စပယ်နှင်းကြူ
.
.
ကလင် ကလင်။
ဘဲလ်တီးသံအဆုံးမှာတော့ ကြယ်စင်အဖြေ လွှာကို အခန်းစောင့်ဆရာမထံ အပ်နှံပြီး
စာမေး ပွဲခန်းထဲက ခပ်သွက်သွက်လေးထွက်ခွာလာခဲ့ သည်။ ယနေ့ အဝေးသင်စာမေးပွဲနောက်ဆုံး နေ့မို့
တစ်နှစ်ပြီးဆုံးခြင်းအတွက် ပျော်ရွှင်နေမိ သည်။
''ဟဲ့ ကြယ်စင် ဖြေနိုင်ရဲ့လား''
''အေ ဖြေနိုင်တယ်၊ ဒါပေမဲ့ တီချယ်မကျက် ခိုင်းတဲ့တစ်ပုဒ်မေးထားတယ်နော်၊
ငါတော့ ရ သလောက်ဖြေခဲ့တာပဲ''
''ဟုတ်တယ် ငါလည်းတူတူပဲ၊ နင်အလုပ် အားတဲ့အခါ ဖုန်းဆက်ဦး၊ အိမ်ဘက်ရောက်ရင်
လည်း ဝင်လည်ဦး၊ နောက်မှတွေ့မယ်နော်။ တော်ကြာလိုင်းကား လွတ်သွားမှာစိုးလို့၊ ဘိုင့်
ဘိုင်''
သူငယ်ချင်းကို ပြန်လည်နှုတ်ဆက်ရင်း တောင်ကြီးတက္ကသိုလ်ကျောင်းတော်ကြီးကို
ကျောခိုင်းထွက်လာခဲ့၏။
''သမီးဖြေနိုင်ရဲ့လား''
မီးဖိုခန်းထဲမှ ထွက်လာသော မေမေ့အသံ ကြောင့် ''ဟုတ်ကဲ့ပါ ဖြေနိုင်ပါတယ်
မေမေ''ဟု ကြယ်စင်ဖြေလိုက်၏။
''မေမေ သမီးညကျရင် တန်ဆောင်တိုင် ပွဲ သွားလည်ချင်လို့''
ကြယ်စင်ပြောသာပြောရသည်။ မေမေက စည်းကမ်းကြီးသူမို့ ခွင့်မပြုမှာလည်းစိုးရ၏။
''နဒီတို့ ညီအစ်မတွေနဲ့ပါ''
''သမီးတို့ ပွဲလည်တာ မိန်းကလေးတွေ ချည်းပဲဆိုတော့ အန္တရာယ်များတယ်၊
သမီးဦး လေးကို အဖော်ခေါ်သွားချည်၊ အပြန်နောက်မ ကျစေနဲ့''
''ဟုတ်ကဲ့ပါ မေမေ''
ကြယ်စင် ပွဲလည်ခွင့်ရ၍ ပျော်ရွှင်နေမိ သည်။ ဖရဲလမ်းအတက်လမ်းရောက်သည်နှင့်
ကားများ၊ လမ်းလျှောက်သူများနှင့် စည်ကား နေသည်။ ထိုစဉ် -
''သပြေပန်း ဘုရားမှာလှူ တောင်ကြီးသူ မ ရအောင်ယူ အိုင်လပ်ဖ်ယူ အိုင်လပ်ဖ်ယူ၊
ဟေ့ ဟေး ဟေ ဟေး''ဟူသော အသံနှင့်အတူ ကားပေါ်တွင် မီးပုံးပျံတင်သွားသောအဖွဲ့ကို တွေ့လိုက်ရ၏။
''မမသော်တာ မြန်မြန်လာ၊ ဟိုမှာ မီးပုံး ပျံလွှတ်မယ့် အဖွဲ့တွေသွားကြပြီ''နဒီပြောရင်း
သူ့အစ်မ သော်တာလက်ကိုလှမ်းဆွဲ၍ နဂိုထက် ခြေလှမ်းမြန်အောင် လျှောက်ကြသည်။ ပွဲခင်း ထဲရောက်သည်နှင့်
လူတိုးလွန်းသောကြောင့် တစ်ယောက်လက်ကို တစ်ယောက်တင်းကြပ် စွာ ချိတ်ထားမိကြ၏။ အညာမုန့်ရောင်းသည့်
ဆိုင်များ၊ ကုမ္ပဏီမှ လာရောက်ရောင်းချသည့် ဆိုင်များ၊ ရှမ်းရိုးရာအစားအသောက်ဆိုင်များ၊
ဘောလုံးပစ် ပူစီပေါင်းဖောက်ရသည့် နေရာ များကို ဖြတ်ကျော်ရင်း အဝေရာမီးပုံးပျံကွင်းထဲ
သို့ ရောက်ရှိခဲ့သည်။
''ဟဲ့ ဟိုမှာကြည့်ဦး''
နဒီညွှန်ရာကြည့်လိုက်တော့ ကွင်းလယ်မှာ မှိုင်းခံနေသော မီးပုံးပျံကြီးတစ်လုံးကို
တွေ့ လိုက်ရသည်။
''ဒီနေ့ လှိုင်းတက်မီးကြီးလွှတ်မယ်လို့ ကြားတယ်''ဟူ၍ ငေးမောရင်းနှင့်
မမသော်တာ အပြောကို ကြယ်စင်ကလည်း စကားတုံ့ပြန် လိုက်ပါသည်။
''ဟုတ်တယ် မမ၊ အဲဒီမီးကြီးက အရမ်း လှတာနော်၊ နှစ်တိုင်းဆုရနေကြတဲ့။''
မီးပုံးပျံကိုကြည့်ရတာ မှိုင်းဝသေးဟန်မတူ၊ လေထဲတွင် တနွဲ့နွဲ့ယိမ်းနေသည်။
ဦးလေးမင်း ညိုကတော့ ဘာမှမပြော၊ မှိုင်းခံနေသော မီးပုံး ပျံကိုသာ ငေးကြည့်နေသည်။ ရှပ်အဖြူရောင်
နှင့် ရှမ်းဘောင်းဘီပင်နီရောင်ပွပွကို ဝတ်ဆင် ထားကာ ဟန်ချက်ညီညီကနေကြသည့် မီးပုံး ပျံအဖွဲ့ကိုကြည့်ရသည်မှာ
ကြယ်စင်ရင်ထဲ၌ အ ပျော်ဓာတ်တွေကူးပြီး ဝမ်းသာပီတိဖြစ်ရ၏။
''တိမ်ယံကိုတက် တို့လှိုင်းတက် ဟေ့ တို့ လှိုင်းတက်၊ လှိုင်းတက်မီးကိုမီချင်ရင်
ဆယ်နှစ် ဆယ်မိုး ကြိုးစားပါဦး။''''ပင်စိမ်းသီး ပိုးထိုး တောင်ကြီးသူမ ရအောင်ပိုး၊
ရအောင်ပိုးဟေ့ ရအောင်ပိုး၊'' ''ဘိလပ်ရည်အမြုပ်ထ ငါယူမှာ က ဓနုမ ဓနုမဟေ့ ဓနုမ''
မီးပုံးပျံကွင်းမှ ထွက်ပေါ်လာသော အသံ နှင့်အတူ ကြယ်စင်ကလည်း ယောင်ယမ်း၍
သံပြိုင်လိုက်ဆိုမိသည်။
''ဟေး တက်လာပြီ''
''ဟယ် ဟုတ်တယ် လာအနီးကပ်သွား ကြည့်ရအောင်''
ကြယ်စင်ပြောပြောဆိုဆို နဒီတို့ညီအစ်မ နှင့် ဦးလေးကိုခေါ်ကာ မီးပုံးပျံလွှတ်သည့်
ကွင်းအတွင်းသို့ အတင်းတိုးဝှေ့သွား၏။ ပေါက် ကွဲမှာလည်း ကြောက်မိ၏။
''မပေါက်ကွဲပါစေနဲ့။ လှလှပပတက်သွားပါ စေဘုရား''ဟု စိတ်ထဲကြိတ်ဆုတောင်းပြန်၏။
ညမီးကြီးမှာ မှောင်နေသော ကောင်းကင်ယံကို အလင်းပေးလျက် ကြယ်များနှင့်အတူ အလှပြိုင် ရင်း
ဝင့်ြ<ွကားစွာ ကောင်းကင်ထက်ပေါ်သို့ တ ငြိမ့်ငြိမ့်ဖြင့် တက်နေသည်။ ကောင်းကင်အမြင့်
ရောက်တော့ ကြယ်ရောင်စုံတစ်အုပ် တစ်မ ကြီးြေ<ွကကျသည့် အလား ကောင်းကင်တစ်ခု လုံးလင်းလက်သွားသည်။
ကြယ်ပင်လယ်၊ ကြယ်သမုဒ္ဒရာကြီးအလားကဲ့သို့ လှပဝေဆာ နေတော့၏။
''ဟား လှလိုက်တာ''
ကောင်းကင်ကြီးကို ပုံသဏ္ဍာန်အမျိုးမျိုး နှင့် အလှဆင်နေသော မီးပန်းများကို
ကြယ်စင် တစ်ယောက် ငေးကြည့်နေမိသည်။
''တူမလေး ပြန်ရအောင်လေ။ တော်ကြာ သမီးအမေဆူနေလိမ့်မယ်''
''နောက်ထပ်တစ်လုံးပဲ ဆက်ကြည့်မယ် လေ။ နောက်တစ်လုံးကြည့်ပြီးတာနဲ့
အိမ်ပြန်ပါ့ မယ် လေးလေးရယ်''
ညဥ့်နက်လာသည်နှင့်အမျှ ရာသီဥတုကပို ၍ အေးလာသည်။ ဂျင်းဘောင်းဘီနက်ပြာရောင်
နှင့် ဆွယ်တာခေါင်းစွပ်အဖြူရောင်ကို ဝတ်ဆင် ထားပြီး သွားလာရပေါ့ပါးစေရန် ကင်းပတ်ဖိနပ်
ဝတ်ဆင်ထားသော်လည်း ကြယ်စင်မှာ အေး လာသဖြင့် ခုန်ဆွ၊ ခုန်ဆွဖြင့် အအေးသက်သာ စေရန် ကိုယ်လက်လှုပ်ရှားနေရသည်။
နဒီတို့ ညီအစ်မမှာလည်း အနွေးထည်ကိုယ်စီဝတ်လာ သည့်ကြားကပင် အေးလာကြသဖြင့် ကြယ်စင် ကဲ့သို့
ခုန်ဆွ၊ ခုန်ဆွလှုပ်နေကြသည်။ လက်ဖ ဝါးနှစ်ဖက်ကို ပွတ်တိုက်လျက် နွေးထွေးအောင် ပြုလုပ်ကြသည်။
နွေးထွေးအောင်ပြုလုပ်နေသည့်ကြားက ပင် လေကပိုတိုက်ခတ်နေပါသည်။ လေမငြိမ်
သဖြင့် မှိုင်းခံနေသော ညမီးကြီးသည် ဘယ် ညာဝှေ့ယမ်းနေပါသည်။ လေငြိမ်သည့်အခိုက် မို့ မီးပုံးပျံကိုလွှတ်တင်လိုက်ရာ
အတော်ကြီး ရုန်းကန်ပြီး တရွေ့ရွေ့တက်ဖို့ ကြိုးစားရှာနေ သေး၏။ သို့သော် အလေးချိန်မမျှသဖြင့်
မြင့် မြင့်သို့ မတက်နိုင်ဘဲ မြေပြင်အထက်နားမှာပင် ယမ်းပေါက်ကွဲကြဲပြန့်ကုန်၏။
''ဖောင်း ရှူး၊ ဟဲ့ ကြယ်စင် ပြေး ပြေး''
နဒီအော်သံအဆုံးမှာတော့ ဦးလေးနှင့်အတူ ကြယ်စင်တို့တစ်တွေကွင်းထဲမှ
မီးကြီးလွတ်ရာ သို့ ပြေးထွက်ခဲ့ကြ၏။ ပွဲခင်းပြင်ရောက်တော့မှ သက်ပြင်းချရင်း အမောဖြေနိုင်တော့၏။
သက်နောင်မှာ သူနှစ်သက်သည့် လှိုင်း တက်မီးချောမွေ့စွာ တက်သွား၍ ပျော်ရွှင်နေမိ
သည်။ ''ဟေ့ သက်နောင် မင်းဗိုက်မဆာဘူး လား''ဟူသော သူငယ်ချင်း၏အမေးကြောင့် -
''အေး ဆာသလိုပဲဟ၊ ရှေ့မှာ တုတ်ထိုး ဆိုင်ရှိတယ်။ ဝင်ဆွဲမလား''ပြန်မေးလိုက်၏။
သူငယ်ချင်းက ''ကောင်းသားပဲ''ဟု ဖြေ ၏။
ပွဲဈေးတန်းထဲရောက်ပြီမို့ လူတိုးဝှေ့ရင်း တုတ်ထိုးဆိုင်နားသို့ရောက်ပြီ။
''ဒုတ်''
''အမလေး''
''အား''
ဝင်တိုက်ခံလိုက်ရသည့်အရှိန်ကြောင့် ကြယ်စင် ပခုံးအတော်နာသွားသည်။
''ဘာလို့ အတင်းတိုးနေတာလဲ''ဟောဒီက သွားနေတဲ့ လူတစ်ယောက်လုံးကို မမြင်ဘူးလား''
သက်နောင်မော့ကြည့်လိုက်တော့ ဆံနွယ် လေးများ သူမမျက်နှာပေါ်တွင်ဖြာဝဲနေသည်။
မိန်းမချောလေးကို မြင်တွေ့လိုက်ရသည်။ သို့ သော် မျက်နှာကတော့ ဒေါသကြောင့် နီရဲတင်း
မာလို့နေသည်။ ဘယ်နှုတ်ခမ်းထောင့်က မှဲ့ လေးနှင့် နှာတံသွယ်သွယ်တို့ကသူမမျက်နှာ ကို ပိုမိုတောက်ပဆွဲဆောင်မှုရှိအောင်
ပံ့ပိုးပေး သည်။
''ဒီမယ် ပြောနေတာ မကြားဘူးလား''
''ဆောရီး ဝမ်းနည်းပါတယ်ဗျာ၊ မတော် လို့ပါ။ တောင်းပန်ပါတယ်။ ကျွန်တော်ကလည်း
ငေးမိ၊ လူတွေကလည်း အနောက်ဘက်က အ တင်းဝင်တိုးနေကြလို့ပါဗျာ''
မကျေနပ်ဟန်ဖြင့် လှည့်ထွက်သွားသော သူမကို ငေးကြည့်ရင်း သဘောကျသွားမိသည်။
စိတ်ထဲကလည်း တွေးနေမိသေး၏။ ဒီခပ်ချော ချောကောင်မလေးကို အရင်က တစ်နေရာမှာ တွေ့ဖူးသလိုပဲ၊
စဉ်းစား၍ မရ။ အစဖော်လို့ ခက်နေပါသည်။
''ဟေ့ သက်နောင် သွားမယ်လေ၊ ဘာ ရပ်လုပ်နေတာလဲ''
''အဲ့ စွာတာလေးကို ပြန်တောင်းပန်နေရလို့ ပေါ့၊ ဘော်ဒါတို့ရာ၊ နို့မို့ဆို
ငါ့မှာ သူ့လက်စာ မိတော့မှာ''
''လာပါ ကြယ်စင်ရယ် စိတ်ကိုလျှော့လိုက်၊ သွားရအောင်၊ တမင်ဝင်တိုက်တဲ့ပုံလည်း
မ ဟုတ်ပါဘူး။ အူတူတူနဲ့ပေမယ့် သူ့ပုံကြည့်ရတာ က ရည်ရည်မွန်မွန်လေးပါ''
နဒီပြောမှ ထိုလူ၏ ပုံသဏ္ဍာန်ကို မျက်စိ ထဲ ပြန်မြင်ယောင်လာမိ၏။ ဆံပင်ကို
မတိုမ ရှည် ဘိုကေညှပ်ထားသည်။ နားထင်ပေါ်က သွေးကြောစိမ်းလေးများက သူ၏အသားဖြူ ကြောင်း
သက်သေပြနေသည့်အလား။ ပြီး တော့ ရှက်ကိုးရှက်ကန်းအမူအရာ။
''သမီး ခြံတံခါးတွေ သေချာသော့ခတ်ခဲ့ နော်''
''ဟုတ်ကဲ့ပါ မေမေ''
''ပြီးရင် မေမေ့အခန်းထဲ ခဏလာဦးနော်၊ မေမေသမီးကိုပြောစရာရှိတယ်။
မနက်ဖြန် မန္တလေးက မေမေ့သူငယ်ချင်းအန်တီလှိုင်တို့ အိမ်ကို လာလည်ကြလိမ့်မယ်။ တောင်ကြီးတန်
ဆောင်တိုင်ပွဲကို လာလည်တာတဲ့။ သမီးတော့ မှတ်မိမှာ မဟုတ်ဘူး။ အရင် မေမေတို့နဲ့ ခြံ ချင်းကပ်လျက်နေတာ။
သူ့အမျိုးသားက ရာ ထူးတိုးလို့ မန္တလေးပြောင်းသွားတာ။အဲတုန်း က သမီးအသက် ၅ နှစ်ပဲရှိသေးတယ်။
မနက် ဖြန်လာရင် သေချာဧည့်ခံဦး''
''ဟုတ်ကဲ့ပါ မေမေ''
မေမေက သူ့သူငယ်ချင်းအတွက် တိုဖူး နွေးကို ကိုယ်တိုင်ချက်ပြုတ်နေသည်။
''ဒေါ် အေးရေ တိုဖူးနှစ်လေး မြည်းကြည့်ပါဦး။ အ ငန်အပေါ့ အချိုအရသာကိုက်ပြီလားလို့''
''ကောင်းတယ် အစ်မ၊ ဘာမှမလိုဘူး''
တီ တီ တီ
''သမီးရေ ကားသံကြားတယ်၊ ဧည့်သည် တွေလာပြီထင်တယ်၊ သွားကြိုလိုက်ပါဦး''
''အန်တီ ကြွပါရှင့်''
''သမီးလေးတောင် ဒီအရွယ်ရောက်နေပြီ ကိုး၊ လှလိုက်တာ''
''လှိုင်ရေ လာလာ၊ မတွေ့ရတာကြာပြီ''
''ဟုတ်တယ် သူငယ်ချင်းရေ၊ သတိတော့ အမြဲတမ်းရလျက်ပါ နွယ်ရေ''
''ဒါနဲ့ တစ်ယောက်တည်းလား''
''သားလည်း ပါတယ်လေ၊ ကားထဲမှာ သူ့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတာ
မပြီးသေးလို့''
''လှိုင့်အတွက် တိုဖူးနွေးလုပ်ထားတယ်''
''သမီးရေ စားဖို့အဆင်သင့်ဖြစ်ပြီလား''
''အဆင်သင့်ပါ မေမေ''
''လာ လှိုင် ရာသီဥတုအေးအေးနဲ့ အရင် စားလိုက်ကြရအောင်၊ သားကိုပါ တစ်ခါတည်း
ခေါ်လိုက်''
''သားရေ ဖုန်းပြောပြီးရင် လာတော့''
''လာ လာ သားလေး ဒီမှာထိုင်၊ အားမ နာနဲ့နော်။ လှိုင်ရေ ကလေးတွေကိုကြည့်မှပဲ
ကိုယ်တို့တွေ အသက်ကြီးမှန်းသိတော့တယ်။ သမီး ဒါ အန်တီလှိုင်ရဲ့သားလေ၊ နာမည်က သက်နောင်တဲ့''
ကြယ်စင်တိုဖူးနွေးထည့်နေရာမှ မော့ ကြည့်လိုက်တော့ ကြက်သေသေသွားရ၏။
''ဟင် ဟိုလူ''
''ဟာ စွာစိမလေး''
နှစ်ယောက်စလုံးတစ်ပြိုင်တည်း အာမေ ဋိတ်သံကိုယ်စီနှင့် ။
''အန်တီတို့ မန္တလေးပြောင်းတုန်းက သမီး အသက်က ၅ နှစ်ပဲရှိသေးတယ်။
သားကတော့ ၉ နှစ်ရှိပြီ။ သား ဒါ မင်းညီမ တုံတုံလေ။ ကျောင်းနာမည်က ကြယ်စင်တဲ့''
''တိုဖူးနွေး ပူတုန်းစားလိုက်ဦး၊ ဝအောင် စား၊ လှိုင်တို့နေရာစုံ
ရောက်ပြီးပြီလား''
''ကက္ကူ၊ ထမ်စမ်းဂူ၊ ကလောတို့တော့ ရောက်ပြီးပြီ နွယ်။ အင်းထဲတော့
မရောက်သေး ဘူး''
''ဒါဆို ငါလိုက်ပို့ပေးမယ်လေ။ ကြုံတုန်းမို့ ပါလှိုင်။ သမီးရေ ဒေါ်အေးကို
ပန်းကန်တွေသိမ်း ကူလိုက်ဦးနော်''
''သား သက်နောင် စားပြီးရင် ညီမလေးကို ကူညီဖို့နေခဲ့''
''လာလှိုင် ဧည့်ခန်းထဲသွားပြီး အေးဆေး စကားပြောရအောင်၊ လှိုင့်သားက
ကျောင်းပြီး ပြီလား''
''သားက့ .့.င်္.ူ(ဲဗဏဗြ)နဲ့ ကျောင်း ပြီးထားတယ်။ အခု ဖုန်းဆိုင်လေးဖွင့်ထားတယ်။
နွယ့်သမီးကော''
''သမီးကတော့ အင်္ဂလိပ် အဝေးသင်နဲ့ ပြီးထားတယ်။ ဘွဲ့တော့ မယူရသေးဘူးလှိုင်''
''ဒါဆို ကလေးတွေ ငယ်ငယ်ကငါတို့ က တိထားခဲ့ကြတဲ့အတိုင်း သားနဲ့ သမီးတို့ကို
နေ ရာချထားပေးရအောင် နွယ်''
ပန်းကန်တွေ ကူသိမ်းရင်း ကြယ်စင်မျက် နှာလေးကို သက်နောင်က လှမ်းကြည့်လိုက်မိ
၏။ ဟိုတုန်းကနှင့် မတူ ဆံပင်ကို ပိုနီတေးပုံ စံခပ်မြင့်မြင့် ချည်ထားသောကြောင့် သူမမျက်
နှာရှင်းလင်းလှပလို့နေသည်။ ပါးနှစ်ဖက်တွင် သနပ်ခါး ပါးကွက်ကျားလေးက နေရာ ယူထား ပြီး
ပန်းနုရောင်ဝမ်းဆက်လေးကြောင့် သူမမှာ ယဉ်ယဉ်လေးနှင့် လှပလို့နေပါသည်။
''သားရေပြန်ရအောင်၊ နွယ်ပြန်ပြီနော်''
''ဖြည်းဖြည်း သူငယ်ချင်း လှိုင်''
''မနက်ဖြန် နံနက် ၉ နာရီလောက်သွား ကြတာပေါ့နွယ်၊ ဘိုင့်ဘိုင် သူငယ်ချင်း''
''ဘိုင့် ဘိုင် လှိုင်''
''သမီး ခဏလာထိုင်ဦး၊ မေမေသမီးကို ပြောစရာရှိလို့''
''ဟုတ်ကဲ့ပါ မေမေ''
''သမီးကို အန်တီနွယ်ရဲ့သား မောင်သက် နောင်နဲ့ နေရာချထားပေးချင်လို့။
သက်နောင် လေးက ပညာလည်းတတ်၊ ကိုယ်ပိုင်အလုပ် လည်းရှိ၊ ရည်ရည်မွန်မွန်လေးဆိုတာ့ သမီးနဲ့
သင့်တော်မယ်လို့ထင်တယ်၊ သမီးဆန္ဒက ကော''
''သမီးဒီလိုပဲ နေချင်ပါသေးတယ် မေမေ''
''ဘယ်ဟုတ်ပါ့မလဲ သမီးရယ်၊ သမီး ကညာရွယ်လာချိန်ခါ မလင့်စေနဲ့တဲ့''
''သမီးကို အချိန်တော့ နည်းနည်းပေးပါ မေမေ''
ကြယ်စင်မေမေ့ဆန္ဒကို လိုက်လျောသင့်ပါ သလား၊ သူနှင့်ပွဲခင်းထဲ ဆုံခဲ့ပုံကို
တွေးရင်း ရင်ဖိုလှိုက်မောမိသည်။ အတွေးတွေ အူပေါက် ကုန်ပြီ။ ဘယ်အချိန်အိပ်ပျော်သွားသည်
မသိ လိုက်ပါ။
''သမီးရေ အန်တီလှိုင်တို့ လာခေါ်ပြီ သွား ရအောင်''
သက်နောင်ကားပေါ်မှ လှမ်းကြည့်တော့ သူ့ကိုငေးကြည့်နေသော သူမနှင့်
အကြည့်ချင်း ဆုံသွား၏။ ရုတ်တရက်ရင်ထဲတွင် လှိုင်လုံးကြီး တစ်ခု ပုတ်ခတ်သွားသကဲ့သို့
ရင်ခုန်မြန်သွားရ ၏။
''အန်တီလာ ဖြည်းဖြည်းတက်၊ လာ ညီ မလေး''
သက်နောင်လက်ကမ်းပေးလိုက်ရာ ကြယ် စင်က လက်ကာပြလိုက်သည်။ ညောင်ရွှေလှေ
ဆိပ်မှ အင်းလယ်သို့ စက်တပ်မော်တော်လှေ ပြေးနေပါပြီ။ ဘယ်နေရာကြည့်ကြည့် တောင် တန်းတွေ
ပတ်လည်ဝိုင်းနေသော ရေပြင်ကို ငေးကြည့်ရသည်မှာ ကြယ်စင်ပျော်ရွှင်မိသည်။ ၉ တန်းနှစ် ပုဂံသို့သွားခြင်းသည်
သူမအတွက် ဘုရားဖူးခရီးနောက်ဆုံးဆိုတော့ ကြာခဲ့ပြီ။
''ဟိုမှာ စင်ရော်ငှက်ကလေးတွေ''ဟု သက်နောင်ပြောရင်း လက်ညွှန်ပြ၍ ကောင်း
ကင်တွင် ဝဲပျံကာ သူတို့နောက်လိုက်လာသည့် စင်ရော်ငှက်ကလေးများကိုတွေ့ရသည်။
''ရော့ ရော် ရော့ စား စား''
ငှက်ကလေးများကို စာကလေးခွေပစ်ကျွေး နေသော သူမကို မှင်သက်စွာငေးကြည့်နေမိ
သည်။ အန်တီလှိုင်ကတော့ မေမေ့အား ကြည့် ကြည့်ဆိုသည့် သဘောဖြင့် မျက်စပစ်ပြသည် ကို ကြယ်စင်မြင်လိုက်၏။
ဖောင်တော်ဦးရုပ်ပွား တော်မြတ်အား ကြည်ညိုစွာဖူးမြော်ရင်း ''လာ နွယ် အလှူငွေသွားထည့်ရအောင်''ဟု
အန်တီ လှိုင်က မေမေ့ကို ဆွဲခေါ်သွား၏။
''ဟို ဟိုလေ သိပြီးပြီလား''
သက်နောင်၏ အဆက်အစပ်မရှိသည့် စကားကြောင့် ကြယ်စင်ကြောင်သွားမိသည်။
''ဘာကိုပြောတာလဲဟင်''
''အမေက မင်းနဲ့ငါ့ကို သဘောတူထား တဲ့ ကိစ္စ''
''အဲဒါလား သိပြီးပါပြီ''
''မင်းရော ဘယ်လိုသဘောရလဲ''
''မေမေ့ ဆန္ဒကိုတော့ ငြင်းမရဘူးလေ''
ပြီးစလွယ်ပြောလိုက်သော်လည်း ကြယ်စင် သူ့ကို သဘောကျမိပါသည်။
''ဒီနေ့ အင်းထဲသွားတာ ပျော်စရာကောင်း လိုက်တာ၊ ကျေးဇူးအရမ်းတင်တယ်နွယ်ရေ''
''ရပါတယ် လှိုင်ရယ်၊ ကုသိုလ်ကံဆုံရတာ ဝမ်းသာတယ်''
''နွယ်တို့လည်း မန္တလေးရောက်ရင်ဝင်ခဲ့ ဦး၊ နောက်ထပ်လည်း တွေ့ကြဦးမှာပါ''
၅ နှစ်ခန့်ကြာသော်
ခမ်းနားထည်ဝါသော နှစ်ထပ်တိုက်ကြီး တစ်လုံး။ ထိုအိမ်၏ ဧည့်ခန်းနံရံပေါ်မှာ
မိသား စုဓာတ်ပုံကြီး တစ်ပုံက မြင်ရသူတိုငိးကို ကြည် နူးပီတိဖြစ်စေသည်။ ထိုပုံထဲတွင်
သက်နောင်၊ ကြယ်စင်နှင့် သမီးလေးခွန်းချိုသာ။
''ချစ်ရေ ကိုယ်တို့ ဒီညမီးပုံးပျံသွားကြည့် ရအောင်၊ သမီးလေးကိုလည်း
ပွဲခင်းပို့ပေးချင် တယ်။ လှိုင်းတက် မီးကြီးလည်းပါဦးမှာတဲ့''
ပွဲလည်ရင်း အတိတ်ကကိုသက်နှင့် တွေ့ ခဲ့ပုံကို မြင်ယောင်မိသည်။
''လာ သမီး၊ ဖေဖေ တို့ ကွင်းနားသွားကြည့်ရအောင်။''လှိုင်းတက် မီးကတော့ အရင်အတိုင်း ငြိမ်သက်ခန့်ညား
စွာ ကောင်းကင်ထက်ဝယ်နေရာယူနေသည်။ နောက်ထပ် မီးကြီးတစ်လုံးကိုလွှတ်ဖို့ စတင် မှိုင်းခံထူထောင်နေပါပြီ။
''သမီးဟိုမှာကြည့်စမ်း၊ မီးပုံးပျံမှိုင်းခံနေပြီ။ ချစ်ရေ သမီးလေးကို
ခဏချီပေးဦးနော်၊ ကို သက်ခဏကွင်းထဲ ဝင်ကြည့်လိုက်ဦးမယ်''
''သတိထားနော် ကိုသက်''
သက်နောင်မှာ မှိုင်းခံနေသော မီးပုံးပျံကြီး ကို အနီးကပ်သွားရောက်ကြည့်မိသည်။
''ဟေး တက်ပြီဟေ့ တက်ပြီ။''
ထုံးစံအတိုင်း အိုးစည်သံကြီး ဟိန်းထွက် လာပြီး ကတဲ့သူက က၊ သံချပ်ဆိုသူကဆို၊
အိုးစည်တီးသူကတီးနှင့် ကခုန်ပျော်ရွှင်လို့ နေ ကြသည်။
ထိုစဉ် ''ရှူး၊ ဖောင်း၊ ဝှီး၊ ရွှီး''
''ဟာ ပြေးကြ ပြေး ပြေး''
ဟန်ချက်မညီသဖြင့် မီးကြီးမှာအောက်တွင် ပေါက်ကွဲ ပြန်ကြဲကုန်၏။ ယမ်းများက
ဟိုဟို ဒီဒီ ပြန့်ကျဲဖြတ်ထွက်နေသည်။ ကွင်းထဲတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြယ်စင်လှမ်း
