မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်
မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်များ အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်
တရားဥပဒေ စိုး မိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် ရာဇဝတ် ကျင့်ထုံးဥပဒေ
ပုဒ်မ ၁၄၄ ကို နိုဝင်ဘာလ ၉ ရက် က ထုတ်ပြန်ခဲ့ကြောင်း ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ရုံးမှ သိရှိရသည်။
.
.
'' ပုဒ်မ ၁၄၄ ထုတ်ထားတာ မှန်ပါတယ်။ လုံခြုံရေးအခြေအနေအ ရ ထုတ်ထားတာပါ''ဟု
ကိုးကန့်ဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
လောက်ကိုင်မြို့တွင် လုံခြုံရေး အရ ယခင်က ထုတ်ပြန်ထားသည့် အမိန့်များအား
ဆက်လက် တည်တံ့ စေရေးအတွက် လည်းကောင်း၊ နယ် မြေအခြေ အနေအရ လည်း ပုဒ်မ ၁၄၄ ရုတ်သိမ်းနိုင်မှု
မရှိသေးသဖြင့် ယခု အမိန့်ကို ထုတ်ပြန်ရခြင်း ဖြစ် ကြောင်း လုံခြုံရေး တာဝန်ရှိသူ တစ်
ဦးက ဆိုသည်။
.
အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ည ၈ နာရီမှ နံနက် ၅ နာရီ အထိ မည်သူမဆို
အမိန့် တစ်စုံတစ်ရာ မရရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းမများပေါ်တွင် သွားလာခြင်း
မပြုရန်၊ အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လူ ၅ ဦး သို့မ ဟုတ် ၅ ဦးအထက် ပို၍ဖြစ်စေ
စု ဝေးခြင်း၊ စီတန်း လှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော် ခြင်း မပြုလုပ်ရန် တားမြစ်ထားပြီး ထိုတားမြစ်ချက်များကို
ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူခံရမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။
.
လောက်ကိုင်မြို့တွင် ပုဒ်မ ၁၄၄ ကို ၂ဝ၁၅ ခုနှစ်က စတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကာ
ယင်းနောက် ၂ဝ၁၇ ခုနှစ်၊ မတ်လနှင့် ဇူလိုင်လ ၉ ရက်တွင် ဆက်လက်ထုတ်ပြန်၍ ယခု ၄ ကြိမ်မြောက်အဖြစ်
ထုတ်ပြန်ခြင်းမှာ ယခင် အမိန့်များအား ဆက်လက် တည်မြဲစေလိုသည့်သဘောဖြင့် ထုတ် ပြန်ခြင်းဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan