍လည်းကောင်း၊ လူ ဖြင့်တွန်း၍လည်းကောင်း သွားလာ ခဲ့ရပြီး ခရီးသွားယာဉ် အများစုမှာ လည်း ယာဉ်တိမ်းမှောက်မှုအန္တရာယ် ကို ဂရုစိုက်၍ မောင်းနှင်နေကြရသ ဖြင့် အဆိုပါလမ်းအား အမြန်ဆုံး ပြင် ဆင်နိုင်ရန်အတွက်လိုအပ်နေခြင်း ဖြစ်သည်။
.
''လွှတ်တော်ကိုယ်စားလှယ်တွေ လည်း အမြဲတမ်းမေးနေတယ်။ အ စိုးရပိုင်းကလည်း ပြင်ဆင်ဖို့အသင့် ဖြစ်နေပြီ ဆိုတယ်။ ''ဝ ''ဘက်ကလဲ အပ်ပြီးပြီ ပြောတယ်။ဘာကိုနားလည် ရမှန်း မသိတော့ဘူး။ လူထုကတော့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံး အားထားနေရတဲ့ ဒီလမ်းကို အမြန်ကောင်းစေချင်တယ်။ အခုက သော်တာဝင်း ကုမ္ပဏီက လမ်းပြင် ထိန်းလေးတောင် မလုပ်ပေးဘဲနဲ့ ကားငယ်တစ်စီးကို ဘတ် ၁ဝဝ၊ မြန် မာငွေနဲ့ ၄ဝဝဝ ကျော် အသွား/အ ပြန်တောင်းနေဆဲဖြစ်လို့ လမ်းကိုအ မြန်ဆုံး ပြင်ဆင်ပေးနိုင်ဖို့ မျှော်လင့် နေကြတယ်။ လွှတ်တော်ကိုယ်စား လှယ်တစ်ဦး ပြောတာကတော့ အစိုးရ ကတာဝန်ယူရင် လမ်းအသုံးပြုခ မ ကောက်ခံတော့ဘူးလည်း သိရတယ်''ဟု မိုင်းဆတ်ဒေသခံတစ်ဦးက ပြော သည်။
.
အဆိုပါ လမ်းပိုင်းကို''ဝ''အ ထူးဒေသစစ်ဒေသ(၁၇၁)မှ တပ်မ ဟာနိုင်ငံရေးမှူး ဦးအာဖူက ပြီးခဲ့ သည့် မေလ ၆ ရက်တွင် မိုင်းဆတ် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ သီရိရတ နာခန်းမ၌ ပြုလုပ်သော တွေ့ဆုံပွဲ၌ ပြန်အပ်လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
''၁၉၉၈ ခုနှစ်က တပ်မတော်အစိုး ရနဲ့ ''ဝ''အထူးဒေသ(၂)တို့ နှစ် ဘက်သဘောတူညီချက်နဲ့ အရှည် မိုင် ၆ဝ နှင့် ၄ ဖာလုံရှိတဲ့ မိုင်းဆတ် -တာချီလိတ် မြေသားလမ်းကို ''ဝ'' အထူးဒေသအစီအစဉ်နဲ့ဖောက် လုပ်ခဲ့ပါတယ်။ အခုကတော့ အဲဒီ လမ်းကို နိုင်ငံတော်သို့ ပြန်လည်လွှဲ ပေးလိုပါတယ်။ လွှဲအပ်ပေးပြီးချိန်မှာ နိုင်ငံတော်က ယခုထက် ပိုမိုကောင်း မွန်သည့်လမ်းအဖြစ် ဆောင်ရွက်ပေး စေလိုပါတယ်။ ဒါ့အပြင် အထူးဒေသ (၂)မှ မော်တော်ယာဉ်များကို လမ်း အသုံးပြုခွင့် ကောက်ခံခြင်းမှ ကင်း လွတ်ခွင့်ပေးစေလိုပါတယ်''ဟု နိုင်ငံ ရေးမှူး ဦးအားဖူက ပြောကြားထား သည်။
.
မိုင်းဆတ်-တာချီလိတ်လမ်းမှာ ၆ဝ ဒသမ ၄ မိုင် ကွာဝေးပြီးမြေသား လမ်းအများစုဖြစ်သည့် တောင်ပေါ် လမ်းဖြစ်ပြီး မိုးရာသီတွင်လမ်း အ ဆင့်အတန်း နိမ့်ကျသည့်အခြေအ နေများကြောင့် ခရီးသွားလာမှု အ ခက်အခဲအား နှစ်စဉ်ကြုံတွေ့လျက် ရှိနေခြင်းကြောင့် ဒေသခံများမှလွှတ် တော်ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာများသို့ လမ်းပြုပြင်ပေးနိုင် ရေးအား  နှစ်စဉ်တင်ပြနေလျက်ရှိ သော လမ်းဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats