ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်မှု ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံရန် တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်မှု ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံရန် တင်ပြထား



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ် မှုအတွက် အစိုးရက သတ်မှတ်ထား သည့်ဝန်ဆောင်ခ ကျပ်တစ်သိန်းခွဲမှ ခေတ်နှင့် လျော်ညီသော နှုန်းထားအ ဖြစ် ကျပ်နှစ်သိန်းခွဲသို့ တိုးမြှင့် ကောက်ခံခွင့်ပြုရန် မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်မှ အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း သိရသည်။
.
 
.
အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အေဂျင်စီများမှတဆင့် တရားဝင်သွား ရောက်သော မြန်မာလုပ်သားများ အား ကောက်ခံရန် အစိုးရက သတ် မှတ်ထားသော ဝန်ဆောင်ခအဖြစ် ငွေကျပ်တစ်သိန်းခွဲနှင့် ထိုင်းဘက် တွင် ပေးချေရသည့် ဘတ် ၄ဝဝဝ မှ ၁ဝဝဝဝ ခန့်အထိ ကောက်ခံနေ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဒေါ် လာဈေး မြင့်တက်လာမှုကြောင့် ခေတ်နှင့်လျော်ညီသော နှုန်းထား အဖြစ် မြန်မာကျပ်ငွေ နှစ်သိန်းခွဲ နှင့် ဘတ်တစ်သောင်းသို့ တိုးမြှင့် ကောက်ခံခွင့်ပြုရန် တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်မှု ဝန်ဆောင်ခ တိုးမြှင့် ကောက်ခံခွင့် ပြုရန် ဝန်ကြီးဌာနသို့ တင်ပြထား သည်မှာ ၂ လခန့်ရှိပြီဖြစ်သော်လည်း ယင်းကိစ္စအား ဝန်ကြီးဌာန အနေဖြင့် တစ်စုံတစ်ရာ အကြောင်းပြန်ကြား ခြင်း မရှိသေးကြောင်းလည်း သိရ သည်။
.
လက်ရှိတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားဦးရေ ခန့်မှန်း ၈ သိန်းကျော်ရှိပြီး ဝန်ကြီးဌာနက သတ်မှတ်သော ဝန်ဆောင်ခကျပ် တစ်သိန်းခွဲဖြင့် သွားရောက်ခွင့်ရသူ ဦးရေ နည်းပါးကာ ပွဲစားများဖြင့် ချိတ် ဆက်၍ သွားရောက်မှုကြောင့် အ စိုးရက သတ်မှတ်သော ဝန်ဆောင်ခ ထက် များစွာကုန်ကျလျက်ရှိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား ကူညီ ရေးအဖွဲ့များထံမှ သိရသည်။
.
မြန်မာ၊ ထိုင်း နှစ်နိုင်ငံ လုပ်သား စေလွှတ်ခွင့်ကို ၂ဝဝ၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှ စတင်ကာ အေဂျင်စီများက ပို့ဆောင်သည့်စနစ်ဖြင့် ဝန်ဆောင်ခ များ သတ်မှတ်၍ စတင်စေလွှတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats