သုမေ(ကျိုက်လပ်)
.
.
''လူတို့သည် ကြီးကျယ်ခမ်းနားသော အ ရာများကို အဘယ့်အတွက်ကြောင့်
ဖန်တီးကြ ပါသနည်း''
ကျွန်မသည် ကြီးကျယ်ခမ်းနားသော ဗိသု ကာလက်ရာ၊ သမိုင်းဝင်ရိုးရာအစဉ်အလာများ
ကို မြင်တိုင်း ထိုမေးခွန်းကို တစ်ကိုယ်တည်းမေး ကြည့်၊ တွေးကြည့်ခဲ့ဖူးပါသည်။ ယခုလည်း
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ ပုံရိပ်များ ကို မြင်မိပြီး ထိုမေးခွန်းကို ထပ်၍တွေးကြည့်
မိပြန်နေလေပြီ။ ထိုကဲ့သို့သောကြိုးပမ်းအား ထုတ်မှုများမှ မည်သည့်အရာများကို ရရှိနိုင်
ပါမည်နည်း။ မည်သည့်အရာကိုဖော်ကျူးနိုင် ပါမည်နည်း။ မည်သို့သော အကျိုးကျေးဇူးများရှိ
နေမည်နည်း။ အစရှိသဖြင့် ပုံရိပ်များသည် ကျွန် မ၏အတွေးများကို လှုံ့ဆော်နှိုးဆွနေ၏။ ထို
ပုံရိပ်များမှတစ်ဆင့် အတွေး၏ခေါ်ဆောင်ရာ နောက်သို့လိုက်ကြည့်ရင်း တောင်ကြီးတန် ဆောင်တိုင်ပွဲတော်အကြောင်းကို
လေ့လာကြည့် မိသည်။ ထပ်မံသိရှိလိုက်ရသော အခြင်းအရာ များမှာကား အံ့မခန်းပင်။
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင် ပိုင်းတွင်တည်ရှိပြီး ရှမ်းပြည်နယ်တွင်လည်း
ကောင်း၊ မြန်မာနိုင်ငံတွင်လည်းကောင်းထင် ရှားကျော်ကြားသည့် မြို့တစ်မြို့ဟုဆိုလျှင်လည်း
မမှားပေ။ ထိုသို့ လူသိများ ကျော်ကြားရသည့် အကြောင်းအရင်းများထဲတွင် တောင်ကြီးတန် ဆောင်တိုင်ပွဲတော်သည်
တစ်ခုအပါအဝင်ဖြစ် ပါသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် တွင် ဘုံကထိန်ပွဲတော်၊ မသိုးသင်္ကန်း၊
ကြာရိုး သင်္ကန်းများ ရက်လုပ်ပူဇော်ပွဲ၊ မီးအလှပဒေသာ များ ပြုလုပ်လှည့်လည် ပူဇော်ပွဲနှင့်မီးပုံးပျံပြိုင်
ပွဲတို့မှာ ထင်ရှားလှပြီး ဖွင့်ပွဲနေ့သည် တိုင်းရင်း သားရိုးရာ အကအလှများကို လေ့လာနိုင်သည့်
ရင်သပ်ရှုမောဖွယ်ပွဲတော်တစ်ခုလည်း ဖြစ်ပါ သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ တစ်နှစ်အ လိုတွင်
တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ကုန်း သာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာ တော်ဦးစီးကာ
ပိတ်သား မီးပုံးပျံကြီးတစ်ခုကို ချုပ်လုပ်စေပြီး လွှတ်တင်ပူဇော်ခဲ့ရာမှ မီးပုံးပျံ လွှတ်တင်သည့်ဓလေ့
ထွန်းကားလာသည်ဟု မှတ်သားရဖူးပါသည်။ ထိုမီးပုံးပျံအတွက် အပ် ချုပ်စက် အလုံး ၃ဝ ဖြင့်
တစ်လခန့်အချိန် ယူကာ ချုပ်လုပ်ခဲ့ရပြီး၊ ကိုက် ၄ဝ ပါပိတ်အုပ် ၄ဝ ကို အသုံးပြုခဲ့ရသည်ဟု
ဆိုပါသည်။ မီးပုံးပျံ ခေါင်အချင်းမှာ ပေ ၅ဝ ခန့်ရှိနိုင်ပြီး ယင်း မီးပုံးပျံတွင် အောက်ဆွဲအဖြစ်
လူအသုံး အဆောင် ပစ္စည်းများနှင့် နတ်မင်းကြီး ၄ ပါးပုံ တွင် တစ်ပါးလျှင် ယင်းခေတ်ငွေ
၂၅ ကျပ်စီ လက်ထဲ၌ ကန်တော့ပုံပြုလုပ်ကာလိပ်ထည့် ထားခဲ့ပါသည်။ မီးပုံးပျံကို မှိုင်းသွင်းရန်အတွက်
ကိုက် ၅ဝ ကျော်ရှိသော ဥမင်လိုဏ်ခေါင်းတစ် ခုတူးကာ တစ်ဖက်တွင် လောင်စာများကို မီး ရှို့ပြီး
ထွက်လာသည့်မှိုင်းများအား လိုဏ်ခေါင်း မှတစ်ဆင့် မီးပုံးပျံထဲသို့ ရောက်စေခဲ့လေသည်။
ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်မှုနည်းပါးသေး သည့် ထိုခေတ်ကပင် ဤမျှကြီးမားသည့် မီး ပုံးပျံကြီးကို
ကြံဆလုပ်ဆောင်ပြီး လွှတ်တင်ခဲ့ ကြောင်း သိရှိရသည်မှာ အံ့သြဖွယ်ရာပင်။ စိတ်ကူးဖြင့်ပင် ပုံဖော်ကြံဆမိသူ နည်းပါးလိမ့် မည်ဖြစ်သော
ဤမျှကြီးမားလှသည့် မီးပုံးပျံ ကြီးကို ပြုလုပ်ပူဇော်ခဲ့ခြင်းသည် ယနေ့ခေတ် ကမ္ဘာကျော်
တောင်ကြီးမီးပုံးပျံပွဲများအတွက် သမိုင်းအစဖြစ်စေခဲ့ပါသည်။ ထိုခေတ်အခါကမူ ဗျောက်အိုးများကို
ရပ်ရွာအတွင်းမှ မကောင်း ဆိုးဝါးများအား နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခဲ့ကြကြောင်း
သိရှိရပါသည်။
စိန်နားပန်မီးပုံးပျံများမှာ ငွေကျပ် ၁၅ သိန်းမှ သိန်း ၃ဝ အထိ ကုန်ကျလေ့ရှိပြီး
မီးပုံးပျံပေါ်တွင် မီးပုံးငယ် ကလေးများဖြင့် အလှဆင်ထားကာ အောက်ဆွဲတွင်လည်း မီးပုံးငယ်ကလေးများဖြင့်
ပုံဖော်အလှဆင်ထားသည့် အမျိုးအစားဖြစ် သည်။ ကျွန်မသည် သေချာမလေ့လာမိသေးမီက စိန်နားပန်မီးပုံးပျံပေါ်မှ
မီးရောင်များကို လျှပ် စစ်မီးသီးများအဖြစ် ထင်မှတ်ခဲ့ဖူးပါသည်။ တ ကယ်တမ်း လေ့လာကြည့်သောအခါမှသာ
လျှပ် စစ်မီးသီးကဲ့သို့ အသင့်တပ်ဆင်နိုင်သည့် မီး သီးများမဟုတ်ဘဲ ပြိုင်ပွဲဝင်အဖွဲ့များ
ကိုယ်တိုင် ပြုလုပ်ထားသည့် မီးပုံးငယ် ကလေးများဖြစ် ကြောင်း သိလိုက်ရသဖြင့်အံ့သြမှင်တက်သွား
မိသည်။ လေအဟုန်တွင် တရွေ့ရွေ့သွားနေမည့် မီးပုံးပျံပေါ်တွင် လေတိုက်သည်နှင့် ငြိမ်းသွားနိုင်
သည့် မီးတိုင်များကို မငြိမ်းစေရန် စီမံနိုင်ရုံ သာမက၊ အနုစိတ်လက်ရာများဖြင့် ပုံဖော်အလှ
ဆင်နိုင်ခြင်းကိုကြည့်ကာ ဂုဏ်ယူဝမ်းမြောက် စိတ်လည်းဖြစ်မိပါသည်။ စိန်နားပန်တွင် မီး
ပုံးပေါ်နှင့် အောက်ဆွဲ၌ မီးပုံးငယ်ကလေးများ ထောင်ပေါင်းများစွာ ပါဝင်လေ့ရှိပြီး မီးပုံးပေါ်ရှိ
မီးပုံးငယ်ကလေးများကို ဆီမီးထွန်းညှိရာတွင် မြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်လေ
သည်။ မီးပုံးပျံ မှိုင်းပြည့်လာသည်နှင့်အမျှ မီး ပုံးသည် အထက်သို့ ထောင်မတ်သွားမည် ဖြစ်လေရာ
ထိုသို့ထောင်မတ်မသွားမီ မီးပုံးငယ် ကလေးများတွင် ဆီမီးအပြီးထွန်းညှိထားရန် လိုအပ်လေသည်။
စိန်နားပန်မီးပုံးပျံ များကို ခေါင်အချင်း ၁၈ ပေမှ ပေ ၂ဝ အတွင်း ပြုလုပ် လေ့ရှိပြီး
မီးပုံးငယ်ကလေးများဖြင့် ပုံဖော်ဆန်း သစ်နိုင်မှု၊ ဆီမီးအရောင်အသွေး စုံလင်လှပမှုနှင့်
အောက်ဆွဲပုံများ ပုံပေါ်အသက်ဝင်မှုတို့သည် စိန်နားပန်၏အသက်လည်း ဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသည်တစ်ဦးကမူ
သူသည် ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့စဉ်က မီးပုံးပျံလွှတ်တင်သည်ကို မြင်ခဲ့ဖူးကြောင်း
သို့ သော်လည်း တောင်ကြီးမီးပုံးပျံပွဲတွင်မူ တိ ရစ္ဆာန်ရုပ်ပုံမီးပုံးပျံများ၊ အိမ်တစ်လုံးစာနီးပါး
ကြီးမားလှသည့် မီးပုံးပျံကြီးများကို အနုစိတ် ပန်းချီလက်ရာများဖြင့် ပုံဖော်ထားပြီး
မီးပုံး ငယ်ကလေးများ ချိတ်ဆွဲထားသည့် စိန်နား ပန်မီးပုံးပျံများ၊ ကိုယ်ထည်ကြီးမားရုံသာမက
မီးပုံးပျံတွင် ယမ်းကဒ်များ၊ ဗျောက်အိုးများ ချိတ်ဆွဲထားပြီး ကောင်းကင်ယံထက်ဝယ်လှပ
စွာ ထွက်ပေါ်လာသော မီးရှူးမီးပန်းများကို မြင်ရသည်မှာ တစ်ခါမျှမကြုံဖူးသည့် အံ့သြမင်
သက်ဖွယ် ပွဲတော်တစ်ခုဖြစ်ကြောင်း ပြန်လည် မျှဝေထားပါသည်။
မီးပုံးပျံပြိုင်ပွဲတွင် ရင်သပ်ရှုမောဖွယ်အ ကောင်းဆုံးနှင့် ပရိသတ်စိတ်အဝင်စားဆုံး
မှာ ညမီးကြီး မီးပုံးပျံများပင် ဖြစ်ပါသည်။ ည မီးကြီးမီးပုံးပျံတစ်လုံးအတွက် ၂-၃ လခန့်
အ ချိန်ယူကာ ပြင်ဆင်ရလေ့ရှိပြီး ကုန်ကျစရိတ် အများဆုံး အမျိုးအစားလည်း ဖြစ်ပါသည်။ ဤ
အမျိုးအစားသည် မီးပုံးပျံပြုလုပ်သည့် ပညာ သာမက ယမ်းစပ်သည့်ပညာ၊ အချိန်အဆ၊ တီထွင်ကြံဆမှု၊
ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်း ကျင်မှုတို့ လိုအပ်ကာအချိန် အများဆုံးယူရ သည့် အမျိုးအစားလည်းဖြစ်ပါသည်။
ညမီး ကြီးမီးပုံးပျံကို ခေါင်အချင်း ၂၃ ပေ မှ ၂၅ ပေ အထိ ပြုလုပ်ကြလေ့ရှိပြီး ကုန်ကျငွေမှာလည်း
ကျပ်သိန်း ၄ဝ မှ ၅ဝ ဝန်းကျင်အထိ ရှိတတ် လေသည်။ ယမ်းများကို ကိုယ်တိုင်စပ်ယူကာ အရောင်အမျိုးမျိုးဖန်တီးကြလေ့ရှိပြီး
မီးရှူးမီး ပန်းအမျိုးမျိုးကို ကိုယ်ပိုင်တီထွင်မှုဖြင့်ပုံဖော် ကြလေ့ရှိသည်။ အရောင်များကို
စပ်ယူရာတွင် ငွေမှင်ရောင်မှာ အခက်ခဲဆုံးဖြစ်ပြီး ညတွင်းချင်း ပြီးအောင် စပ်ရလေသည်။
နေရောင်ထိသည်နှင့် ပေါက်ကွဲတတ်သောကြောင့် အလွန်သတိထား ရသော်လည်း စွန့်စားမှု၊ ကျွမ်းကျင်မှုတို့သည်
အောင်မြင်မှုကို ဆောင်ကြဉ်းလာခဲ့ချည်းသည် သာဖြစ်ပါ၏။ ယမ်းကဒ်၊ ဗုံးကဒ်များ ပြုလုပ်ရန်
တစ်လက်မအရွယ် စက္ကူကလေးများကိုလိပ် ကာ ယမ်းမှုန့်များဖြည့်ရပါသည်။ ထိုသို့ ယမ်း ဖြည့်စဉ်ကပင်
အရောင်များကို မှတ်သားခွဲခြား ထားရလေသည်။ မီးပုံးပျံတစ်လုံးလျှင် ထိုသို့ သော ယမ်းအလိပ်ကလေးများ
၇ဝဝဝ မှ ၈ဝဝဝ ဝန်းကျင်ခန့်အထိ အသုံးပြုရသည့်အတွက် ပြိုင်ပွဲဝင်များအနေဖြင့် မည်မျှလုပ်အားစိုက်
ထားရမည် ဆိုသည်မှာ တွေးကြည့်ရုံဖြင့် သိ သာနေလေသည်။ ပြိုင်ပွဲစည်းကမ်းအရ ယမ်း မှုန့်
ပိဿာ ၄ဝ အသုံးပြုခွင့်ပေးထားပြီး ကောင်း ကင်ယံတွင်မီးရှူးမီးပန်းများ မည်မျှလှပစွာထွက်
ပေါ်လာမည်ဆိုသည်မှာဖန်တီးသူများ၏ တီထွင် ကြံဆမှုအပေါ်တွင် မူတည်နေပါ၏။ မီးရှူးမီး ပန်းများသည်
ကောင်းကင်ယံ ပေ ၃ဝဝ တွင် စတင်ယမ်းချရမည်ဖြစ်သည်။ ငါးကလေးများ ကူးခတ်သွားသကဲ့သို့ လူးလွန့်ကာ
လှစ်ခနဲ ဖြာထွက်သွားသော မီးရှူးမီးပန်းများ၊ ခိုပျံဟု ခေါ်သည့် ခိုကလေးများ ပျံသန်းသွားသကဲ့သို့
ဝေ့ဝဲပျံတက်သွားစေသည့် မီးရှူးမီးပန်းများ၊ ရေတံခွန်ကဲ့သို့ ကြွေဆင်းဖြာကျလာသည့် မီး
ရှူးမီးပန်းများ၊ ပုလဲလုံးကလေးများသကဲ့သို့ တောက်ပစွာ အလုံးလိုက် ကျလာသည့် ပုလဲ ဗျောက်
စသဖြင့် အမျိုးအစားပေါင်း ၇ဝ ကျော် ရှိရာတွင် မိမိဥာဏ်စွမ်းရှိသလို အသုံးပြုကာ ဖန်တီးပြီး
ကောင်းကင်တွင်လှပစွာ ထွက်ပေါ် လာစေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ¤င်းမီးပုံးပျံ ပြိုင်ပွဲများသည်
မီးပုံးပျံအလှကို ပြိုင်ရုံသက် သက် သာမဟုတ်ဘဲ အချိန်၊ ငွေကြေး၊ ဂုဏ် သိက္ခာ၊ ခွန်အား၊
တီထွင်ကြံဆနိုင်စွမ်းနှင့်မျှော် လင့်ချက်တို့ဖြင့် အသက်သွင်းထားသောပြိုင် ပွဲဟုဆိုလျှင်လည်း
မှားမည်မဟုတ်ပေ။ ထို့ ကြောင့်ပင် တောင်ကြီးမီးပုံးပျံပွဲကို ယူနက်စကို ၏ ဒြပ်မဲ့ယဉ်ကျေးမှု
အမွေအနှစ် (ှုညအညေါငဘူန ဃကူအကမေူံနမငအေါန ဒှုဃံဒ) အဖြစ် အသိအ မှတ်ပြုရန် တင်ပြထားပြီလည်း
ဖြစ်ပါသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် နောက်ထပ်ထူးခြားမှုတစ်ခုမှာ
မီးအလှပဒေသာ ပြုလုပ်ပူဇော်ပွဲ ဖြစ်ပါသည်။ အသင်းအဖွဲ့အ လိုက်၊ ရပ်ကွက်အလိုက်ဖန်တီးပြုလုပ်ထား
သော မီးအလှပဒေသာပင်များကို မြို့တွင်းသို့ လှည့်လည်ကြရာ အဖွဲ့တိုင်း၏ဖန်တီးမှုများ မှာ
လှပလွန်းပြီး၊ ရင်သပ်ရှုမောဖွယ် ဖြစ်သ ကဲ့သို့ ကြည်နူးဆွတ် ပျံ့ဖွယ်လည်းဖြစ်ပါသည်။ တောင်ကြီး
တန်ဆောင်တိုင်ပွဲ၏ အထူးခြား ဆုံးအချက်မှာ မီးပုံးပျံပွဲဖြစ်စေ၊ မီးအလှပဒေ သာပွဲဖြစ်စေ
ပြည်ပမှ အသင့်ပြုလုပ်ထားသော ပစ္စည်းများ မနေိပာေိန ကို အသုံးပြုခြင်းမရှိဘဲ ရိုးရာယဉ်
ကျေးမှုကို အခြေခံကာ ကိုယ်ပိုင်တီ ထွင်မှု၊ ကိုယ်ပိုင်ခွန်အားတို့ဖြင့် ပြုလုပ်သော ရိုးရာစစ်စစ်
ဖြစ်ခြင်းပင်တည်း။ မီးအလှပဒေ သာများတွင် ကြာပွင့်ပုံ၊
ပန်းပုံတို့ ပြုလုပ်ထား သော အလှကိုင် မီးပုံးငယ်ကလေးများနှင့် မီး ပုံးငယ်များစွာကို
ချိတ်ဆွဲအလှဆင်ကာ မြတ် စွာဘုရားရှင်၏ပုံတော်၊ ရိုးရာယဉ်ကျေးမှုဆိုင် ရာ ပုံများကို ဖော်ဆောင်ပြုလုပ်ထားသည့်
မီးပုံးပဒေသာ ပင်များအပြင် ရှမ်း၊ ဗမာ၊ ပ အိုဝ်း၊ ပလောင်၊ တောင်ရိုးနှင့် ကိုးကန့်အစရှိ
သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ရိုး ရာဝတ်စုံများ ဝတ်ဆင်ကာ ပါဝင်ဆင်နွှဲကြသည်
ကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
မသိုးသင်္ကန်း၊ ကြာရိုးသင်္ကန်းများကို ရက် လုပ်ပူဇော်ရာတွင်လည်း တိုင်းရင်းသားရိုးရာ
မသိုးသင်္ကန်း ရက်လုပ်ပုံများကို တွေ့မြင်ရမည် ဖြစ်ကာ နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုကို
ဖမ်းစားနိုင်သော မြင်ကွင်းဟုဆိုလျှင်လည်း မှားမည်မထင်ပေ။ ကိုယ်တိုင်ရက် လုပ်ပူဇော်
သော သင်္ကန်းများသည် မိမိ၏ ခွန်အားစိုက် ထုတ်မှုဖြင့် ပူဇော်ရာရောက်သကဲ့သို့ ရိုးရာ ရက်ကန်းပညာကို
လူအများအလယ်၌ ထုတ် ဖော်ပြသရာလည်းရောက်ကာ တစ်ဖက်တစ် လမ်းမှ ရိုးရာကို ထိန်းသိမ်းရာလည်း
ရောက် ပါသည်။ ဘုံကထိန်လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးအလှပဒေသာလှည့်လည်
ပူဇော်ပွဲ၊ မီးပုံးပျံပွဲ အားလုံးတို့တွင် မပါမဖြစ် ပါဝင်နေသော ယဉ်ကျေးမှုတစ်ခုမှာရှမ်းအိုးစည်
သံနှင့် ရှမ်းအက၊အလှများပင် ဖြစ်လေသည်။ ယဉ်ကျေးမှုအနုပညာဟူသည် လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံ၏
အသိဥာဏ်ဖွံဖြိုးမှု၊ တီထွင် ကြံဆနိုင်မှု၊ လူနေမှုအဆင့်အတန်း မြင့်မားမှု နှင့် သားစဉ်မြေးဆက်တိုင်အောင်
လက်ဆင့် ကမ်းနိုင်ခြင်း၏ ပြယုဂ်တစ်ခုလည်း ဖြစ်ပါ သည်။ ထိုသို့ရိုးရာယဉ် ကျေးမှုတစ်ရပ်ဖြစ်
သော ရှမ်းအိုးစည်သံသည် ကြားရသူအပေါင်း ကို မြူြး<ွကလာပြီး ပါဝင်ဆင်နွှဲချင်လာစေရန်
လှုံ့ဆော်နိုင်စွမ်း ရှိနေပါသည်။ ထိုမျှမကသေး ရှမ်းဓားသိုင်းအက၊ ရှမ်းရိုးရာ ကိန္ဒရီ
ကိန္ဒရာ အက၊ တိုးနယားအကအစရှိသည့် ရိုးရာအ ကအလှများကို ချစ်စဖွယ် မြင်တွေ့ရမည်လည်း ဖြစ်ပါသည်။
ထိုသို့ အံဖွယ်ဆန်းပြားမှုများ၊ တီထွင်ကြံ ဆမှုများ၊ ရိုးရာအမွေအနှစ်များဖြင့်
ပြည့် နှက်နေသည့် သမိုင်းအစဉ်အလာ ကြီးမား လှသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကြောင့်ပင်
မြန်မာနိုင်ငံကို ပို၍ လူသိ များလာ သကဲ့သို့ ခရီးသွား လုပ်ငန်းကိုလည်း ပိုမို၍ တိုးတက်
ကောင်းမွန်စေနိုင်ခဲ့လေသည်။ တန် ဆောင်တိုင် ပွဲတော်ရက်များတွင် ဟိုတယ် များ၌ ခရီးသွားများ
အပြည့်ဖြစ်ရုံသာမက ညောင်ရွှေကဲ့သို့ နီးစပ်ရာမြို့များမှာပင် တည်း ခိုကာ လာရောက်လည်ပတ်ကြသည်အထိ
များ ပြားလှသောကြောင့် အလွန်စည်ကားသကဲ့ သို့ မြို့ခံလူထုများအတွက်လည်း ဝင်ငွေတိုး တက်စေပါသည်။
အထူးသဖြင့် နိုင်ငံခြားခရီး သွားများပါ လာရောက်လည်ပတ်ခြင်းကြောင့် နိုင်ငံ၏ဝင်ငွေကိုလည်း
တိုးတက်စေကာ ကမ္ဘာ တွင် မြန်မာကို လူသိများလာစေရန်လည်း အထောက်အကူပြုနေပါသည်။ ကျော်ကြား
လူသိများလိုစိတ်ဖြင့် မီးပုံးပျံများကိုပြုလုပ်ကြ ခြင်း မဟုတ်ဘဲ ရိုးရာဓလေ့ကိုထိန်းသိမ်းခြင်း၊
တီထွင်ဖန်တီးမှုကို မြတ်နိုးခြင်းနှင့် စည်းလုံး ညီညွတ်မှုအားဖြင့် အံမခန်းလုပ်ဆောင်ချက်
များကပင် ကမ္ဘာအနှံ့တိုင်အောင် ပျံ့နှံ့သွားစေ ကာ လူသိများစေခဲ့ပြီး ကြိုးပမ်းအားထုတ်မှုများ
၏ ရလဒ်များအဖြစ် ပေါ်ထွက်လာခဲ့လေသည်။ တန်ဆောင်တိုင်ပွဲတော် နီးလာသည်နှင့် တောင် ကြီးမြို့ခံလူထုအားလုံးသည်
တက်ြ<ွကနေပြီး အ သင်းအဖွဲ့ အလိုက် စည်းလုံးညီညွတ်စွာ လုပ် ဆောင်ရင်း ဖန်တီးမှုများကို
စတင်ရန်အသင့် ဖြစ်နေကြလေသည်။ ထိုဖန်တီးမှုများဖြင့် မြတ် စွာဘုရားရှင်ကို ပူဇော်ရန်
စိတ်ရည်သန်နေကြ ပြီ ဖြစ်လေ၏။ ထို့အပြင် ဒေသအသီးသီးမှလာ ရောက်ဆင်နွှဲကြမည့် တိုင်းရင်းသားညီ
အစ်ကို မောင်နှမများ၊ ကမ္ဘာလှည့်ခရီးသည်များ၏ ရှေ့ မှောက်တွင် သူတို့၏ဖန်တီးမှုများကို
ဂုဏ်ယူ ဝံ့ကြွားစွာ ထုတ်ဖော်ပြသရန် တက်ြ<ွကနေကြ မည်သာ ဖြစ်လေသည်။
ကျွန်မဖတ်ရှုရဖူးသော ဆောင်းပါးတစ်ပုဒ် တွင် ရှမ်းအမျိုးသားတို့သည်
မိမိတို့ကိုယ်ကို ''တိုင်း''ဟု ခေါ်ဆိုကြသည်ဟု
ဆိုပါသည်။ ''တိုင်း'' ၏အဓိပ္ပါယ်မှာ တောက်ပခြင်းဟူသော
သဘောကို ဆောင်လေသည်။ ထိုအဓိပ္ပါယ်အ တိုင်းပင် ရှမ်းလူမျိုးတို့၏ ရိုးရာအမွေအနှစ်များ
သည် အမြဲတောက်ပထွန်းပြောင်နေမည် ဖြစ်သ ကဲ့သို့ ရှမ်းရိုးမ၏တန်ဆောင်တိုင်ညများသည် မီးပုံး၊
မီးရှူးများဖြင့် အစဉ်အမြဲ တောက်ပနေလိမ့် ဦးမည်ဟုပင် ယုံကြည်နေမိပါတော့သည်။
.
.
.
#KBZTai #Shan