မြင်လိုက်သည်။ မီးသတ်ကား၊ လူနာတင်ကား များကလည်း ဥသြသံပေး၍ ကွင်းထဲသို့ မောင်း ဝင်သွားကြ၏။
''ဘုရား ဘုရား ကိုသက်ဘာမှမဖြစ်ပါစေ နဲ့''
သမီးလေးပါနေ၍ ကွင်းထဲသို့ ကြယ်စင် လိုက်သွားလို့မရ။ လူရှင်းသည့်အချိန်အထိ
ကို သက်ပြန်မလာသေး။
''ကလင် ကလင်''
ရုတ်တရက် အိတ်ထဲကဖုန်းသံကြောင့်
''ဟဲ လို''
''ကိုသက်နောင်ရဲ့ ဇနီးလားခင်ဗျ''
''ဟုတ်ပါတယ် ရှင့်''
''အစ်မ စိတ်အေးအေးထားပါနော်၊ အစ်မ ခင်ပွန်း ဆုံးသွားပြီ''
''ရှင်''
ကြယ်စင်အဖို့ ကမ္ဘာကြီးချာချာလည်နေသ လား မှတ်ရ၏။ တစ်ဖက်လူ၏အသံများကိုလည်း
ကြားတစ်ချက်၊ မကြားတစ်ချက်။ ဆေးရုံ ရောက်တော့ အခန်းတွင်းဝယ် ငြိမ်သက်စွာ လဲ လျောင်းနေသော
ရုပ်ဆင်းပျက် ကိုသက် ခန္ဓာကိုယ်ကို တွေ့လိုက်ရ၏။
''ကိုသက် ကြယ်စင်နဲ့ သမီးလေးကို ထား သွားပြီလား၊ သမီးလေးကိုချစ်တယ်ဆို''
ကြယ်စင် ပါးပြင်ထက်ဝယ် မျက်ရည်များ အဆက်မပြတ် ကျဆင်း၍နေသည်။ သမီးလေး
မှာလည်း ထိုည တစ်ညလုံး အဖေကိုသာ ရှာ ဖွေနေသည်။
''အမေ အဖေ ကျန်သေးတယ်လေ။ အ ဖေဘာလို့ မပြန်လာတာလဲ၊ သမီးကို ကောက်
ညှင်းကျည်တောက် ဝယ်ပေးမယ်ဆို''
သမီး၏ အသံကိုကြားရင်း လောကကြီးက အပြီးနှုတ်ထွက်ကာ လဲလျောင်းနေသော
ကို သက်၏ မီးလောင်ခန္ဓာကိုယ်ကိုကြည့်ကာ ကြယ်စင်ရင်ထဲ နာကျင်လွန်းလှသည်။ ဖြစ်မှ ဖြစ်ရလေ
ကိုသက်ရယ်။ အဖြစ်အပျက်ကို အ နီးကပ်မြင်ရသူထံမှ ပြန်ကြားရသည်မှ -
''အစ်မ ခင်ပွန်းရဲ့ စိတ်ဓာတ်ကို ကျွန်တော် တကယ်လေးစားဂုဏ်ယူမိတယ်၊
မီးပုံးပျံပျက် ကျတုန်းက သူပြေးရင်အခုလိုဖြစ်မှာမဟုတ်ဘူး ဗျ၊ မီးပုံးပျံပျက်ကျတဲ့နေရာအောက်မှာ
ကောင် လေးတစ်ယောက်ရှိတယ်။ အဲကလေးက မပြေး ဘဲ ကြောင်ပြီး ငေးကြည့်နေတာ၊ ဒါကို အစ် မခင်ပွန်းက
ဝင်ကယ်လိုက်တာ။ ကလေးတော့ လွတ်သွားပါတယ်။ သူပြေးမယ်အလုပ် ယမ်း ခွေက သူ့ကိုယ်ကိုစွပ်မိရက်သားဖြစ်သွား
တယ်''
မွန်မြတ်လှတဲ့ ကိုသက်စိတ်ဓာတ်ကို ကြယ်စင်လေးစားမိပါတယ်။ ''စိတ်ဖြောင့်ဖြောင့်
သွားပါ ကိုသက်ရယ်။ သမီးလေးကို အဖေလို တစ်မျိုး၊ အမေလိုတစ်ဖုံ ကျွန်မစောင့်ရှောက် သွားပါ့မယ်။
ပြုခဲ့ပြုပြီး ကုသိုလ်အစုစုအဖို့ကို အမျှပေးဝေလိုက်ပါတယ် ကိုသက်ရယ် အမျှ အမျှ အမျှ။ ။
.
.
.
#KBZTai #Shan